ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်တာနဲ့ပွဲအတွက် အီတလီကို ခရီးထွက်ဖို့ ဂီတာဖေးအသင်း ငြင်းဆန်

Photo Credit

ဂီတာဖေးအသင်းအနေနဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ပ-အကျော့ပွဲစဉ်အဖြစ် အင်တာမီလန်နဲ့ကစားဖို့အတွက် မီလန်ကို ခရီးထွက်ခွာမှာမဟုတ်ဘူးလို့ သိရပြီး အသင်းဥက္ကဋ္ဌ အိန်ဂျယ်တောရက်စ်က ကိုရိုနာဗိုင်းရပ်စ်ဆိုးဆိုးရွားရွားခံစားနေရတဲ့ အီတလီနိုင်ငံကို သွားကာ သူ့ကစားသမားတွေ ကျန်းမာရေးအရ စွန့်စားရမှာမျိုး လုပ်ဆောင်မှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံမှာ လူပေါင်း ၉၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရပြီးနောက် အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက ပိတ်ဆို့ထိန်းချုပ်တဲ့ဧရိယာကို ထပ်မံတိုးမြှင့်ခဲ့ရပြီး ပြည်တွင်းအားကစားပြိုင်ပွဲအားလုံးကို ဧပြီလ ၃ရက်နေ့အထိ ပိတ်ပင်ခဲ့ပေမယ့် အင်တာမီလန်နဲ့ ဂီတာဖေးတို့ရဲ့ယူရိုပါလိဂ်ပွဲကိုတော့ တံခါးပိတ်ကျင်းပမှာဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ ဂီတာဖေးအသင်းဥက္ကဋ္ဌကတော့ သူ့အသင်းကို မီလန်မြို့ဆီ ခရီးထွက်ခွာခွင့်မပေးဘဲ အဲဒီလိုလုပ်မှုကြောင့် ပ-အကျော့ပွဲကို အရှုံးပေးရမယ်ဆိုရင်လည်း လက်သင့်ခံသွားမှာဖြစ်ကြောင်း ဆိုပါတယ်။ ”ဒီနေ့အထိ ဘာမှမပြောင်းလဲသေးဘူးဆိုရင်တော့ ဂီတာဖေးအသင်းလည်း အီတလီကို ခရီးထွက်ခွာမှာမဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့နေရာကို မသွားချင်ပါဘူး။ သွားဖို့လည်း မလိုအပ်ပါဘူး”

Photo Credit

”ပွဲကို ရွှေ့ဆိုင်းဖို့လည်း စပိန်ဘောလုံးအဖွဲ့ချုပ်ဆီ တောင်းဆိုထားပါတယ်။ ဒီလိုမကစားလို့ အရှုံးပေးရမယ်ဆိုရင်လည်း လက်သင့်ခံသွားမှာပါ။ အသင်းနဲ့ပတ်သက်သူအားလုံးကို ဘယ်သူမှ အရဲမစွန့်စေချင်ပါဘူး။ ဝန်ကြီးဌာနကို အီတလီသွားဖို့ စပယ်ရှယ်ပါမစ်တောင်းလို့ရတာမှန်ပေမယ့် ဘာတစ်ခုမှတောင်းဆိုသွားမှာမဟုတ်ပါဘူး။ ကိုယ်မသွားချင်တဲ့နေရာကို သွားမှာမဟုတ်ပါဘူး”

Photo Credit

”ဂီတာဖေးအနေနဲ့ အီတလီကို သွားမှာမဟုတ်ပါဘူး။ ဒီပွဲကို တခြားတစ်နိုင်ငံမှာ ပြောင်းလဲကျင်းပတာပဲဖြစ်ဖြစ် ရွှေ့ဆိုင်းတာပဲဖြစ်ဖြစ် မလုပ်ရင် ကစားမှာမဟုတ်ပါဘူး။ အဖြစ်သင့်ဆုံးကတော့ ပွဲကို ရွှေ့ဆိုင်းဖို့ပါပဲ”လို့ အိန်ဂျယ်တောရက်စ်က ပြောပါတယ်။

Photo Credit

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အင္တာနဲ႔ပဲြအတြက္ အီတလီကို ခရီးထြက္ဖို႔ ဂီတာေဖးအသင္း ျငင္းဆန္

ဂီတာေဖးအသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္ ပ-အေက်ာ့ပြဲစဥ္အျဖစ္ အင္တာမီလန္နဲ႔ကစားဖို႔အတြက္ မီလန္ကို ခရီးထြက္ခြာမွာမဟုတ္ဘူးလုိ႔ သိရၿပီး အသင္းဥကၠ႒ အိန္ဂ်ယ္ေတာရက္စ္က ကို႐ိုနာဗုိင္းရပ္စ္ဆုိးဆုိးရြားရြားခံစားေနရတဲ့ အီတလီႏိုင္ငံကုိ သြားကာ သူ႕ကစားသမားေတြ က်န္းမာေရးအရ စြန္႔စားရမွာမ်ိဳး လုပ္ေဆာင္မွာမဟုတ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။
ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ အီတလီႏိုင္ငံမွာ လူေပါင္း ၉၀၀၀ ေက်ာ္ ေရာဂါကူးစက္ခံခဲ့ရၿပီးေနာက္ အီတလီ၀န္ႀကီးခ်ဳပ္ ဂူဆက္ပီကြန္တီက ပိတ္ဆို႔ထိန္းခ်ဳပ္တဲ့ဧရိယာကို ထပ္မံတုိးျမႇင့္ခဲ့ရၿပီး ျပည္တြင္းအားကစားၿပိဳင္ပြဲအားလုံးကို ဧၿပီလ ၃ရက္ေန႔အထိ ပိတ္ပင္ခဲ့ေပမယ့္ အင္တာမီလန္နဲ႔ ဂီတာေဖးတုိ႔ရဲ႕ယူ႐ိုပါလိဂ္ပြဲကိုေတာ့ တံခါးပိတ္က်င္းပမွာျဖစ္ပါတယ္။
ဒါေပမဲ့ ဂီတာေဖးအသင္းဥကၠ႒ကေတာ့ သူ႕အသင္းကို မီလန္ၿမိဳ႕ဆီ ခရီးထြက္ခြာခြင့္မေပးဘဲ အဲဒီလုိလုပ္မႈေၾကာင့္ ပ-အေက်ာ့ပြဲကို အ႐ံႈးေပးရမယ္ဆုိရင္လည္း လက္သင့္ခံသြားမွာျဖစ္ေၾကာင္း ဆုိပါတယ္။ ”ဒီေန႔အထိ ဘာမွမေျပာင္းလဲေသးဘူးဆိုရင္ေတာ့ ဂီတာေဖးအသင္းလည္း အီတလီကို ခရီးထြက္ခြာမွာမဟုတ္ပါဘူး။ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနတဲ့ေနရာကို မသြားခ်င္ပါဘူး။ သြားဖို႔လည္း မလိုအပ္ပါဘူး”
”ပြဲကို ေရႊ႕ဆုိင္းဖို႔လည္း စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဆီ ေတာင္းဆုိထားပါတယ္။ ဒီလုိမကစားလုိ႔ အ႐ံႈးေပးရမယ္ဆိုရင္လည္း လက္သင့္ခံသြားမွာပါ။ အသင္းနဲ႔ပတ္သက္သူအားလုံးကို ဘယ္သူမွ အရဲမစြန္႔ေစခ်င္ပါဘူး။ ၀န္ႀကီးဌာနကို အီတလီသြားဖို႔ စပယ္ရွယ္ပါမစ္ေတာင္းလုိ႔ရတာမွန္ေပမယ့္ ဘာတစ္ခုမွေတာင္းဆုိသြားမွာမဟုတ္ပါဘူး။ ကိုယ္မသြားခ်င္တဲ့ေနရာကို သြားမွာမဟုတ္ပါဘူး”
”ဂီတာေဖးအေနနဲ႔ အီတလီကို သြားမွာမဟုတ္ပါဘူး။ ဒီပြဲကို တျခားတစ္ႏိုင္ငံမွာ ေျပာင္းလဲက်င္းပတာပဲျဖစ္ျဖစ္ ေရႊ႕ဆုိင္းတာပဲျဖစ္ျဖစ္ မလုပ္ရင္ ကစားမွာမဟုတ္ပါဘူး။ အျဖစ္သင့္ဆုံးကေတာ့ ပြဲကို ေရႊ႕ဆုိင္းဖို႔ပါပဲ”လုိ႔ အိန္ဂ်ယ္ေတာရက္စ္က ေျပာပါတယ္။