ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျူဗင်တပ်နဲ့အေစီတို့ရဲ့ကိုပါဆီမီးပွဲကို ရွှေ့ဆိုင်း

photo-gettyimages

photo-gettyimages

ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ရဲ့ကိုပါအီတာလီယာဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ အေစီမီလန်အိမ်ကွင်းကစားခဲ့တဲ့ ပထမအကျော့မှာတော့ စီရော်နယ်ဒိုရဲ့နောက်ကျပင်နယ်တီချေပဂိုးနဲ့အတူ ၁-၁ သရေရလဒ်ထွက်ပေါ်ထားတာပါ။ ဂျူဗင်တပ်အသင်းတာဝန်ရှိသူတွေနဲ့ တူရင်မြို့တော်ဝန်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ အခုလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

photo-gettyimages

ကိုရိုနာဗိုင်းရပ်စ်ဟာ အီတလီရဲ့ဘောလုံးပြက္ခဒိန်ကို ကမောက်ကမဖြစ်စေခဲ့ပြီး အဲဒါကြောင့် မကြာသေးခင်ရက်သတ္တပတ်တွေမှာ စီးရီးအေပွဲစဉ်အများအပြားကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့စနေ၊တနင်္ဂနွေမှာဆိုရင် ဂျူဗင်တပ်နဲ့အင်တာမီလန်တို့ရဲ့ပွဲကြီးပွဲကောင်းဟာ ရွှေ့ဆိုင်းခဲ့ရတဲ့ ပွဲစဉ် ၅ ပွဲထဲမှာ တစ်ပွဲအပါအဝင်ဖြစ်ခဲ့ပါတယ်။ အစတုန်းက အဲဒီပွဲကို တံခါးပိတ်ကျင်းပဖို့ လျာထားတာဖြစ်ပြီး နောက်ပိုင်းမှသာ ရွှေ့ဆိုင်းတဲ့အထိ ဖြစ်သွားခဲ့တာပါ။

photo-gettyimages

ဒီလိုမျိုး ပွဲစဉ်တွေကမောက်ကမဖြစ်ကုန်တာကို အင်တာမီလန်အသင်းဘက်က ကျေနပ်ခြင်းမရှိခဲ့ဘဲ အင်တာဥက္ကဌစတီဗင်ဇန်ကဆိုရင် စီးရီးအေပြိုင်ပွဲဥက္ကဌကို ပြင်းပြင်းထန်ထန်ဝေဖန်မှု လုပ်ခဲ့ပါတယ်။ လောလောဆယ်တော့ ကိုရိုနာဗိုင်းရပ်စ်ခံစားရတဲ့ဒေသတွေက အားကစားပွဲတွေအားလုံးကို မတ်လ ၈ ရက်နေ့အထိ ရွှေ့ဆိုင်းထားဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။ အဲဒါကြောင့် ဂျူဗင်တပ်ဆက်ကစားရမယ့် ဘိုလော့ဂ်နာနဲ့ပွဲဟာ လောလောဆယ် မကန်ဖြစ်တော့ပါဘူး။ ဒါ့အပြင် လာမယ့်စနေ၊တနင်္ဂနွေကစားမယ့် တခြားပွဲတွေဖြစ်တဲ့ အတ္တလန္တာ-လာဇီယို၊ အင်တာမီလန်-ဆက်ဆူအိုလို၊ ဗီရိုနာ-နာပိုလီပွဲတွေဟာလည်း ရွှေ့ဆိုင်းသွားပြီ ဖြစ်ပါတယ်။

[Zawgyi]

ကိုရုိနာဗိုင္းရပ္စ္ေၾကာင့္ ဂ်ဴဗင္တပ္နဲ႔ေအစီတို႔ရဲ႕ကိုပါဆီမီးပြဲကို ေရႊ႕ဆိုင္း

ဂ်ဴဗင္တပ္နဲ႔ ေအစီမီလန္တို႔ရဲ႕ကိုပါအီတာလီယာဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ကို ကိုရုိနာဗိုင္းရပ္စ္ေၾကာင့္ ေရႊ႕ဆိုင္းလိုက္ၿပီလို႔ သိရပါတယ္။ ေအစီမီလန္အိမ္ကြင္းကစားခဲ့တဲ့ ပထမအေက်ာ့မွာေတာ့ စီေရာ္နယ္ဒိုရဲ႕ေနာက္က်ပင္နယ္တီေခ်ပဂိုးနဲ႔အတူ ၁-၁ သေရရလဒ္ထြက္ေပၚထားတာပါ။ ဂ်ဴဗင္တပ္အသင္းတာ၀န္ရွိသူေတြနဲ႔ တူရင္ၿမိဳ႕ေတာ္၀န္တိုု႔ ေတြ႕ဆုံေဆြးေႏြးမႈအၿပီးမွာ အခုလိုဆုံးျဖတ္လုိက္တာ ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ဟာ အီတလီရဲ႕ေဘာလုံးျပကၡဒိန္ကုိ ကေမာက္ကမျဖစ္ေစခဲ့ၿပီး အဲဒါေၾကာင့္ မၾကာေသးခင္ရက္သတၱပတ္ေတြမွာ စီးရီးေအပြဲစဥ္အမ်ားအျပားကို ေရႊ႕ဆိုင္းခဲ့ရပါတယ္။ ၿပီးခဲ့တဲ့စေန၊တနဂၤေႏြမွာဆိုရင္ ဂ်ဴဗင္တပ္နဲ႔အင္တာမီလန္တို႔ရဲ႕ပြဲႀကီးပြဲေကာင္းဟာ ေရႊ႕ဆိုင္းခဲ့ရတဲ့ ပြဲစဥ္ ၅ ပြဲထဲမွာ တစ္ပြဲအပါအ၀င္ျဖစ္ခဲ့ပါတယ္။ အစတုန္းက အဲဒီပြဲကို တံခါးပိတ္က်င္းပဖို႔ လ်ာထားတာျဖစ္ၿပီး ေနာက္ပိုင္းမွသာ ေရႊ႕ဆုိင္းတဲ့အထိ ျဖစ္သြားခဲ့တာပါ။

ဒီလိုမ်ိဳး ပြဲစဥ္ေတြကေမာက္ကမျဖစ္ကုန္တာကို အင္တာမီလန္အသင္းဘက္က ေက်နပ္ျခင္းမရွိခဲ့ဘဲ အင္တာဥကၠဌစတီဗင္ဇန္ကဆိုရင္ စီးရီးေအၿပိဳင္ပြဲဥကၠဌကို ျပင္းျပင္းထန္ထန္ေ၀ဖန္မႈ လုပ္ခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ ကိုရိုနာဗိုင္းရပ္စ္ခံစားရတဲ့ေဒသေတြက အားကစားပြဲေတြအားလုံးကို မတ္လ ၈ ရက္ေန႔အထိ ေရႊ႕ဆိုင္းထားဖို႔ အစုိးရက အမိန္႔ထုတ္ျပန္ထားပါတယ္။ အဲဒါေၾကာင့္ ဂ်ဴဗင္တပ္ဆက္ကစားရမယ့္ ဘိုေလာ့ဂ္နာနဲ႔ပြဲဟာ ေလာေလာဆယ္ မကန္ျဖစ္ေတာ့ပါဘူး။ ဒါ့အျပင္ လာမယ့္စေန၊တနဂၤေႏြကစားမယ့္ တျခားပြဲေတြျဖစ္တဲ့ အတၱလႏၱာ-လာဇီယုိ၊ အင္တာမီလန္-ဆက္ဆူအိုလို၊ ဗီရုိနာ-နာပိုလီပြဲေတြဟာလည္း ေရႊ႕ဆိုင္းသြားၿပီ ျဖစ္ပါတယ္။