ကိုယ့္စကားနဲ႔ကိုယ္ ပရိသတ္ေတြရဲ႕ျပင္းထန္တဲ့ေ၀ဖန္မႈေတြနဲ႔ ဘာစီလုိနာ ရင္ဆုိင္ေနရ

Photo Credit

Photo Credit ; Reuters

လူမႈမီဒီယာမွာ ပရိသတ္ေတြက အခါးသီးဆုံးၿပိဳင္ဘက္ႀကီး ရီးရဲလ္ကို အကယ္ဒမီကိုအားမကိုးဘဲ ကစားသမားအ၀ယ္သာ လုပ္တတ္တယ္ဆုိတဲ့ဘာစီလုိနာအသင္းရဲ႕တြစ္တာမွက္ခ်က္တစ္ခုအေပၚ အျပင္းအထန္ေ၀ဖန္လ်က္ရွိပါတယ္။ လာလီဂါခ်န္ပီယံ ဘာစီလုိနာအသင္းဟာ ၂၀၀၉ ခုႏွစ္က အယ္လ္ကလက္စီကိုဒါဘီၿပိဳင္ဘက္ ရီးရဲလ္ကို သူတုိ႔ရဲ႕တရား၀င္တြစ္တာစာမ်က္ႏွာကေန ေ၀ဖန္ထုိးႏွက္ခဲ့တာျဖစ္ပါတယ္။ ဘာစီလုိနာရဲ႕တြစ္တာစာမ်က္ႏွာက ၂၀၀၉ ဇြန္လ ၁၇ရက္ေန႔မွာ ”ဘာစီလုိနာက ပါရမီရွင္ကစားသမားေတြထုတ္လုပ္တယ္…ရီးရဲလ္ကေတာ့ သူတုိ႔ကို လုိက္၀ယ္တယ္”လုိ႔ ေရးသားခဲ့တာပါ။

Photo Credit ; Reuters

ဒါေပမဲ့ ဘာစီလုိနာအသင္းဟာ ၂၀၁၄ ေနာက္ပိုင္း ကစားသမားသစ္ေခၚယူမႈအတြက္ ယူ႐ို ၁ဘီလီယံအထိ သုံးစြဲခဲ့ရာ အဲဒီကာလအတြင္း ေငြေၾကးသုံးစြဲမႈအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ခဲ့ပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ ပရိသတ္ေတြက လူမႈမီဒီယာမွာ ဘာစီလုိနာကို လုိတစ္မ်ိဳး၊ မလိုတစ္မ်ိဳး ေျပာတတ္တဲ့အသင္းအျဖစ္ အျပင္းအထန္ေ၀ဖန္ေနၾကတာပါ။ ဘာစီလုိနာဟာ ၂၀၁၈ ခုႏွစ္က ေကာ္တင္ညိဳကို လီဗာပူးအသင္းကေန ယူ႐ို ၁၃၅ သန္းနဲ႔ေခၚယူခဲ့သလို ၂၀၁၇ ခုႏွစ္ကလည္း ေဒါ့မြန္ကေန ဒမ္ဘီလီကို ယူ႐ိုသန္း ၁၂၀ နဲ႔ေခၚယူခဲ့ပါတယ္။

Photo Credit

ယခုအခါ ဘာစီလုိနာအသင္းဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ပူးတြဲဒုတိယေျမာက္တန္ဖုိးအႀကီးဆုံးေခၚယူမႈအျဖစ္ အက္သလက္တီကိုအသင္းတုိက္စစ္မွဴး ဂရစ္ဇ္မန္းကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၁၂၀ နဲ႔ ေခၚယူခဲ့ရာ ပရိသတ္ေတြလည္း အထက္ပါအတုိင္း ေ၀ဖန္ေနၾကတာျဖစ္ပါတယ္။ ဘာစီလုိနာအသင္းရဲ႕နာမည္ေက်ာ္ လာမာစီယာအကယ္ဒမီက မက္ဆီ၊ ဇာဗီ၊ ပူယုိးလ္နဲ႔ အင္နီေယစတာတုိ႔လုိ ဂႏၳ၀င္ကစားသမားေတြကို ေမြးထုတ္ေပးႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အသင္းႀကီးအတြက္ ကစားသမားထုတ္လုပ္ေပးႏိုင္မႈက်ဆင္းလာၿပီး ဘာစီလုိနာပရိသတ္ေတြကေတာ့ အရင္လိုလာမာစီယာ ျပန္လည္ေအာင္ျမင္လာေစေရးအတြက္ အသင္းဘက္က ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္သင့္တယ္လုိ႔ အႀကံေပးေနၾကပါတယ္။

Photo Credit

ဘာစီလုိနာအသင္းရဲ႕ေနာက္ပိုင္းေခၚယူမႈအခ်ိဳ႕
ေကာ္တင္ညိဳ – ယူ႐ို ၁၃၅သန္း(၂၀၁၈)
ဒမ္ဘီလီ – ယူ႐ိုသန္း ၁၂၀ (၂၀၁၇)
ဂရစ္ဇ္မန္း – ယူ႐ိုသန္း ၁၂၀ (၂၀၁၉)
ဆြာရက္ဇ္ – ယူ႐ို ၈၂သန္း (၂၀၁၄)
ဒီယြန္ – ယူ႐ို ၇၅သန္း (၂၀၁၉)
မယ္လ္ကြန္ – ယူ႐ို ၄၁ သန္း (၂၀၁၈)
ေပၚလင္ညိဳ – ယူ႐ိုသန္း ၄၀ (၂၀၁၇)

Photo Credit

Unicode

ကိုယ့်စကားနဲ့ကိုယ် ပရိသတ်တွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ဘာစီလိုနာ ရင်ဆိုင်နေရ

လူမှုမီဒီယာမှာ ပရိသတ်တွေက အခါးသီးဆုံးပြိုင်ဘက်ကြီး ရီးရဲလ်ကို အကယ်ဒမီကိုအားမကိုးဘဲ ကစားသမားအဝယ်သာ လုပ်တတ်တယ်ဆိုတဲ့ဘာစီလိုနာအသင်းရဲ့တွစ်တာမှက်ချက်တစ်ခုအပေါ် အပြင်းအထန်ဝေဖန်လျက်ရှိပါတယ်။ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ၂၀၀၉ ခုနှစ်က အယ်လ်ကလက်စီကိုဒါဘီပြိုင်ဘက် ရီးရဲလ်ကို သူတို့ရဲ့တရားဝင်တွစ်တာစာမျက်နှာကနေ ဝေဖန်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့တွစ်တာစာမျက်နှာက ၂၀၀၉ ဇွန်လ ၁၇ရက်နေ့မှာ ”ဘာစီလိုနာက ပါရမီရှင်ကစားသမားတွေထုတ်လုပ်တယ်…ရီးရဲလ်ကတော့ သူတို့ကို လိုက်ဝယ်တယ်”လို့ ရေးသားခဲ့တာပါ။
ဒါပေမဲ့ ဘာစီလိုနာအသင်းဟာ ၂၀၁၄ နောက်ပိုင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရို ၁ဘီလီယံအထိ သုံးစွဲခဲ့ရာ အဲဒီကာလအတွင်း ငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ပရိသတ်တွေက လူမှုမီဒီယာမှာ ဘာစီလိုနာကို လိုတစ်မျိုး၊ မလိုတစ်မျိုး ပြောတတ်တဲ့အသင်းအဖြစ် အပြင်းအထန်ဝေဖန်နေကြတာပါ။ ဘာစီလိုနာဟာ ၂၀၁၈ ခုနှစ်က ကော်တင်ညိုကို လီဗာပူးအသင်းကနေ ယူရို ၁၃၅ သန်းနဲ့ခေါ်ယူခဲ့သလို ၂၀၁၇ ခုနှစ်ကလည်း ဒေါ့မွန်ကနေ ဒမ်ဘီလီကို ယူရိုသန်း ၁၂၀ နဲ့ခေါ်ယူခဲ့ပါတယ်။
ယခုအခါ ဘာစီလိုနာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပူးတွဲဒုတိယမြောက်တန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၂၀ နဲ့ ခေါ်ယူခဲ့ရာ ပရိသတ်တွေလည်း အထက်ပါအတိုင်း ဝေဖန်နေကြတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့နာမည်ကျော် လာမာစီယာအကယ်ဒမီက မက်ဆီ၊ ဇာဗီ၊ ပူယိုးလ်နဲ့ အင်နီယေစတာတို့လို ဂန္ထဝင်ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းကြီးအတွက် ကစားသမားထုတ်လုပ်ပေးနိုင်မှုကျဆင်းလာပြီး ဘာစီလိုနာပရိသတ်တွေကတော့ အရင်လိုလာမာစီယာ ပြန်လည်အောင်မြင်လာစေရေးအတွက် အသင်းဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သင့်တယ်လို့ အကြံပေးနေကြပါတယ်။
ဘာစီလိုနာအသင်းရဲ့နောက်ပိုင်းခေါ်ယူမှုအချို့
ကော်တင်ညို – ယူရို ၁၃၅သန်း(၂၀၁၈)
ဒမ်ဘီလီ – ယူရိုသန်း ၁၂၀ (၂၀၁၇)
ဂရစ်ဇ်မန်း – ယူရိုသန်း ၁၂၀ (၂၀၁၉)
ဆွာရက်ဇ် – ယူရို ၈၂သန်း (၂၀၁၄)
ဒီယွန် – ယူရို ၇၅သန်း (၂၀၁၉)
မယ်လ်ကွန် – ယူရို ၄၁ သန်း (၂၀၁၈)
ပေါ်လင်ညို – ယူရိုသန်း ၄၀ (၂၀၁၇)