
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
PSG အသင်းနာမည်ကျော်တိုက်စစ်ကစားသမားဘာပေဟာ စထရာဘိုးနဲ့ကစားခဲ့တဲ့ပြင်သစ်လီဂူးပွဲမှာ ကိုယ့်အသင်းပရိသတ်တွေရဲ့အော်ဟစ်လှောင်ပြောင်တာကို ခံခဲ့ရပါတယ်။
ဘာပေဟာ လာလီဂါထိပ်သီးရီးယဲလ်အသင်းဆီပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့သတင်းထွက်နေတာဖြစ်ပြီး စထရာဘိုးနဲ့ပွဲမတိုင်ခင် သူ့နာမည်ကို ကြေညာခဲ့ချိန်မှာ PSG ပရိသတ်တွေရှိတဲ့ပွဲကြည့်စင်ဘက်ခြမ်းမှာ အော်ဟစ်လှောင်ပြောင်သံတွေထွက်ပေါ်လာတာပါ။
အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ဘာပေဟာ ပြင်သစ်လီဂူးအဖွင့်ပွဲတုန်းက ထရွိုင်းစ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့သလို အခု စထရာဘိုးကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း ပရိသတ်တွေကတော့ ရီးယဲလ်အသင်းက ခေါ်ယူဖို့ပစ်မှတ်ထားနေချိန်မှာ PSG အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ဆန္ဒမရှိဖြစ်နေတဲ့ ဘာပေကို မကျေမနပ်ဖြစ်နေတာကြောင့် အခုလိုလှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။
PSG အသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ နေမာကို အခုနှစ်အစောပိုင်းကတည်းက စာချုပ်သက်တမ်းတိုးခဲ့ပြီး မကြာသေးခင်ကလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားမက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပေမယ့် ဘာပေကတော့ အသင်းမှာ ဆက်ကစားဖို့ဆန္ဒမရှိဖြစ်နေတာပါ။
ဘာပေဟာ ၂၀၁၇ ခုနှစ်တုန်းက PSG နဲ့ (၄)နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး အခုရာသီကုန်ကျရင် အဲဒီစာချုပ်သက်တမ်းပြည့်မှာဖြစ်ပေမယ့် သူက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်ထားပြီးတော့ ရီးယဲလ်အသင်းဆီပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်နေတာဖြစ်ပါတယ်။
တကယ်လို့ PSG အသင်းအနေနဲ့ ဘာပေကို အခုနွေရာသီအတွင်း စာချုပ်သစ်မချုပ်နိုင်ခဲ့ရင် လာမယ့်နှစ်ကျရင် အလွတ်နဲ့လက်လွှတ်ဆုံးရှုံးရမှာဖြစ်တဲ့အတွက် နွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် မဖြစ်မနေရောင်းချရမှာဖြစ်ပြီး
ရီးယဲလ်အသင်းဆီက ပေါင်သန်း(၁၀၀)နဲ့ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ Le Parisien သတင်းဌာနကဖော်ပြခဲ့ပါတယ်။
ရီးယဲလ်အသင်းဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ အခုနွေရာသီမှာ ဘာပေကို အရခေါ်ယူဖို့စိတ်အားထက်သန်နေပြီး ဘာပေအတွက် ပြောင်းရွှေ့ကြေးတစ်စိတ်တစ်ပိုင်းရအောင် လူငယ်ကွင်းလယ်လူအော်ဒီဂွါကို အာဆင်နယ်အသင်းဆီ ပေါင်သန်း(၃၀)နဲ့ရောင်းချဖို့စီစဉ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကိုယ့္အသင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္တာကို ရင္ဆိုင္ခဲ့ရတဲ့ ဘာေပ
PSG အသင္းနာမည္ေက်ာ္တိုက္စစ္ကစားသမားဘာေပဟာ စထရာဘိုးနဲ႔ကစားခဲ့တဲ့ျပင္သစ္လီဂူးပြဲမွာ ကိုယ့္အသင္းပရိသတ္ေတြရဲ႕ေအာ္ဟစ္ေလွာင္ေျပာင္တာကို ခံခဲ့ရပါတယ္။ ဘာေပဟာ လာလီဂါထိပ္သီးရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေနတယ္လို႔သတင္းထြက္ေနတာျဖစ္ၿပီး စထရာဘိုးနဲ႔ပြဲမတိုင္ခင္ သူ႔နာမည္ကို ေၾကညာခဲ့ခ်ိန္မွာ PSG ပရိသတ္ေတြရွိတဲ့ပြဲၾကည့္စင္ဘက္ျခမ္းမွာ ေအာ္ဟစ္ေလွာင္ေျပာင္သံေတြထြက္ေပၚလာတာပါ။
အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘာေပဟာ ျပင္သစ္လီဂူးအဖြင့္ပြဲတုန္းက ထ႐ြိဳင္းစ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့သလို အခု စထရာဘိုးကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း အသင္းအတြက္ ဒုတိယေျမာက္ဂိုးသြင္းယူေပးခဲ့ပါတယ္။ ဒါေပမဲ့လည္း ပရိသတ္ေတြကေတာ့ ရီးယဲလ္အသင္းက ေခၚယူဖို႔ပစ္မွတ္ထားေနခ်ိန္မွာ PSG အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵမရွိျဖစ္ေနတဲ့ ဘာေပကို မေက်မနပ္ျဖစ္ေနတာေၾကာင့္ အခုလိုေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။
PSG အသင္းဟာ သူတို႔ရဲ႕အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ေနမာကို အခုႏွစ္အေစာပိုင္းကတည္းက စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး မၾကာေသးခင္ကလည္း ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားမက္ဆီကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ ဘာေပကေတာ့ အသင္းမွာ ဆက္ကစားဖို႔ဆႏၵမရွိျဖစ္ေနတာပါ။ ဘာေပဟာ ၂၀၁၇ ခုႏွစ္တုန္းက PSG နဲ႔ (၄)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး အခုရာသီကုန္က်ရင္ အဲဒီစာခ်ဳပ္သက္တမ္းျပည့္မွာျဖစ္ေပမယ့္ သူက အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ထားၿပီးေတာ့ ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သတင္းထြက္ေနတာျဖစ္ပါတယ္။
တကယ္လို႔ PSG အသင္းအေနနဲ႔ ဘာေပကို အခုေႏြရာသီအတြင္း စာခ်ဳပ္သစ္မခ်ဳပ္ႏိုင္ခဲ့ရင္ လာမယ့္ႏွစ္က်ရင္ အလြတ္နဲ႔လက္လႊတ္ဆုံးရႈံးရမွာျဖစ္တဲ့အတြက္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ မျဖစ္မေနေရာင္းခ်ရမွာျဖစ္ၿပီး ရီးယဲလ္အသင္းဆီက ေပါင္သန္း(၁၀၀)နဲ႔ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနတယ္လို႔ Le Parisien သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။ ရီးယဲလ္အသင္းဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ဟာ အခုေႏြရာသီမွာ ဘာေပကို အရေခၚယူဖို႔စိတ္အားထက္သန္ေနၿပီး ဘာေပအတြက္ ေျပာင္းေ႐ႊ႕ေၾကးတစ္စိတ္တစ္ပိုင္းရေအာင္ လူငယ္ကြင္းလယ္လူေအာ္ဒီဂြါကို အာဆင္နယ္အသင္းဆီ ေပါင္သန္း(၃၀)နဲ႔ေရာင္းခ်ဖို႔စီစဥ္ေနတယ္လို႔လည္း သတင္းထြက္ေနပါတယ္။