ကိုယ်လုံးကိုယ်ပေါက်အရ ပိုပြီးလေ့ကျင့်ရမယ်လို့ လူကာကူကို ကွန်တီသတိပေး

PC ; Internet

လက်ရှိကိုယ်လုံးကိုယ်ပေါက်အရ ကောင်းမွန်တဲ့ပုံစံဖြစ်ဖို့ ပိုပြီးလေ့ကျင့်မှဖြစ်မယ်လို့ တိုက်စစ်မှူးလူကာကူကို အင်တာမီလန်နည်းပြကွန်တီက သတိပေးလိုက်ပါတယ်။နွေဈေးကွက်မပိတ်ခင် မန်ယူကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ဘာစီလိုနာကိုရှုံးတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဂျူဗင်တပ်နဲ့အီတလီဒါဘီပွဲမှာတော့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ စီးရီးအေပြိုင်ဘက်ကြီးကို ၂-၁ဂိုးနဲ့အရှုံးပေးခဲ့ရတဲ့ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့သလို ကစားပုံလေးလံနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

PC ; Getty

အင်တာနည်းပြကွန်တီကလည်း သူ့ရဲ့တိုက်စစ်မှူးနဲ့ပတ်သက်ပြီး “ သူဟာ ဒီထက်ပိုပြီး သေချာပေါက်လေ့ကျင့်ရမယ့် ကစားသမားပါ။ဘာကြောင့်လဲဆိုတော့ ခနာကိုယ်ကြီးမားတဲ့ ကစားသမားမျိုးဟာ ကောင်းမွန်တဲ့ပုံစံရဖို့၊လေ့ကျင့်ဖို့၊ကစားနိုင်ဖို့ လိုအပ်လို့ပါပဲ။ သူ့မှာ အဲဒီလိုကိစ္စမျိုး အခုလိုရာသီအစပိုင်းမှာပဲရှိနေခဲ့ပါတယ်။လက်ရှိအချိန်မှာ သူဟာ တစ်ခြားကြီးမားတဲ့ကြွက်သားအုပ်စုပြသနာတွေကိုလည်း လာဇီယိုနဲ့ပွဲကတည်းက ကြိုးစားဖြေရှင်းနေပါတယ်။ဒါပေမဲ့ သူ့အနေနဲ့ အရာအားလုံးပေးရမယ်လို့ ကျွန်တော်ထင်ပါတယ်။ဒါ ရှောင်လွှဲလို့မရနိုင်ပါဘူး။ဘာစီလိုနာနဲ့ပွဲမှာ ကျွန်တော်တို့အတွက် လူကာကူမရှိခဲ့ပါဘူး။သူရှိနေဖို့ အရေးကြီးခဲ့တာပါ။ဘာပဲဖြစ်ဖြစ် ဒီနေ့ပွဲမှာတော့ လူကာကူဟာ သိပ်ကိုကစားသမားပီသခဲ့ပါတယ်။သူ့ရဲ့အကောင်းဆုံးပုံစံကိုရဖို့ ကြိုးစားခဲ့တယ်။လက်ရှိအခက်အခဲတွေကို သူ ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ”လို့ ကွန်တီက ပြောဆိုသွားခဲ့ပါတယ်။

PC ; Internet

ပြီးခဲ့တဲ့ သြဂုတ်လမှာ မန်ယူကနေ ပေါင် ၇၃သန်းနဲ့ရောက်ရှိလာတဲ့ လူကာကူဟာ အင်တာအတွက် ၃ဂိုးသွင်းပေးထားပါတယ်။

(zawgyi)

လက္ရွိကိုယ္လံုးကိုယ္ေပါက္အရ ေကာင္းမြန္တဲ့ပံုစံျဖစ္ဖို႔ ပိုၿပီးေလ့က်င့္မွျဖစ္မယ္လို႔ တိုက္စစ္မွဴးလူကာကူကို အင္တာမီလန္နည္းျပကြန္တီက သတိေပးလိုက္ပါတယ္။ေႏြေစ်းကြက္မပိတ္ခင္ မန္ယူကေန အသင္းစံခ်ိန္တင္ေျပာင္းေရႊ႔ေၾကးနဲ႔ေခၚယူခဲ့တဲ့ ဘယ္လ္ဂ်ီယံတိုက္စစ္မွဴးဟာ ဘာစီလိုနာကိုရံႈးတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၾကြက္သားဒဏ္ရာေၾကာင့္ မပါ၀င္ႏိုင္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္နဲ႔အီတလီဒါဘီပြဲမွာေတာ့ ပြဲထြက္ခြင့္ရခဲ့ပါတယ္။ဒါေပမဲ့ စီးရီးေအၿပိဳင္ဘက္ႀကီးကို ၂-၁ဂိုးနဲ႔အရံႈးေပးခဲ့ရတဲ့ပြဲစဥ္မွာ ေျခစြမ္းမျပႏိုင္ခဲ့သလို ကစားပံုေလးလံေနတယ္ဆိုတဲ့ ေ၀ဖန္မႈေတြလည္းထြက္ေပၚခဲ့ပါတယ္။အင္တာနည္းျပကြန္တီကလည္း သူ႔ရဲ႕တိုက္စစ္မွဴးနဲ႔ပတ္သက္ၿပီး “ သူဟာ ဒီထက္ပိုၿပီး ေသခ်ာေပါက္ေလ့က်င့္ရမယ့္ ကစားသမားပါ။ဘာေၾကာင့္လဲဆိုေတာ့ ခႏာကိုယ္ႀကီးမားတဲ့ ကစားသမားမ်ိဳးဟာ ေကာင္းမြန္တဲ့ပံုစံရဖို႔၊ေလ့က်င့္ဖို႔၊ကစားႏိုင္ဖို႔ လိုအပ္လို႔ပါပဲ။ သူ႔မွာ အဲဒီလိုကိစၥမ်ိဳး အခုလိုရာသီအစပိုင္းမွာပဲရွိေနခဲ့ပါတယ္။လက္ရွိအခ်ိန္မွာ သူဟာ တစ္ျခားႀကီးမားတဲ့ၾကြက္သားအုပ္စုျပသနာေတြကိုလည္း လာဇီယိုနဲ႔ပြဲကတည္းက ႀကိဳးစားေျဖရွင္းေနပါတယ္။ဒါေပမဲ့ သူ႔အေနနဲ႔ အရာအားလံုးေပးရမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ဒါ ေရွာင္လႊဲလို႔မရႏိုင္ပါဘူး။ဘာစီလိုနာနဲ႔႔ပြဲမွာ ကၽြန္ေတာ္တို႔အတြက္ လူကာကူမရွိခဲ့ပါဘူး။သူရွိေနဖို႔ အေရးႀကီးခဲ့တာပါ။ဘာပဲျဖစ္ျဖစ္ ဒီေန႔ပြဲမွာေတာ့ လူကာကူဟာ သိပ္ကိုကစားသမားပီသခဲ့ပါတယ္။သူ႔ရဲ႕အေကာင္းဆံုးပံုစံကိုရဖို႔ ႀကိဳးစားခဲ့တယ္။လက္ရွိအခက္အခဲေတြကိ္ု သူ ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ”လို႔ ကြန္တီက ေျပာဆိုသြားခဲ့ပါတယ္။ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ မန္ယူကေန ေပါင္ ၇၃သန္းနဲ႔ေရာက္ရွိလာတဲ့ လူကာကူဟာ အင္တာအတြက္ ၃ဂိုးသြင္းေပးထားပါတယ္။