ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ကြောက်လန့်ခဲ့တဲ့ ကန်တီ ချဲလ်ဆီးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်လာ

ချဲလ်ဆီးအသင်းကွင်းလယ်လူ ကန်တီဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်လာခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက်တော့ သတင်းကောင်းတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ကန်တီဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကိုစိုးရိမ်ခဲ့တဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး လေ့ကျင့်ခန်းမဆင်းဖို့ ရွေးချယ်ခဲ့သေးတာဖြစ်ပါတယ်။

ဒါကြောင့် ပြင်သစ်သားဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့သေးတာဖြစ်ကာ အင်္ဂါနေ့ကမှ အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းပြန်ဆင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သား လေ့ကျင့်ရေးခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့သေးပါတယ်။


ကန်တီဟာ ပြီးခဲ့တဲ့ကမှ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာဖြစ်ပေမယ့် တစ်ကိုယ်တည်းလေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းပရိသတ်တွေကတော့ အသင်းဟာ ထိပ်ဆုံးလေးသင်းနေရာအတွက် တိုက်ပွဲဝင်နေရချိန်မှာ ကန်တီမပါမှာကို ထိတ်လန့်နေကြပါတယ်။ လက်ရှိအချိန်မှာ ကန်တီတစ်ယောက်အသင်းနဲ့ပြန်လည်ပူးပေါင်းပါဝင်လာခဲ့တာဟာ လမ်းပတ် နဲ့ ချဲလ်ဆီးပရိသတ်တွေအတွက် သတင်းကောင်းတစ်ရပ်ဖြစ်လာခဲ့ပြီး အခြားသတင်းတွေကလည်း ကန်တီကို ချဲလ်ဆီးအသင်းက ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


The Sun သတင်းဌာနကတော့ ချဲလ်ဆီးအသင်းဟာ ဇီယက်ချ် နဲ့ တီမိုဝါနာတို့ကို ခေါ်ယူထားခဲ့တာကြောင့် ကန်တီ နဲ့ ဂျော်ဂျင်ဟိုတို့ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ အသက် ၂၉ နှစ်ကန်တီကိုခေါ်ယူဖို့ စိတ်ဝင်စားနေသေးတာဖြစ်ပါတယ်။


စပေါ့တ်မေးလ်သတင်းဌာနက ချဲလ်ဆီးအသင်းဟာ နောက်ထပ်ဘွန်ဒက်စ်လီဂါကြယ်ပွင့်တစ်ဦးဖြစ်တဲ့ လေဗာကူဆင်ကွင်းလယ်လူ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝီလီယံ နဲ့ ပက်ဒရိုတို့ထွက်ခွာမှာဖြစ်တာကြောင့် အဆိုပါနေရာမှာ လေဗာကူဆင်စတားနဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။


အသက် ၂၀ အရွယ်ကွင်းလယ်လူ ချဲလ်ဆီးအသင်းက အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး အခြားဥရောပကလပ်အသင်းတွေကလည်း လေဗာကူဆင်စတားကို စိတ်ဝင်စားနေပြီး ဂျာမန်ကလပ်အသင်းကတော့ ပေါင် ၇၅ သန်းတန်ကြေးသတ်မှတ်ထားတာဖြစ်ပါတယ်။