
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးလောကမှာ အေးဂျင့်တွေခေတ် ကုန်ဆုံးတော့မှာလား မေးစရာဖြစ်လာပါပြီ။
လိုင်ယွန်အသင်း ခေါင်းဆောင်ဒီပေးဟာ အသင်းပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုတွေကို ကိုယ်တိုင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
လိုင်ယွန်မှာ ခြေစွမ်းပြသခဲ့ပြီး ဘာစီလိုနာရဲ့ ချဉ်းကပ်မှုကိုရရှိနေတဲ့ ဒီပေးဟာ မကြာခင်မှာ ညှိနှိုှုင်းမှုတွေပြုလုပ်ဖို့ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း သိပ်မကြာသေးတဲ့အချိန်မှာ အနာဂတ်အတွက် ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းက မန်စီးတီးနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုခဲ့တဲ့နေရာမှာ အေးဂျင့်မပါဝင်ခဲ့ဘဲ ကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ် ပြုလုပ်ခဲ့တဲ့ ကွင်းလယ်လူဒီဘရိုင်းရဲ့ လမ်းစဉ်ကို ဒီပိုင်းက နမူနာ ယူသွားဖို့ရှိနေပါတယ်။
အခြား မန်စီးတီးကစားသမားတစ်ဦးဖြစ်တဲ့ စတာလင်းကလည်း သူ့ရဲ့စာချုပ်ကိစ္စအတွက် အေးဂျင့်မထားဘဲ ကိုယ်ပိုင်အေဂျင်စီနဲ့ ပြုလုပ်သွားမယ်လို့ ကြေညာထားခဲ့ဖူးပါတယ်။
ဒါဟာ ဟာလန်းအပါအဝင် သူ့ရဲ့ ကစားသမားတွေကို လစာတွေ တနင့်တပိုး တောင်းဆိုပြီး ပြောင်းရွှေ့ကြေးတန်ဖိုးကိုလည်း မြှင့်တင်လေ့ရှိတဲ့ ရွိုင်အိုလာလို အေးဂျင့်တွေကြောင့်လည်း ကစာသမားတွေက သူတို့ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်လာကြတာ ဖြစ်နိုင်ပါတယ်။
ဒီပေးကို လိုင်ယွန်က စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေပေမယ့်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးဘဲ စာချုပ်က လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဒီရာသီမှာ လိုင်ယွန်အတွက် ဒီပေးဟာ ၃၈ ပွဲကစား ၂၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး နယ်သာလန်နည်းပြဟောင်း လက်ရှိ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက သူ့ကစားသမားကို ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။
အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဒီပေးအနေနဲ့ ကိုယ်တိုင်လုပ်ဆောင်သွားမှာဖြစ်တာကလည်း ဘာစီလိုနာအတွက် အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပြီး ခေါ်ယူရပိုမို အဆင်ပြေလာနိုင်ပါတယ်။
ဒီပေးက “ကျွန်တော့် ခရီးလမ်းအတွက် ကိုယ်တိုင်ပဲ ဆုံးဖြတ်သွားမှာပါ၊ ဒါကို အရင်ဆုံးသိထားစေချင်ပါတယ်၊
ဥပဒရေးရာကျွမ်းကျင်သူတွေရဲ့ ကျောထောက်နောက်ခံပြုထားမှု၊ ယုံကြည်စိတ်ချရတဲ့ ကျွန်တော့်လူတွေနဲ့အတူ ကျွန်တော့်အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်” လို့ ပြောဆိုသွားပါတယ်။
ဒီပေးဟာ လိုင်ယွန်အသင်းအတွက် ၁၇၆ ပွဲကစားပေးထားပြီး ၇၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ပြင်သစ်လိဂ်ရဲ့ အကောင်းဆုံးကစားသမား တွေထဲက တစ်ဦးလည်းဖြစ်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကိုယ္တိုင္ေအးဂ်င့္ လုပ္ၿပီး အသင္းေျပာင္းဖို႔ လုပ္ေဆာင္မယ့္ ဒီေပး
ေဘာလုံးေလာကမွာ ေအးဂ်င့္ေတြေခတ္ ကုန္ဆုံးေတာ့မွာလား ေမးစရာျဖစ္လာပါၿပီ။ လိုင္ယြန္အသင္း ေခါင္းေဆာင္ဒီေပးဟာ အသင္းေျပာင္းေ႐ႊ႕ဖို႔ ညႇိႏႈိင္းမႈေတြကို ကိုယ္တိုင္လုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။ လိုင္ယြန္မွာ ေျခစြမ္းျပသခဲ့ၿပီး ဘာစီလိုနာရဲ႕ ခ်ဥ္းကပ္မႈကိုရရွိေနတဲ့ ဒီေပးဟာ မၾကာခင္မွာ ညႇိႏႈိွုင္းမႈေတြျပဳလုပ္ဖို႔ရွိေနၿပီး ကစားသမားကိုယ္တိုင္ကလည္း သိပ္မၾကာေသးတဲ့အခ်ိန္မွာ အနာဂတ္အတြက္ ဆုံးျဖတ္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့လတုန္းက မန္စီးတီးနဲ႔ ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ေနရာမွာ ေအးဂ်င့္မပါဝင္ခဲ့ဘဲ ကိုယ္တိုင္ဆုံးျဖတ္ခ်က္ခ်မွတ္ ျပဳလုပ္ခဲ့တဲ့ ကြင္းလယ္လူဒီဘ႐ိုင္းရဲ႕ လမ္းစဥ္ကို ဒီပိုင္းက နမူနာ ယူသြားဖို႔ရွိေနပါတယ္။ အျခား မန္စီးတီးကစားသမားတစ္ဦးျဖစ္တဲ့ စတာလင္းကလည္း သူ႔ရဲ႕စာခ်ဳပ္ကိစၥအတြက္ ေအးဂ်င့္မထားဘဲ ကိုယ္ပိုင္ေအဂ်င္စီနဲ႔ ျပဳလုပ္သြားမယ္လို႔ ေၾကညာထားခဲ့ဖူးပါတယ္။
ဒါဟာ ဟာလန္းအပါအဝင္ သူ႔ရဲ႕ ကစားသမားေတြကို လစာေတြ တနင့္တပိုး ေတာင္းဆိုၿပီး ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးကိုလည္း ျမႇင့္တင္ေလ့ရွိတဲ့ ႐ြိဳင္အိုလာလို ေအးဂ်င့္ေတြေၾကာင့္လည္း ကစာသမားေတြက သူတို႔ကိုယ္တိုင္ ေ႐ြးခ်ယ္ဆုံးျဖတ္လာၾကတာ ျဖစ္ႏိုင္ပါတယ္။
ဒီေပးကို လိုင္ယြန္က စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဆႏၵရွိေနေပမယ့္လည္း လက္ရွိအခ်ိန္ထိ အဆင္မေျပေသးဘဲ စာခ်ဳပ္က လာမယ့္ ဇူလိုင္လ ၁ ရက္ေန႔မွာ ကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။ ဒီရာသီမွာ လိုင္ယြန္အတြက္ ဒီေပးဟာ ၃၈ ပြဲကစား ၂၁ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး နယ္သာလန္နည္းျပေဟာင္း လက္ရွိ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက သူ႔ကစားသမားကို ေခၚယူဖို႔ ဆႏၵရွိေနခဲ့တာျဖစ္ပါတယ္။
အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ဒီေပးအေနနဲ႔ ကိုယ္တိုင္လုပ္ေဆာင္သြားမွာျဖစ္တာကလည္း ဘာစီလိုနာအတြက္ အခြင့္အေရးတစ္ခုျဖစ္လာႏိုင္ၿပီး ေခၚယူရပိုမို အဆင္ေျပလာႏိုင္ပါတယ္။
ဒီေပးက “ကြၽန္ေတာ့္ ခရီးလမ္းအတြက္ ကိုယ္တိုင္ပဲ ဆုံးျဖတ္သြားမွာပါ၊ ဒါကို အရင္ဆုံးသိထားေစခ်င္ပါတယ္၊ ဥပဒေရးရာကြၽမ္းက်င္သူေတြရဲ႕ ေက်ာေထာက္ေနာက္ခံျပဳထားမႈ၊ ယုံၾကည္စိတ္ခ်ရတဲ့ ကြၽန္ေတာ့္လူေတြနဲ႔အတူ ကြၽန္ေတာ့္အနာဂတ္ကို ဆုံးျဖတ္သြားမွာျဖစ္ပါတယ္” လို႔ ေျပာဆိုသြားပါတယ္။
ဒီေပးဟာ လိုင္ယြန္အသင္းအတြက္ ၁၇၆ ပြဲကစားေပးထားၿပီး ၇၅ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့သလို ျပင္သစ္လိဂ္ရဲ႕ အေကာင္းဆုံးကစားသမား ေတြထဲက တစ္ဦးလည္းျဖစ္ေနပါတယ္။