ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ သီးသန့်နေရမယ့် စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြို့ကြီးအချို့မှာ လူဝင်၊လူထွက်ကိစ္စတွေကို တားမြစ်နေသလို၊ ဗိုင်းရပ်စ်အန္တရာယ်ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်း ရောဂါသံသယရှိသူတွေနဲ့ အဲဒီလူတွေနဲ့ထိတွေ့ခဲ့တဲ့သူတွေကိုသီးခြားနေထိုင်စေတာတွေရှိပါတယ်။

photo internet

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်တစ်ယောက်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ တောင်ကိုရီးယားကနေ ပြန်လာခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်အန္တရာယ်ကြိုတင်ကာကွယ်တဲ့အစီအစဉ်အရ ၂ ပတ်ခန့်သီးသန့်နေရဖွယ် ရှိနေပါတယ်။

photo internet

ဆွန်ဟောင်မင်ဟာ လက်မောင်းရိုးကျိုးဒဏ်ရာ ခွဲစိတ်ဖို့ တောင်ကိုရီးယားကိုသွားခဲ့တာဖြစ်ပါတယ်။ ဆွန်ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း အသေးစားဒဏ်ရာတစ်ခုနဲ့ပတ်သက်ပြီး မိခင်မြေကို ပြန်ခဲ့ပါသေးတယ်။ တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်မှာအကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၂ ပတ်လောက် အသင်းနဲ့ ခွဲခွာရတော့မှာ ဖြစ်ပါတယ်။

photo internet

စပါးအသင်းကတော့သူတို့ရဲ့အသင်းသားနဲ့ပတ်သက်ပြီးကျန်းမာရေးကောင်းမွန်နေတယ်လို့ယုံကြည်နေပါတယ်။ ရာသီမကုန်ခင်မှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်မယ်လို့ ယူဆထားကြပါတယ်။ စပါးအသင်းတာဝန်ရှိ သူတွေကတော့ ဆွန်ဟောင်မင်တစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ပြန့်နေတဲ့ တောင်ကိုရီးယားကနေ ပြန်လာခဲ့ပေမယ့် သူတို့ကစားသမားဟာ အဲဒီရောဂါကူးစက်မှာ မဟုတ်ကြောင်း ယုံကြည်နေပါတယ်။

photo internet

တရုတ်နိုင်ငံကနေစတင်ပြန့်နှံ့လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာအခုအချိန်မှာ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံ တွေအတွက်လည်း စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါပြီ။ ဂျပန်မှာဆိုရင်နေရာဒေသအချို့ကို ဝင်ထွက်သွားလာခွင့်ပိတ်ထားသလို၊ကျောင်းတွေလည်းမဖွင့်တော့ပါဘူး။ တောင်ကိုရီးယားမှာလည်း မျက်နှာဖုံးစွပ်တွေကို အကန့်အသတ်နဲ့သာရောင်းချပေးနေပါတော့တယ်။

photo internet

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ဖို႔ သီးသန္႔ေနရမယ့္ စပါးတုိက္စစ္မွဴး ဆြန္ေဟာင္မင္

တစ္ကမၻာလုံးကိုၿခိမ္းေျခာက္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ၿမိဳ႕ႀကီးအခ်ဳိ႕မွာ လူ၀င္၊လူထြက္ကိစၥေတြကို တားျမစ္ေနသလုိ၊ ဗိုင္းရပ္စ္အႏၱရာယ္ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔လည္း ေရာဂါသံသယရိွသူေတြနဲ႔ အဲဒီလူေတြနဲ႔ထိေတြ႕ခဲ့တဲ့သူေတြကိုသီးျခားေနထိုင္ေစတာေတြရိွပါတယ္။ စပါးအသင္းတိုက္စစ္မႉး ဆြန္ေဟာင္မင္တစ္ေယာက္လည္း ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ေတာင္ကိုရီးယားကေန ျပန္လာခဲ့တာေၾကာင့္ ကို႐ိုနာဗိုင္းရပ္အႏၲရာယ္ႀကိဳတင္ကာကြယ္တဲ့အစီအစဥ္အရ ၂ ပတ္ခန႔္သီးသန႔္ေနရဖြယ္ ရွိေနပါတယ္။

ဆြန္ေဟာင္မင္ဟာ လက္ေမာင္း႐ိုးက်ိဳးဒဏ္ရာ ခြဲစိတ္ဖို႔ ေတာင္ကိုရီးယားကိုသြားခဲ့တာျဖစ္ပါတယ္။ ဆြန္ဟာ ၂၀၁၇ ခုႏွစ္တုန္းကလည္း အေသးစားဒဏ္ရာတစ္ခုနဲ႔ပတ္သက္ၿပီး မိခင္ေျမကို ျပန္ခဲ့ပါေသးတယ္။ တိုက္စစ္မႉး ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္မွာအေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ၂ ပတ္ေလာက္ အသင္းနဲ႔ ခြဲခြာရေတာ့မွာ ျဖစ္ပါတယ္။

စပါးအသင္းကေတာ့သူတို႔ရဲ႕အသင္းသားနဲ႔ပတ္သက္ၿပီးက်န္းမာေရးေကာင္းမြန္ေနတယ္လို႔ယုံၾကည္ေနပါတယ္။ ရာသီမကုန္ခင္မွာ အသင္းနဲ႔အတူ ျပန္လည္ပူးေပါင္းႏိုင္မယ္လို႔ ယူဆထားၾကပါတယ္။ စပါးအသင္းတာဝန္ရွိသူေတြကေတာ့ ဆြန္ေဟာင္မင္တစ္ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ေနတဲ့ ေတာင္ကိုရီးယားကေန ျပန္လာခဲ့ေပမယ့္ သူတို႔ကစားသမားဟာ အဲဒီေရာဂါကူးစက္မွာ မဟုတ္ေၾကာင္း ယုံၾကည္ေနပါတယ္။

တရုတ္ႏိုင္ငံကေနစတင္ျပန္႔ႏွံ႕လာခဲ့တဲ့ ကိုရုိနာဗိုင္းရပ္စ္ဟာအခုအခ်ိန္မွာ ေတာင္ကိုရီးယားနဲ႔ဂ်ပန္ႏိုင္ငံေတြအတြက္လည္း စိုးရိမ္ရတဲ့အေျခအေနျဖစ္ေနပါၿပီ။ ဂ်ပန္မွာဆိုရင္ေနရာေဒသအခ်ဳိ႕ကို ၀င္ထြက္သြားလာခြင့္ပိတ္ထားသလုိ၊ေက်ာင္းေတြလည္းမဖြင့္ေတာ့ပါဘူး။ ေတာင္ကိုရီးယားမွာလည္း မ်က္ႏွာဖုံးစြပ္ေတြကို အကန္႔အသတ္နဲ႔သာေရာင္းခ်ေပးေနပါေတာ့တယ္။