ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း ဖျက်သိမ်းရဖို့များနေ

Photo Credit

Photo Credit

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲကို ပုံမှန်အတိုင်း ကျင်းပဖို့ သင့်၊ မသင့်အတွက် အနီးကပ်စောင့်ကြည့်နေကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲကို ဇွန်လအတွင်း အီတလီနိုင်ငံမှာလည်း စတင်ကျင်းပမှာဖြစ်ပြီး အီတလီနိုင်ငံက ဥရောပနိုင်ငံတွေအနက် ကိုရိုနာဗိုင်းရပ်စ်ပိုး အဆိုးရွားဆုံးခံစားနေရတဲ့နိုင်ငံဖြစ်ပါတယ်။

Photo Credit

ယူအီးအက်ဖ်အေက ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတာဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းကလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ စည်းမျဉ်းတွေကို မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit

ယူအီးအက်ဖ်အေဒု-ဥက္ကဋ္ဌ မီချဲလ်ယူဗာက ”ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ စောင့်ကြည့်အနေအထားနဲ့ အနီးကပ်အသင့်အနေအထားမှာရှိနေပါတယ်။ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် အခြေအနေကို စောင့်ကြည့်နေပြီး ဘောလုံးကစားနည်းအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့အရေးပေါ်ထုတ်ပြန်မှုတွေကို မဖြစ်မနေလိုက်နာရမှာဖြစ်ပါတယ်။ တကယ်လို့ အခြေအနေက ပိုဆိုးရွားလာရင်တော့ ယူရို ၂၀၂၀ ပြိုင်ပွဲကို ဖျက်သိမ်းရုံပဲရှိပါတော့တယ်”လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

ယူရို ၂၀၂၀ ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဥရောပနိုင်ငံအများစုမှာ ကျင်းပမှာဖြစ်ပြီး ဇွန်လ ၁၂ရက်နေ့ကနေ ဇူလိုင် ၁၂ရက်နေ့အထိ တစ်လတာကျင်းပမှာဖြစ်ပါတယ်။ အီတလီဘောလုံးလောကက အဆိုးရွားဆုံးထိခိုက်နေရပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့အပတ်က စီးရီးအေပွဲစဉ်အများအပြားကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

Photo Credit

နောက်ပြီး အင်တာမီလန်အသင်းနဲ့ လူဒိုဂိုရက်စ်တို့ရဲ့ယူရိုပါလိဂ် ၃၂သင်းအဆင့် ဒု-အကျော့ပွဲကိုလည်း မီလန်မှာ ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပခဲ့ရပြီး တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်ပွဲအပါအဝင် ယခုတစ်ပတ်အကုန်မှာ ကျင်းပမယ့် စီးရီးအေပွဲစဉ် ၅ပွဲကိုလည်း ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ကုိ႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပဲြကိုလည္း ဖ်က္သိမ္းရဖို႔မ်ားေန

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(ယူအီးအက္ဖ္ေအ)က တစ္ကမၻာလုံးမွာ ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကုိ ပုံမွန္အတုိင္း က်င္းပဖို႔ သင့္၊ မသင့္အတြက္ အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို ဇြန္လအတြင္း အီတလီႏိုင္ငံမွာလည္း စတင္က်င္းပမွာျဖစ္ၿပီး အီတလီႏိုင္ငံက ဥေရာပႏိုင္ငံေတြအနက္ ကို႐ိုနာဗိုင္းရပ္စ္ပိုး အဆုိးရြားဆုံးခံစားေနရတဲ့ႏိုင္ငံျဖစ္ပါတယ္။
ယူအီးအက္ဖ္ေအက ကို႐ိုနာဗိုင္းရပ္စ္ဟာ လက္ရွိအခ်ိန္မွာ တစ္ကမၻာလုံးကို ၿခိမ္းေျခာက္ေနတာျဖစ္ေၾကာင္း၊ ေဘာလုံးအားကစားနည္းကလည္း သက္ဆုိင္ရာႏိုင္ငံေတြရဲ႕ စည္းမ်ဥ္းေတြကို မျဖစ္မေနလုိက္နာရမွာျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
ယူအီးအက္ဖ္ေအဒု-ဥကၠ႒ မီခ်ဲလ္ယူဗာက ”ကၽြန္ေတာ္တုိ႔ဟာ လက္ရွိအခ်ိန္မွာ ေစာင့္ၾကည့္အေနအထားနဲ႔ အနီးကပ္အသင့္အေနအထားမွာရွိေနပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီအလုိက္ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ေဘာလုံးကစားနည္းအေနနဲ႔ သက္ဆုိင္ရာႏုိင္ငံေတြရဲ႕အေရးေပၚထုတ္ျပန္မႈေတြကို မျဖစ္မေနလုိက္နာရမွာျဖစ္ပါတယ္။ တကယ္လုိ႔ အေျခအေနက ပိုဆုိးရြားလာရင္ေတာ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို ဖ်က္သိမ္း႐ုံပဲရွိပါေတာ့တယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပႏိုင္ငံအမ်ားစုမွာ က်င္းပမွာျဖစ္ၿပီး ဇြန္လ ၁၂ရက္ေန႔ကေန ဇူလုိင္ ၁၂ရက္ေန႔အထိ တစ္လတာက်င္းပမွာျဖစ္ပါတယ္။ အီတလီေဘာလုံးေလာကက အဆုိးရြားဆုံးထိခုိက္ေနရၿပီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ၿပီးခဲ့တဲ့အပတ္က စီးရီးေအပဲြစဥ္အမ်ားအျပားကို ေရႊ႕ဆုိင္းလိုက္ရပါတယ္။
ေနာက္ၿပီး အင္တာမီလန္အသင္းနဲ႔ လူဒုိဂိုရက္စ္တုိ႔ရဲ႕ယူ႐ိုပါလိဂ္ ၃၂သင္းအဆင့္ ဒု-အေက်ာ့ပဲြကိုလည္း မီလန္မွာ ပရိသတ္မပါဘဲ တံခါးပိတ္က်င္းပခဲ့ရၿပီး တနဂၤေႏြေန႔မွာ က်င္းပမယ့္ ဂ်ဴဗင္တပ္စ္နဲ႔ အင္တာမီလန္ပဲြအပါအ၀င္ ယခုတစ္ပတ္အကုန္မွာ က်င္းပမယ့္ စီးရီးေအပြဲစဥ္ ၅ပဲြကိုလည္း ပရိသတ္မပါဘဲ တံခါးပိတ္က်င္းပရမွာျဖစ္ပါတယ္။