ကိုရိုနာဗိုင်းရပ်စ်ကြောင့် နာပိုလီနဲ့အင်တာတို့ရဲ့ကိုပါဆီမီးပွဲလည်း ရွှေ့ဆိုင်းလိုက်ရပြန်

Photo Credit

Photo Credit

တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် တစ်ကမ္ဘာလုံးနီးပါးကို ပျံ့နှံ့နေပြီဖြစ်ရာ အီတလီဘောလုံးလောကလည်း ဆိုးဆိုးရွားရွားထိခိုက်ခံစားနေရပြီး အခုလည်း နာပိုလီနဲ့အင်တာမီလန်တို့ရဲ့ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒု-အကျော့ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရပြန်ပြီဖြစ်ပါတယ်။

Photo Credit

ဒီညမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့ရဲ့ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒု-အကျော့ပွဲစဉ်ကို ရွှေ့ဆိုင်းထားပြီးဖြစ်ကာ အခုလည်း အီတလီသတင်းဌာန ANSA ရဲ့ဖော်ပြချက်အရ ကြာသပတေးနေ့မှာ နေပယ်မြို့ရှိ ဆန်ပေါ်လိုကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နာပိုလီနဲ့ အင်တာမီလန်တို့ရဲ့ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ရကြောင်း သိရပါတယ်။

Photo Credit

ဥရောပနိုင်ငံတွေအနက် အီတလီက ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးထိခိုက်ခံစားနေရပြီး နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ခံစားရသူ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂ပတ်အတွင်း ဂျူဗင်တပ်စ်နဲ့အင်တာမီလန်တို့ရဲ့ အီတလီဒါဘီပဲအပါအဝင် စီးရီးအေပွဲစဉ်အများအပြားကိုလည်း ရွှေ့ဆိုင်းထားရပြီးဖြစ်ပါတယ်။

Photo Credit

ANSA သတင်းဌာနရဲ့ဖော်ပြချက်အရ အီတလီအစိုးရက လာမယ့်ရက်ပေါင်း ၃၀အတွင်း ကျင်းပမယ့် အားကစားပြိုင်ပွဲမှန်သမျှကို ဖျက်သိမ်းဖို့ ညွှန်ကြားထားပြီး ဘောလုံးပွဲတွေကိုတော့ ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပခွင့်ပေးထားပါတယ်။ ယနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ စီးရီးအေကောင်စီအစည်းအဝေးမတိုင်ခင် အင်တာမီလန်အသင်းစီအီးအို မာရော့တာက အသင်းဘက်က တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်မှန်သမျှကို လက်သင့်ခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

အင်တာမီလန်ဟာ ပ-အကျော့ အိမ်ကွင်းမှာ နာပိုလီကို ဝ-၁ ဂိုးနဲ့အရေးနိမ့်ထားပြီး နာပိုလီကွင်းလယ်လူ ဖေဘီယန်ရုဇ်က တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ အခုတော့ အင်တာမီလန်ဟာ တနင်္ဂနွေနေ့မှာ ရင်ဆိုင်ရမယ့် ဆက်ဆူအိုလိုနဲ့အဝေးကွင်းပွဲစဉ်ကို အပြည့်အဝအာရုံစိုက်ခွင့်ရရှိသွားပေမယ့် အဲဒီပွဲကလည်း စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်ပါ့မလားဆိုတာ အခုချိန်အထိ သဲသဲကွဲကွဲမသိရသေးပါဘူး။

Photo Credit

နာပိုလီကလည်း ယခုရက်သတ္တပတ်အကုန်မှာ ဗီရိုနာနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။ စီးရီးအေတစ်ခုတည်း ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံစားနေရတာမဟုတ်ဘဲ ဆွစ်ဇာလန်ပြည်တွင်းအမှတ်ပေးပွဲတွေအားလုံးကိုလည်း မတ်လ ၂၃ ရက်အထိ ကျင်းပဖို့ ပိတ်ပင်ထားပါတယ်။

Photo Credit

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ နာပိုလီနဲ႔အင္တာတုိ႔ရဲ႕ကိုပါဆီမီးပြဲလည္း ေရႊ႕ဆုိင္းလုိက္ရျပန္

တ႐ုတ္ႏိုင္ငံကေန စတင္ပ်ံ႕ႏွံ႔လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ အခုဆုိရင္ တစ္ကမၻာလုံးနီးပါးကို ပ်ံ႕ႏွံ႔ေနၿပီျဖစ္ရာ အီတလီေဘာလုံးေလာကလည္း ဆုိးဆုိးရြားရြားထိခုိက္ခံစားေနရၿပီး အခုလည္း နာပိုလီနဲ႔အင္တာမီလန္တုိ႔ရဲ႕ ကုိပါအီတာလီယာဖလား ဆီမီးဖုိင္နယ္ ဒု-အေက်ာ့ပဲြစဥ္ကို ေရႊ႕ဆုိင္းလုိက္ရျပန္ၿပီျဖစ္ပါတယ္။
ဒီညမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ေအစီမီလန္တုိ႔ရဲ႕ကုိပါအီတာလီယာဖလား ဆီမီးဖုိင္နယ္ ဒု-အေက်ာ့ပြဲစဥ္ကို ေရႊ႕ဆုိင္းထားၿပီးျဖစ္ကာ အခုလည္း အီတလီသတင္းဌာန ANSA ရဲ႕ေဖာ္ျပခ်က္အရ ၾကာသပေတးေန႔မွာ ေနပယ္ၿမိဳ႕ရွိ ဆန္ေပၚလိုကြင္းမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ နာပိုလီနဲ႔ အင္တာမီလန္တို႔ရဲ႕ပြဲစဥ္ကိုလည္း ေရႊ႕ဆုိင္းလုိက္ရေၾကာင္း သိရပါတယ္။
ဥေရာပႏိုင္ငံေတြအနက္ အီတလီက ကို႐ိုနာဗိုင္းရပ္စ္ အဆုိးရြားဆုံးထိခုိက္ခံစားေနရၿပီး ႏိုင္ငံအတြင္း ကုိ႐ိုနာဗုိင္းရပ္စ္ခံစားရသူ ၂၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့၂ပတ္အတြင္း ဂ်ဴဗင္တပ္စ္နဲ႔အင္တာမီလန္တို႔ရဲ႕ အီတလီဒါဘီပဲအပါအ၀င္ စီးရီးေအပဲြစဥ္အမ်ားအျပားကိုလည္း ေရႊ႕ဆုိင္းထားရၿပီးျဖစ္ပါတယ္။
ANSA သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အီတလီအစိုးရက လာမယ့္ရက္ေပါင္း ၃၀အတြင္း က်င္းပမယ့္ အားကစားၿပိဳင္ပဲြမွန္သမွ်ကို ဖ်က္သိမ္းဖို႔ ညႊန္ၾကားထားၿပီး ေဘာလုံးပဲြေတြကိုေတာ့ ပရိသတ္မပါဘဲ တံခါးပိတ္က်င္းပခြင့္ေပးထားပါတယ္။ ယေန႔ က်င္းပျပဳလုပ္ခဲ့တဲ့ စီးရီးေအေကာင္စီအစည္းအေ၀းမတိုင္ခင္ အင္တာမီလန္အသင္းစီအီးအို မာေရာ့တာက အသင္းဘက္က တာ၀န္ရွိသူေတြရဲ႕ လမ္းညႊန္ခ်က္မွန္သမွ်ကို လက္သင့္ခံသြားမယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။
အင္တာမီလန္ဟာ ပ-အေက်ာ့ အိမ္ကြင္းမွာ နာပိုလီကို ၀-၁ ဂိုးနဲ႔အေရးနိမ့္ထားၿပီး နာပိုလီကြင္းလယ္လူ ေဖဘီယန္႐ုဇ္က တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။ အခုေတာ့ အင္တာမီလန္ဟာ တနဂၤေႏြေန႔မွာ ရင္ဆုိင္ရမယ့္ ဆက္ဆူအုိလုိနဲ႔အေ၀းကြင္းပြဲစဥ္ကို အျပည့္အ၀အာ႐ုံစိုက္ခြင့္ရရွိသြားေပမယ့္ အဲဒီပဲြကလည္း စီစဥ္ထားတဲ့အတုိင္း က်င္းပႏုိင္ပါ့မလားဆုိတာ အခုခ်ိန္အထိ သဲသဲကြဲကြဲမသိရေသးပါဘူး။
နာပိုလီကလည္း ယခုရက္သတၱပတ္အကုန္မွာ ဗီ႐ိုနာနဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။ စီးရီးေအတစ္ခုတည္း ကို႐ိုနာဗုိင္းရပ္စ္ဒဏ္ခံစားေနရတာမဟုတ္ဘဲ ဆြစ္ဇာလန္ျပည္တြင္းအမွတ္ေပးပြဲေတြအားလုံးကိုလည္း မတ္လ ၂၃ ရက္အထိ က်င္းပဖို႔ ပိတ္ပင္ထားပါတယ္။