ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဂျူဗင်တပ်နဲ့အီတလီနောက်ခံလူရူဂါနီ

photo-daily mail

photo-gettyimages

အသင်းရဲ့အီတလီဗဟိုနောက်ခံလူဒန်နီရယ်ရူဂါနီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဂျူဗင်တပ်က ကြေညာလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရူဂါနီနဲ့ ဆက်စပ်မှုရှိသူတွေကိုလည်း စစ်ဆေးသွားမယ်လု့ိ ဂျူဗင်တပ်ရဲ့ကြေညာချက်ထဲမှာ ပါရှိပါတယ်။ ဒါ့အပြင် ရူဂါနီဟာ ကူးစက်ခံထားရပေမယ့် လက်ရှိမှာ ရောဂါလက္ခဏာမပြသေးဘူးလို့ သိရပါတယ်။

photo-PA Images

ဒါကြောင့်လည်း ရူဂါနီဟာ စီးရီးအေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံးကြယ်ပွင့်ကစားသမားဖြစ်လာခဲ့ပါတယ်။ ရူဂါနီဟာ ဒီရာသီမှာ ဂျူဗင်တပ်အတွက် ၇ ပွဲသာကစားပေးရသေးပြီး ပြီးခဲ့တဲ့တနင်္ဂနွေ တံခါးပိတ်ကစားခဲ့တဲ့ အင်တာမီလန်နဲ့စီးရီးအေပွဲမှာလည်း အသုံးမပြုတဲ့အရန်ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ ဂျူဗင်တပ်က ရူဂါနီရဲ့ဒီသတင်းဟာ သူတို့နဲ့ယှဉ်ပြိုင်ခဲ့တာ ရက်ပိုင်းသာရှိသေးတဲ့ အင်တာမီလန်ကိုလည်းရိုက်ခတ်ခဲ့ပြီး အသင်းသားတွေရဲ့လက်ရှိလှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ အင်တာကလည်း ကြေညာခဲ့ပါတယ်။

photo-social media

အင်တာဟာ ဂီတာဖေးနဲ့ယူရိုပါလိဂ်ဒုတိယအကျော့ကစားရမှာဖြစ်ပေမယ့် အဲဒီပွဲစဉ်က ရွှေ့ဆိုင်းသွားပါပြီ။ အခုလည်း နောက်တစ်ပတ်ကစားမယ့် ဂျူဗင်တပ်ရဲ့လိုင်ယွန်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ကို ယူအီးအက်ဖ်အေက ရွှေ့ဆိုင်းတော့မယ်လို့ သိရပါတယ်။ ရူဂါနီဟာ ပြီးခဲ့တဲ့တနင်္ဂနွေကပဲ အင်တာနိုင်ပွဲအတွက် စီရော်နယ်ဒိုအပါအဝင် အသင်းဖော်တွေနဲ့ အဝတ်အစားလဲခန်းအတွင်း အောင်ပွဲခံနေပုံကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တာပါ။ သူဟာ ဂျူဗင်တပ်နဲ့စီးရီးအေချန်ပီယံဆု ၄ ကြိမ်ရရှိခဲ့ပြီး အီတလီလက်ရွေးစင်အသင်းအတွက်လည်း ၇ ကြိမ်ကစားပေးထားကာ နိုင်ငံအသင်းမှာ နောက်ဆုံးပါခဲ့တာက ၂၀၁၈ ကဖြစ်ပါတယ်။

[Zawgyi]

ကုိရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ ဂ်ဴဗင္တပ္နဲ႔အီတလီေနာက္ခံလူရူဂါနီ

အသင္းရဲ႕အီတလီဗဟိုေနာက္ခံလူဒန္နီရယ္ရူဂါနီဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လုိ႔ ဂ်ဴဗင္တပ္က ေၾကညာလိုက္ပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ရူဂါနီနဲ႔ ဆက္စပ္မႈရွိသူေတြကိုလည္း စစ္ေဆးသြားမယ္လု႔ိ ဂ်ဴဗင္တပ္ရဲ႕ေၾကညာခ်က္ထဲမွာ ပါရွိပါတယ္။ ဒါ့အျပင္ ရူဂါနီဟာ ကူးစက္ခံထားရေပမယ့္ လက္ရွိမွာ ေရာဂါလကၡဏာမျပေသးဘူးလုိ႔ သိရပါတယ္။

ဒါေၾကာင့္လည္း ရူဂါနီဟာ စီးရီးေအမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရတဲ့ ပထမဆုံးၾကယ္ပြင့္ကစားသမားျဖစ္လာခဲ့ပါတယ္။ ရူဂါနီဟာ ဒီရာသီမွာ ဂ်ဴဗင္တပ္အတြက္ ၇ ပြဲသာကစားေပးရေသးၿပီး ၿပီးခဲ့တဲ့တနဂၤေႏြ တံခါးပိတ္ကစားခဲ့တဲ့ အင္တာမီလန္နဲ႔စီးရီးေအပြဲမွာလည္း အသုံးမျပဳတဲ့အရန္ကစားသမားအျဖစ္ ရွိေနခဲ့ပါတယ္။ ဂ်ဴဗင္တပ္က ရူဂါနီရဲ႕ဒီသတင္းဟာ သူတို႔နဲ႔ယွဥ္ၿပိဳင္ခဲ့တာ ရက္ပိုင္းသာရွိေသးတဲ့ အင္တာမီလန္ကိုလည္းရိုက္ခတ္ခဲ့ၿပီး အသင္းသားေတြရဲ႕လက္ရွိလႈပ္ရွားမႈအားလုံးကို ရပ္ဆိုင္းလိုက္ၿပီလို႔ အင္တာကလည္း ေၾကညာခဲ့ပါတယ္။

အင္တာဟာ ဂီတာေဖးနဲ႔ယူရိုပါလိဂ္ဒုတိယအေက်ာ့ကစားရမွာျဖစ္ေပမယ့္ အဲဒီပြဲစဥ္က ေရႊ႕ဆိုင္းသြားပါၿပီ။ အခုလည္း ေနာက္တစ္ပတ္ကစားမယ့္ ဂ်ဴဗင္တပ္ရဲ႕လိုင္ယြန္နဲ႔ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ကို ယူအီးအက္ဖ္ေအက ေရႊ႕ဆိုင္းေတာ့မယ္လုိ႔ သိရပါတယ္။ ရူဂါနီဟာ ၿပီးခဲ့တဲ့တနဂၤေႏြကပဲ အင္တာႏိုင္ပြဲအတြက္ စီေရာ္နယ္ဒိုအပါအ၀င္ အသင္းေဖာ္ေတြနဲ႔ အ၀တ္အစားလဲခန္းအတြင္း ေအာင္ပြဲခံေနပုံကို ဆိုရွယ္မီဒီယာေပၚ တင္ခဲ့တာပါ။ သူဟာ ဂ်ဴဗင္တပ္နဲ႔စီးရီးေအခ်န္ပီယံဆု ၄ ႀကိမ္ရရွိခဲ့ၿပီး အီတလီလက္ေရြးစင္အသင္းအတြက္လည္း ၇ ႀကိမ္ကစားေပးထားကာ ႏိုင္ငံအသင္းမွာ ေနာက္ဆုံးပါခဲ့တာက ၂၀၁၈ ကျဖစ္ပါတယ္။