ကိုရိုနာကြောင့် လာလီဂါပြိုင်ပွဲကို အနည်းဆုံး ၂ ပတ် ရွှေ့ဆိုင်းလိုက်ပြီ

photo-daily mail

photo-gettyimages

ရီးရဲလ်မက်ဒရစ်အသင်းက အခြေအနေကြောင့် လာလီဂါပြိုင်ပွဲကို အနည်းဆုံး ၂ ပတ်ကြာရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်ရဲ့ဘတ်စ်ကတ်ဘောအသင်းက ကစားသမားတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့အတွက် ဘောလုံးအသင်းက ကစားသမားတွေရော ကလပ်ဝန်ထမ်းတွေပါ ၁၄ ရက်ကြာ တစ်ယောက်တည်းထား စောင့်ကြည့်ခံရတော့မှာပါ။

photo-gettyimages

ဒါကြောင့်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်၊ စပိန်က ဘောလုံးသမ္မဂနဲ့ လာလီဂါအဖွဲ့ချုပ်တို့ဟာ တွေ့ဆုံဆွေးနွေးပြီး လာလီဂါပြိုင်ပွဲကို လာမယ့်ပွဲစဉ် ၂ ပွဲရွှေ့ဆိုင်းကြောင်း ကြေညာခဲ့တာပါ။ လာလီဂါဟာ လာမယ့်ပွဲတွေကစပြီး တံခါးပိတ်ကစားဖို့ အစောကတည်းက ကြေညာထားပြီးသားပါ။ ဒါပေမဲ့ အခုအပတ်နဲ့ မတ်လ ၂၁-၂၂ ကစားမယ့်ပွဲတွေကိုတော့ နောက်ဆုတ်လိုက်ပြီ ဖြစ်ပါတယ်။ ရီးရဲလ်ကစားသမားတွေကိုစောင့်ကြည့်ရက်ကုန်လွန်မှသာ လာလီဂါကိုပြန်စ၊မစ လေ့လာဆုံးဖြတ်ကြမှာပါ။

photo-br football

မကြာသေးခင်ကလည်း စီးရီးအေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာမယ့်ဧပြီလတိုင်အောင် ပြိုင်ပွဲကိုရပ်ဆိုင်းထားပါတယ်။ ဒါကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ လက်ရှိကျင်းပနေတာဆိုလို့ ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူး-၁ တို့သာ ရှိပါတယ်။ အီတလီနဲ့စပိန်တို့က အနေအထားတွေကြောင့် လက်ရှိကျင်းပနေတဲ့ထိပ်တန်းလိဂ်တွေဟာလည်း အခြေအနေမကောင်းတော့ပါဘူး။ ဘွန်ဒက်စ်လီဂါတောင် ပြိုင်ပွဲရွှေ့ဆိုင်းသွားနိုင်တဲ့သတင်းတွေ ထွက်နေတာပါ။

[Zawgyi]

ကုိရိုနာေၾကာင့္ လာလီဂါၿပိဳင္ပြဲကို အနည္းဆုံး ၂ ပတ္ ေရႊ႕ဆိုင္းလုိက္ၿပီ

ရီးရဲလ္မက္ဒရစ္အသငး္က အေျခအေနေၾကာင့္ လာလီဂါၿပိဳင္ပြဲကို အနည္းဆုံး ၂ ပတ္ၾကာေရႊ႕ဆိုင္းလုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ ရီးရဲလ္ရဲ႕ဘတ္စ္ကတ္ေဘာအသင္းက ကစားသမားတစ္ေယာက္ဟာ ကုိရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတဲ့အတြက္ ေဘာလုံးအသင္းက ကစားသမားေတြေရာ ကလပ္၀န္ထမ္းေတြပါ ၁၄ ရက္ၾကာ တစ္ေယာက္တည္းထား ေစာင့္ၾကည့္ခံရေတာ့မွာပါ။

ဒါေၾကာင့္လည္း စပိန္ေဘာလံုးအဖြဲ႕ခ်ဳပ္၊ စပိန္က ေဘာလုံးသမၼဂနဲ႔ လာလီဂါအဖြဲ႕ခ်ဳပ္တို႔ဟာ ေတြ႕ဆုံေဆြးေႏြးၿပီး လာလီဂါၿပိဳင္ပြဲကို လာမယ့္ပြဲစဥ္ ၂ ပြဲေရႊ႕ဆုိင္းေၾကာင္း ေၾကညာခဲ့တာပါ။ လာလီဂါဟာ လာမယ့္ပြဲေတြကစၿပီး တံခါးပိတ္ကစားဖို႔ အေစာကတည္းက ေၾကညာထားၿပီးသားပါ။ ဒါေပမဲ့ အခုအပတ္နဲ႔ မတ္လ ၂၁-၂၂ ကစားမယ့္ပြဲေတြကိုေတာ့ ေနာက္ဆုတ္လုိက္ၿပီ ျဖစ္ပါတယ္။ ရီးရဲလ္ကစားသမားေတြကုိေစာင့္ၾကည့္ရက္ကုန္လြန္မွသာ လာလီဂါကိုျပန္စ၊မစ ေလ့လာဆုံးျဖတ္ၾကမွာပါ။

မၾကာေသးခင္ကလည္း စီးရီးေအဟာ ကုိရုိနာဗိုင္းရပ္စ္ေၾကာင့္ လာမယ့္ဧၿပီလတိုင္ေအာင္ ၿပိဳင္ပြဲကိုရပ္ဆိုင္းထားပါတယ္။ ဒါေၾကာင့္ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ လက္ရွိက်င္းပေနတာဆုိလုိ႔ ပရီးမီးယားလိဂ္၊ ဘြန္ဒက္စ္လီဂါနဲ႔ လီဂူး-၁ တို႔သာ ရွိပါတယ္။ အီတလီနဲ႔စပိန္တို႔က အေနအထားေတြေၾကာင့္ လက္ရွိက်င္းပေနတဲ့ထိပ္တန္းလိဂ္ေတြဟာလည္း အေျခအေနမေကာင္းေတာ့ပါဘူး။ ဘြန္ဒက္္စ္လီဂါေတာင္ ၿပိဳ္င္ပြဲေရႊ႕ဆိုင္းသြားႏိုင္တဲ့သတင္းေတြ ထြက္ေနတာပါ။