





အာဆင်နယ်ဟာ ကိုယ် လုပ်စရာရှိတဲ့အလုပ်ကို အကောင်းဆုံးလုပ်နေတဲ့
အသင်းဖြစ်ပြီး မန်စီးတီးကမလို့ ဘယ်အသင်းပဲလာလာ





ဂရုမစိုက်ဘူးလို့ အာဆင်နယ်အသင်းခေါင်းဆောင်
မာတင်အိုဒီဂတ်က ပြောဆိုလိုက်ပါတယ်။ အရင်တစ်ပတ်တုန်းက
အာဆင်နယ်နောက် ၈ မှတ်အထိ ပြတ်ကျန်နေခဲ့တဲ့ မန်စီးတီးဟာ





ကြားထဲမှာ ကစားခဲ့တဲ့ စပါးနဲ့ ဝုဗ် ပွဲစဉ်တွေကို ဆက်တိုက်
အနိုင်ရခဲ့တာဖြစ်လို့ ၅ မှတ်ကွာ အနေအထားကို ရောက်လာပါတယ်။





ဒါကြောင့် ဂန်းနားတွေကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ နည်းပြ
ဂွါဒီယိုလာရဲ့ အသင်းနဲ့ ပတ်သက်ပြီး အာဆင်နယ်အပေါ်
ဂယက်ရိုက်ခတ်မှုရှိလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့





အိုဒီဂတ်က မန်ယူကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အခုလို
ပြောဆိုခဲ့တာပါ။ ‘’ရိုးရိုးသားသား ပြောရရင်တော့ မရှိပါဘူး။





မန်စီးတီးမကလို့ ဘယ်အသင်းပဲ ဖြစ်ဖြစ် ကျွန်တော်တို့
ဂရုမစိုက်ပါဘူး။ သူတို့ကိုလည်း နိုင်ပွဲရဖို့ ကျွန်တော်တို့
မျှော်လင့်ခဲ့တာပဲလေ။ ဒါကြောင့် ဒါက အံ့သြစရာ မရှိပါဘူး။





ကျွန်တော်တို့က ကိုယ့်ပွဲအပေါ်မှာ အာရုံစိုက်ဖို့ပဲ။
ဒီကိုလာပြီး အနိုင်ကစားဖို့၊ ဒါပဲ။ ဒီနေ့ လုပ်ခဲ့တာလည်း အဲဒါပဲ။





ဒီပွဲကို ကျွန်တော်တို့ အနိုင်ရခဲ့တဲ့ ပုံစံက အသင်းကို ထူးခြားတဲ့
ခွန်အားသစ်တွေပေးပြီး အကူအညီဖြစ်စေတယ်’’ လို့
အိုဒီဂတ်က မန်ယူနဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့တာပါ။





အာဆင်နယ်ဟာ လက်ရှိမှာ ပရီး မီးယားလိဂ် ၁၉ ပွဲ ကစားပြီး
ရမှတ် ၅၀ အထိ စုဆောင်းထားနိုင်ပြီဖြစ်ပါတယ်။





ဒါပေမဲ့လည်း လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ချန်ပီယံဆုအကြောင်း
တွေး နေတာမျိုးတော့ မရှိသေးဘူးလို့ ရီးရဲလ်ကွင်းလယ်လူဟောင်းက
ဆိုပါတယ်။ ‘’ဒီပြိုင်ပွဲက ရှည်ကြာတဲ့ ရာသီပါ။ အခုမှ ကျွန်တော်တို့က





ရာသီဝက်ပဲ ရှိပါ သေးတယ်။ ကစားဖို့ ပွဲတွေက အများကြီး
ကျန်သေးတယ်။ ဒါကြောင့် ကျွန် တော်တို့ဟာ စိတ်အေးအေးထားပြီး





ပိပိရိရိ နေရမယ်။ ကျွန်တော်တို့ရဲ့ တစ်ခု တည်းသောအာရုံက
လာမယ့်ပွဲစဉ်ပါ။ နောက်ပြီး အဲဒါပဲ အရေးကြီးတာ။
အခုလိုမျိုးပဲ ကျွန်တော်တို့ အာရုံစိုက်ထားရမယ်။ ဆုဖလားကြီးကို





ဆွတ်ခူး တော့မယ်ဆိုတဲ့ အတွေးမျိုးဟာ လက်ရှိမှာတော့
အဝေးကြီး လိုပါသေးတယ်’’ လို့ အိုဒီဂတ်က ပြောဆိုသွားခဲ့ပါတယ်။





zawgyi
ကိုယ့္အသင္းအတြက္ပဲ အေကာင္းဆုံး အာ႐ုံစိုက္မယ္ဆိုတဲ့ အိုဒီဂတ္





အာဆင္နယ္ဟာ ကိုယ္ လုပ္စရာရွိတဲ့အလုပ္ကို အေကာင္းဆုံးလုပ္ေနတဲ့
အသင္းျဖစ္ၿပီး မန္စီးတီးကမလို႔ ဘယ္အသင္းပဲလာလာ





ဂ႐ုမစိုက္ဘူးလို႔ အာဆင္နယ္အသင္းေခါင္းေဆာင္
မာတင္အိုဒီဂတ္က ေျပာဆိုလိုက္ပါတယ္။ အရင္တစ္ပတ္တုန္းက
အာဆင္နယ္ေနာက္ ၈ မွတ္အထိ ျပတ္က်န္ေနခဲ့တဲ့ မန္စီးတီးဟာ





ၾကားထဲမွာ ကစားခဲ့တဲ့ စပါးနဲ႔ ဝုဗ္ ပြဲစဥ္ေတြကို ဆက္တိုက္
အႏိုင္ရခဲ့တာျဖစ္လို႔ ၅ မွတ္ကြာ အေနအထားကို ေရာက္လာပါတယ္။





ဒါေၾကာင့္ ဂန္းနားေတြကို အမီလိုက္ဖို႔ ႀကိဳးစားေနတဲ့ နည္းျပ
ဂြါဒီယိုလာရဲ႕ အသင္းနဲ႔ ပတ္သက္ၿပီး အာဆင္နယ္အေပၚ
ဂယက္႐ိုက္ခတ္မႈရွိလားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့





အိုဒီဂတ္က မန္ယူကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ အခုလို
ေျပာဆိုခဲ့တာပါ။ ‘’႐ိုး႐ိုးသားသား ေျပာရရင္ေတာ့ မရွိပါဘူး။





မန္စီးတီးမကလို႔ ဘယ္အသင္းပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔
ဂ႐ုမစိုက္ပါဘူး။ သူတို႔ကိုလည္း ႏိုင္ပြဲရဖို႔ ကြၽန္ေတာ္တို႔
ေမွ်ာ္လင့္ခဲ့တာပဲေလ။ ဒါေၾကာင့္ ဒါက အံ့ၾသစရာ မရွိပါဘူး။





ကြၽန္ေတာ္တို႔က ကိုယ့္ပြဲအေပၚမွာ အာ႐ုံစိုက္ဖို႔ပဲ။
ဒီကိုလာၿပီး အႏိုင္ကစားဖို႔၊ ဒါပဲ။ ဒီေန႔ လုပ္ခဲ့တာလည္း အဲဒါပဲ။





ဒီပြဲကို ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တဲ့ ပုံစံက အသင္းကို ထူးျခားတဲ့
ခြန္အားသစ္ေတြေပးၿပီး အကူအညီျဖစ္ေစတယ္’’ လို႔
အိုဒီဂတ္က မန္ယူနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့တာပါ။





အာဆင္နယ္ဟာ လက္ရွိမွာ ပရီး မီးယားလိဂ္ ၁၉ ပြဲ ကစားၿပီး
ရမွတ္ ၅၀ အထိ စုေဆာင္းထားႏိုင္ၿပီျဖစ္ပါတယ္။





ဒါေပမဲ့လည္း လက္ရွိအခ်ိန္မွာ အာဆင္နယ္ဟာ ခ်န္ပီယံဆုအေၾကာင္း
ေတြး ေနတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ ရီးရဲလ္ကြင္းလယ္လူေဟာင္းက
ဆိုပါတယ္။ ‘’ဒီၿပိဳင္ပြဲက ရွည္ၾကာတဲ့ ရာသီပါ။ အခုမွ ကြၽန္ေတာ္တို႔က





ရာသီဝက္ပဲ ရွိပါ ေသးတယ္။ ကစားဖို႔ ပြဲေတြက အမ်ားႀကီး
က်န္ေသးတယ္။ ဒါေၾကာင့္ ကြၽန္ ေတာ္တို႔ဟာ စိတ္ေအးေအးထားၿပီး





ပိပိရိရိ ေနရမယ္။ ကြၽန္ေတာ္တို႔ရဲ႕ တစ္ခု တည္းေသာအာ႐ုံက
လာမယ့္ပြဲစဥ္ပါ။ ေနာက္ၿပီး အဲဒါပဲ အေရးႀကီးတာ။
အခုလိုမ်ိဳးပဲ ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ထားရမယ္။ ဆုဖလားႀကီးကို





ဆြတ္ခူး ေတာ့မယ္ဆိုတဲ့ အေတြးမ်ိဳးဟာ လက္ရွိမွာေတာ့
အေဝးႀကီး လိုပါေသးတယ္’’ လို႔ အိုဒီဂတ္က ေျပာဆိုသြားခဲ့ပါတယ္။