ကိုယ့်အသင်းဘက်ကို ၂ ဂိုးသွင်းတဲ့ ရော်နယ်ဒိုကို ချီးကျူးတဲ့ အတ္တလန္တာနည်းပြ

1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…

ဘာဂါမိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွင် ရော်နယ်ဒိုဟာ ယူနိုက်တက်ကို နောက်တစ်ကြိမ် ကယ်ဆယ်ရေး လုပ်ခဲ့ပြန်ပါတယ်။

အတ္တလန္တာကို ၂-၂ သရေကျခဲ့တဲ့ ပွဲမှာ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် အချိန်ပို၉၂မိနစ်တွင် သွင်းယူတဲ့ ဂိုးအပါအဝင် ၂ဂိုးစလုံး သွင်းယူပေးခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းကို အုပ်စု Fရဲ့ ထိပ်ဆုံးမှာ ရပ်တည်စေပါတယ်။

နွေရာသီမှာ ယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်လာပြီးနောက် ရော်နယ်ဒိုဟာ ၁၁ပွဲမှာ ၉ဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ်၄ပွဲမှာ ၅ဂိုးသွင်းယူထားပါတယ်။

“ကျွန်တော်တို့ ဂိုးပို ရနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ ပါတယ်။

ဒါပေမယ့် အခုက ယူနိုက်တက်လို အသင်းကြီးမျိုးနဲ့ ရင်ဆိုင် ကစားခဲ့ရတာပါ။

ဒီလိုပွဲမျိုးတွေ က ၉၅ မိနစ်လုံး အပြည့်အ၀ အားထုတ် ကစားရမယ့် ပွဲတွေ ပါပဲ။

ဘာလို့လဲဆိုတော့ တစ်ဖက်အသင်းမှာ ထိပ်တန်း ကစားသမားတွေ အများကြီး ပါနေလို့ပါ။

အထူးသဖြင့် ရော်နယ်ဒို လို ကစားသမားမျိုးဟာ ဘယ်လို အချိန်မှာပဲ ဖြစ်ဖြစ်ထူး ခြားမှုတွေကို ဖြစ်စေတတ် လို့ပါပဲ”

“ရော်နယ်ဒို ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းပြမှုမျိုးသာ မရှိခဲ့ဘူး ဆိုရင် ကျွန်တော်တို့ အတွက် တကယ့်ကို ကျေနပ် ပျော်ရွှင် စရာကောင်းတဲ့ ညနေခင်းလေး ဖြစ်လာမှာပါ ။

ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကွင်း ကိုယ့် ပရိသတ်တွေရှေ့မှာ ဥရောပ ရဲ့ အင်အားကြီး အသင်းတစ်သင်း ကို အကောင်းဆုံး ယှဉ်ပြိုင်ကစားပြ နိုင်ခဲ့ ပါတယ်။

ဒီအတွက်ကြောင့်ပဲ ပွဲအပြီးမှာ အောင်ပွဲခံ ခဲ့ကြတာပါ။

ပွဲပြီးရလဒ်က တကယ့်ကို ပြီးပြည့်စုံ စေမှာပါ။

၈၀ ရာခိုင်နှုန်း ပျော်ခဲ့ရပြီး နောင်တ ၂၀ ရာခိုင်နှုန်းလောက် တော့ ပြန်ရခဲ့တယ်လို့ ဆိုရမှာပါ” လို့ အတ္တလန်တာ နည်းပြကြီး ဂက်စပါရီနီ က ပွဲအပြီးမှာပြောဆိုသွားခဲ့ ပါတယ်။

1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…

zawgyi



နွေရာသီမှာ ယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်လာပြီးနောက် ရော်နယ်ဒိုဟာ ၁၁ပွဲမှာ ၉ဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ်၎ပွဲမှာ ၅ဂိုးသွင်းယူထားပါတယ်။

