
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးပရိသတ်တွေက ကိုယ်အားပေးတဲ့ အသင်း အနိုင်ရဖို့ လည်ချောင်းကွဲမတတ် အော်ဟစ်အားပေးတယ်ဆိုတာ အခြေခံအကျဆုံး အချက်လို့ ပြောလို့ရပါတယ်။ ဒီထက် ထူးခြားတဲ့ လုပ်ရပ်တွေနဲ့ အသင်းကို ချစ်မြတ်နိုးပြီး အားပေးတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။
Tristan ဆိုတဲ့ ၁၅ နှစ်အရွယ် မသန်စွမ်း ကလေးငယ်ဟာ ဟန်ဆာရိုစတော့ခ် အသင်းကို အလွန်ကြိုက်နှစ်သက်ပါတယ်။
ဘွန်ဒစ်လီဂါ တတိယတန်းကလပ် ဟန်ဆာရိုစတော့ခ် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ လူဘတ်ခ် အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျပြီး လာမယ့်ရာသီ ဘွန်ဒစ်လီဂါ ဒုတိယတန်းကို တန်းတက်သွားပြီဖြစ်ပါတယ်။
Tristan ဟာ ဒေသခံအဖွဲ့အစည်းတစ်ခုရဲ့အကူအညီပေးမှုနဲ့ သူ့ရဲ့အသင်း လာမယ့်ရာသီ ဂျာမန်ဘွန်ဒစ်လီဂါ ဒုတိယတန်းတက်တဲ့ ပွဲကို ကြည့်ရှုနိုင်ခဲ့ပါတယ်။
ဟန်ဆာရိုစတော့ခ် အသင်းဟာ ဒီရာသီ ဘွန်ဒစ်လီဂါ တတိယတန်း ပွဲစဉ်(၃၈)ပွဲလုံး ကစားအပြီးမှာ နိုင်ပွဲ(၂၀) သရေ(၁၁)ပွဲ ရှုံးပွဲ(၇)နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
ဟန်ဆာရိုစတော့ခ် အသင်းဟာ ပြည်တွင်းပြိုင်ပွဲတွေဖြစ်တဲ့ NOFV အိုဘာလီဂါ၊ FDGB ပိုကယ်လ် ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပြီး (၁၉၉၅) က ဘွန်ဒစ်လီဂါ ဒုတိယတန်းပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။
Tristan ရဲ့ကုသစောင့်ရှောက်မှုဆိုင်ရာ အိပ်ရာကို ဒေသခံအဖွဲ့အစည်းတွေက ကွင်းထဲကို ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေကလည်း အဲဒီကောင်လေးရဲ့ စိတ်အားထက်သန်တဲ့ အဖြစ်ကို အားပေးကြသလို၊ ဝိုင်းဝန်းကူညီတဲ့ သူတွေရဲ့ လုပ်ရပ်ကိုလည်း ချီးကျူးကြပါတယ်။
Tristan ရဲ့ အမေက” ကျွန်မတို့ ကွင်းထဲကို ရောက်သွားတဲ့ အချိန် မငိုမိအောင် အားတင်းထားခဲ့ပါတယ်။
ပရိသတ်တွေရဲ့ စိတ်အားတက်ကြွမှုက အံ့အားသင့်စရာပါ။”
“ကျွန်မရဲ့ ကလေးလည်း အံ့အားသင့်ပါလိမ့်မယ်။
အသံကျယ်လောင်တာတွေရှိပေမယ့် သူ့အတွက် အမှတ်တရကောင်းတွေ၊ အတွေ့အကြုံ အသစ်တွေ ဖြစ်စေပါလိမ့်မယ်” ဆိုပြီး ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကိုယ့္အသင္းတန္းတက္ဖို႔ ကြင္းထဲမွာ ကုသေစာင့္ေရွာက္မႈဆိုင္ရာ ကုတင္နဲ႔ အားေပးတဲ့ မသန္စြမ္း ကေလးငယ္
ေဘာလုံးပရိသတ္ေတြက ကိုယ္အားေပးတဲ့ အသင္း အႏိုင္ရဖို႔ လည္ေခ်ာင္းကြဲမတတ္ ေအာ္ဟစ္အားေပးတယ္ဆိုတာ အေျခခံအက်ဆုံး အခ်က္လို႔ ေျပာလို႔ရပါတယ္။ ဒီထက္ ထူးျခားတဲ့ လုပ္ရပ္ေတြနဲ႔ အသင္းကို ခ်စ္ျမတ္ႏိုးၿပီး အားေပးတဲ့ ျဖစ္ရပ္ေတြလည္း ရွိပါတယ္။
Tristan ဆိုတဲ့ ၁၅ ႏွစ္အ႐ြယ္ မသန္စြမ္း ကေလးငယ္ဟာ ဟန္ဆာ႐ိုစေတာ့ခ္ အသင္းကို အလြန္ႀကိဳက္ႏွစ္သက္ပါတယ္။ ဘြန္ဒစ္လီဂါ တတိယတန္းကလပ္ ဟန္ဆာ႐ိုစေတာ့ခ္ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္မွာ လူဘတ္ခ္ အသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီ သေရက်ၿပီး လာမယ့္ရာသီ ဘြန္ဒစ္လီဂါ ဒုတိယတန္းကို တန္းတက္သြားၿပီျဖစ္ပါတယ္။
Tristan ဟာ ေဒသခံအဖြဲ႕အစည္းတစ္ခုရဲ႕အကူအညီေပးမႈနဲ႔ သူ႔ရဲ႕အသင္း လာမယ့္ရာသီ ဂ်ာမန္ဘြန္ဒစ္လီဂါ ဒုတိယတန္းတက္တဲ့ ပြဲကို ၾကည့္ရႈႏိုင္ခဲ့ပါတယ္။ ဟန္ဆာ႐ိုစေတာ့ခ္ အသင္းဟာ ဒီရာသီ ဘြန္ဒစ္လီဂါ တတိယတန္း ပြဲစဥ္(၃၈)ပြဲလုံး ကစားအၿပီးမွာ ႏိုင္ပြဲ(၂၀) သေရ(၁၁)ပြဲ ရႈံးပြဲ(၇)နဲ႔ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ခဲ့တာျဖစ္ပါတယ္။
ဟန္ဆာ႐ိုစေတာ့ခ္ အသင္းဟာ ျပည္တြင္းၿပိဳင္ပြဲေတြျဖစ္တဲ့ NOFV အိုဘာလီဂါ၊ FDGB ပိုကယ္လ္ ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီး (၁၉၉၅) က ဘြန္ဒစ္လီဂါ ဒုတိယတန္းၿပိဳင္ပြဲမွာလည္း ခ်န္ပီယံျဖစ္ခဲ့ပါတယ္။
Tristan ရဲ႕ကုသေစာင့္ေရွာက္မႈဆိုင္ရာ အိပ္ရာကို ေဒသခံအဖြဲ႕အစည္းေတြက ကြင္းထဲကို ေ႐ႊ႕ေျပာင္းေပးခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အဲဒီေကာင္ေလးရဲ႕ စိတ္အားထက္သန္တဲ့ အျဖစ္ကို အားေပးၾကသလို၊ ၀ိုင္း၀န္းကူညီတဲ့ သူေတြရဲ႕ လုပ္ရပ္ကိုလည္း ခ်ီးက်ဴးၾကပါတယ္။
Tristan ရဲ႕ အေမက” ကြၽန္မတို႔ ကြင္းထဲကို ေရာက္သြားတဲ့ အခ်ိန္ မငိုမိေအာင္ အားတင္းထားခဲ့ပါတယ္။ ပရိသတ္ေတြရဲ႕ စိတ္အားတက္ႂကြမႈက အံ့အားသင့္စရာပါ။”
“ကြၽန္မရဲ႕ ကေလးလည္း အံ့အားသင့္ပါလိမ့္မယ္။ အသံက်ယ္ေလာင္တာေတြရွိေပမယ့္ သူ႔အတြက္ အမွတ္တရေကာင္းေတြ၊ အေတြ႕အႀကဳံ အသစ္ေတြ ျဖစ္ေစပါလိမ့္မယ္” ဆိုၿပီး ေျပာပါတယ္။