
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်အသင်းရဲ့ အမာခံ ပရီသတ်တစ်ဦးဖြစ်သလို ဘီလျံနာသူဌေးတစ်ယောက်လည်းဖြစ်တဲ့ Spotify ရဲ့ စီအီးအို ဒန်နီရယ်အက်ဟာ
အာဆင်နယ်အသင်းကို ဝယ်ယူဖို့အတွက် ပေါင် ၁.၈ ဘီလီယံနဲ့ တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် လက်ရှိအသင်းပိုင်ရှင် ခရိုအန်ကီ တို့ဖက်က ပယ်ချသွားခဲ့ပါတယ်။
ဆွီဒင်ဘီလျံနာ ဒန်နီရယ်အက် ကတော့ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ လက်လျှော့သွားမှာ မဟုတ်ဘဲ ပေါင် ၂ ဘီလီယံ နဲ့ တိုးမြှင့် ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ခရွန်ကီ မိသားစုဘက်က ဒီတစ်ကြိမ်မှာလည်း ထပ်ပြီး ပယ်ချသွားဦးမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒန်နီရယ်အက်ဟာ အာဆင်နယ် အသင်းကို ငယ်စဉ်ကတည်းက အားပေးခဲ့သူ ဖြစ်ပြီး အခုအချိန်မှာ အသင်းကို ဝယ်ယူဖို့အတွက်
အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ အွန်နရီ၊ ဒင်းနစ်ဘားကမ့်၊ ဗီအဲရာ တို့နဲ့ပေါင်းပြီး ပရိသတ်တွေရဲ့ ထောက်ခံမှုနဲ့အတူ ဝယ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။
အက်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ဥရောပစူပါလိဂ် ပြဿနာ ပေါ်ပေါက်ပြီးနောက်ပိုင်း အာဆင်နယ်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဒန်နီရယ်အက်က ”ကျွန်တော် အသက် ၈ နှစ် အရွယ်ကတည်းက အာဆင်နယ် အသင်းကို အားပေးလာခဲ့တာပါ။
ကျွန်တော်အသင်းရဲ့ သမိုင်းကြောင်းရော ကစားသမားတွေကိုပါ ချစ်ပါတယ်။ ပရိသတ်တွေကိုလည်း ချစ်ပါတယ်။
အသင်းကို အရင်တုန်းက အောင်မြင်မှုတွေဆီ ပြန်ပို့ပေးနိုင်ဖို့ မဟာဗျူဟာတွေ ချမှတ်ပြီး လုပ်ဆောင်ဖို့ အခွင့်အရေး ရချင်ပါတယ်။
ပရိသတ်တွေနဲ့ ယုံကြည်မှု ပြန်လည် တည်ဆောက်ချင်ပါတယ်။
သူတို့တွေနဲ့ ထိတွေ့ဆက်ဆံချင်ပါတယ်။ ကျွန်တော် အတည်ဝယ်ယူဖို့ ကြိုးစားမှာပါ။
ကျွန်တော့်မှာ လုံလောက်တဲ့ ငွေကြေး အင်အားလည်း ရှိပါတယ်။
ပိုင်ရှင်တွေ လက်မခံဘဲ မနေနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
ကျွန်တော် ပြောတာတွေ သူတို့ ပြန်ကြားသိဖို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင်ခရွန်ကီနဲ့ ပရိသတ်တွေကြား တင်းမာမှုက တစ်စတစ်စ ပိုပြင်းထန်လာနေခဲ့ပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲကိစ္စမှာလည်း မကျေနပ်မငတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အာဆင်နယ်အသင်း ပရိသတ်တွေဟာ အသင်းထက် သူ့အကျိုးစီးပွားကို အဓိက ကြည့်တတ်တဲ့ ခရွန်ကီကို အတော်လေး စိတ်ပျက်နေကြပြီး
အမ်းမရိတ်ကွင်းမှာ ဆန္ဒပြမှုတွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ #KroenkeOut ကမ်ပိန်းတွေကို ဆက်တိုက် ပြုလုပ်နေခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကိုယ္က်ိဳးရွာစီးပြားေရးသမား ခ႐ိုအန္ကီဆီကေန ပရိသတ္ေတြအတြက္ အာဆင္နယ္ကို ရေအာင္ဝယ္မယ့္ ဒန္နီရယ္အက္
အာဆင္နယ္အသင္းရဲ႕ အမာခံ ပရီသတ္တစ္ဦးျဖစ္သလို ဘီလ်ံနာသူေဌးတစ္ေယာက္လည္းျဖစ္တဲ့ Spotify ရဲ႕ စီအီးအို ဒန္နီရယ္အက္ဟာ အာဆင္နယ္အသင္းကို ဝယ္ယူဖို႔အတြက္ ေပါင္ ၁.၈ ဘီလီယံနဲ႔ တရားဝင္ ကမ္းလွမ္းခဲ့ေပမယ့္ လက္ရွိအသင္းပိုင္ရွင္ ခ႐ိုအန္ကီ တို႔ဖက္က ပယ္ခ်သြားခဲ့ပါတယ္။ ဆြီဒင္ဘီလ်ံနာ ဒန္နီရယ္အက္ ကေတာ့ အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ လက္ေလွ်ာ့သြားမွာ မဟုတ္ဘဲ ေပါင္ ၂ ဘီလီယံ နဲ႔ တိုးျမႇင့္ ကမ္းလွမ္းဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
ဒါေပမယ့္ ခ႐ြန္ကီ မိသားစုဘက္က ဒီတစ္ႀကိမ္မွာလည္း ထပ္ၿပီး ပယ္ခ်သြားဦးမွာ ျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ဒန္နီရယ္အက္ဟာ အာဆင္နယ္ အသင္းကို ငယ္စဥ္ကတည္းက အားေပးခဲ့သူ ျဖစ္ၿပီး အခုအခ်ိန္မွာ အသင္းကို ဝယ္ယူဖို႔အတြက္ အသင္းရဲ႕ ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ အြန္နရီ၊ ဒင္းနစ္ဘားကမ့္၊ ဗီအဲရာ တို႔နဲ႔ေပါင္းၿပီး ပရိသတ္ေတြရဲ႕ ေထာက္ခံမႈနဲ႔အတူ ဝယ္ယူႏိုင္ဖို႔ ႀကိဳးစားေနတာပါ။ အက္ဟာ ၿပီးခဲ့တဲ့ ဧၿပီလမွာ ဥေရာပစူပါလိဂ္ ျပႆနာ ေပၚေပါက္ၿပီးေနာက္ပိုင္း အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားေၾကာင္း တရားဝင္ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
ဒန္နီရယ္အက္က ”ကြၽန္ေတာ္ အသက္ ၈ ႏွစ္ အ႐ြယ္ကတည္းက အာဆင္နယ္ အသင္းကို အားေပးလာခဲ့တာပါ ။ ကြၽန္ေတာ္အသင္းရဲ႕ သမိုင္းေၾကာင္းေရာ ကစားသမားေတြကိုပါ ခ်စ္ပါတယ္။ ပရိသတ္ေတြကိုလည္း ခ်စ္ပါတယ္။ အသင္းကို အရင္တုန္းက ေအာင္ျမင္မႈေတြဆီ ျပန္ပို႔ေပးႏိုင္ဖို႔ မဟာဗ်ဴဟာေတြ ခ်မွတ္ၿပီး လုပ္ေဆာင္ဖို႔ အခြင့္အေရး ရခ်င္ပါတယ္။ ပရိသတ္ေတြနဲ႔ ယုံၾကည္မႈ ျပန္လည္ တည္ေဆာက္ခ်င္ပါတယ္။ သူတို႔ေတြနဲ႔ ထိေတြ႕ဆက္ဆံခ်င္ပါတယ္။ ကြၽန္ေတာ္ အတည္ဝယ္ယူဖို႔ ႀကိဳးစားမွာပါ။
ကြၽန္ေတာ့္မွာ လုံေလာက္တဲ့ ေငြေၾကး အင္အားလည္း ရွိပါတယ္။ ပိုင္ရွင္ေတြ လက္မခံဘဲ မေနႏိုင္ေလာက္တဲ့ ကမ္းလွမ္းမႈမ်ိဳး ျပဳလုပ္သြားဖို႔ စီစဥ္ထားပါတယ္။ ကြၽန္ေတာ္ ေျပာတာေတြ သူတို႔ ျပန္ၾကားသိဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ဆိုပါတယ္။
ဒီရာသီမွာ အာဆင္နယ္အသင္းရဲ႕ ပိုင္ရွင္ခ႐ြန္ကီနဲ႔ ပရိသတ္ေတြၾကား တင္းမာမႈက တစ္စတစ္စ ပိုျပင္းထန္လာေနခဲ့ၿပီး ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကိစၥမွာလည္း မေက်နပ္မငေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ အာဆင္နယ္အသင္း ပရိသတ္ေတြဟာ အသင္းထက္ သူ႔အက်ိဳးစီးပြားကို အဓိက ၾကည့္တတ္တဲ့ ခ႐ြန္ကီကို အေတာ္ေလး စိတ္ပ်က္ေနၾကၿပီး အမ္းမရိတ္ကြင္းမွာ ဆႏၵျပမႈေတြနဲ႔ ဆိုရွယ္မီဒီယာေတြေပၚမွာ #KroenkeOut ကမ္ပိန္းေတြကို ဆက္တိုက္ ျပဳလုပ္ေနခဲ့ပါတယ္။