
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒါဘီအသင်းနည်းပြရွန်နီကတော့ အခုရက်ပိုင်းအတွင်း စိတ်ပျက်စရာတွေနဲ့ဆက်တိုက်ကြုံတွေ့နေရပြီး မကြာသေးခင်က အမျိုးသမီးတစ်ဦးနဲ့ ချစ်စခန်းထတဲ့ပုံတွေထွက်ပေါ်လာလို့ အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင်
အခုလည်း ကိုယ့်အသင်းက,ကစားသမားတစ်ဦးကို လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရအောင် ဆော်ထည့်လိုက်တာကြောင့် ရွန်နီတစ်ယောက် အာရုံတွေထွေပြားနေပြီလို့ပြောရမယ်။
ရွန်နီဟာ အသင်းရဲ့သရုပ်ပြလေ့ကျင့်ရေးပွဲမှာ ပါဝင်ကစားခဲ့ပြီး ကွင်းလယ်လူဂျေဆင်နိုက်ကို ကြမ်းကြမ်းတမ်းတမ်းကစားခဲ့လို့ အခုဂျေဆင်နိုက်ဟာ (၁၂)ပတ်လောက်အထိအနားယူရတော့မှာဖြစ်တဲ့အပြင်
သူက ဒါဘီအသင်းရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်တာကြောင့် ရွန်နီရဲ့အပြုအမူက အသင်းအတွက်တော်တော်လေးထိခိုက်သွားခဲ့ပါတယ်။
The Telegraph သတင်းစာကတော့ ဒီအဖြစ်အပျက်ဟာ ၅၀-၅၀ အနေအထားဖြစ်ပြီး မတော်တဆဖြစ်ခဲ့တာလို့ရေးသားခဲ့ပေမယ့် အခုအချိန်မှာ ဒါဘီအသင်းဟာ ငွေကြေးအရှုပ်အထွေးတွေကြောင့် ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံထားရတာအပါအဝင်
ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရသလို လာမယ့်ရာသီအတွက် စီနီယာကစားသမား(၉)ဦးသာ စာရင်းသွင်းထားတာကြောင့် အခြေအနေဆိုးရွားနေရတဲ့အထဲ အခု ဂျေဆင်နိုက်ကလည်း ကာလရှည်အနားယူရတော့မှာဖြစ်လို့ ဆိုးသထက်ဆိုးသွားပါပြီ။
EFL အဖွဲ့ချုပ်ကတော့ အပြောင်းအရွှေ့ပြုလုပ်ခွင့်ပိတ်ခံထားရတဲ့ကလပ်အသင်းတစ်သင်းမှာ သတ်မှတ်ထားတဲ့ကစားသမား(၂၃)ယောက်မပြည့်ရင် အသင်းလက်မဲ့ဖြစ်နေသူ Free Agents ကစားသမားတွေကို (၁)နှစ်စာချုပ်နဲ့ခေါ်ယူခွင့်ရှိပြီး
ဒါမှမဟုတ်ရင်လည်း ကစားသမားတစ်ဦးကို (၆)လအငှားစာချုပ်နဲ့ ခေါ်ယူခွင့်ပြုထားလို့ ဒါဘီအသင်းအတွက် နည်းနည်းစိတ်အေးရတဲ့အနေအထားပါပဲ။
ဂျေဆင်နိုက်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ ရွန်နီက “ဂျေဆင်ဟာ (၈)ပတ်ကနေ (၁၂)ပတ်အထိ အနားယူရဖို့ရှိနေပါတယ်။
သူ့ရဲ့ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကံကောင်းတာက ခွဲစိတ်စရာမလိုတာပဲဖြစ်ပါတယ်။
ဒါပေမဲ့လည်း သူ့ ခြေချင်းဝတ် အရင်လိုပြန်ကောင်းလာဖို့ အချိန်အတော်ကြာအနားယူရမှာပါ။
ဂျေဆင်နိုက်ရဲ့ဒဏ်ရာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ပါပဲ။
သူဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး အသင်းအတွက် ဘယ်လောက်အထိအရေးပါလဲဆိုတာ အားလုံးအသိဖြစ်ပါတယ်။
ဂျေဆင်နိုက် ဒဏ်ရာရခဲ့တာက အသငး်အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်အောင်ရင်ဆိုင်ရမှာပါ”လို့ပြောကြားခဲ့ပါတယ်။
ရွန်နီဟာ အသက်(၂၁)နှစ်အရွယ်အမျိုးသမီး(၃)ဦးနဲ့ ဟိုတယ်တစ်ခုမှာ အတူပျော်ပါးနေတဲ့ပုံတွေထွက်ပေါ်ခဲ့လို့ ဝေဖန်ခံနေရပြီး သူကတော့ ဒါက သက်သက်ငွေညှစ်ချင်လို့ဖန်တီးတာဆိုပြီးဖြေရှင်းထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကိုယ့္အသင္းက,ကစားသမားကို ဒဏ္ရာရေအာင္ အစြမ္းျပခဲ့တဲ့ ႐ြန္နီ
ဒါဘီအသင္းနည္းျပ႐ြန္နီကေတာ့ အခုရက္ပိုင္းအတြင္း စိတ္ပ်က္စရာေတြနဲ႔ဆက္တိုက္ႀကဳံေတြ႕ေနရၿပီး မၾကာေသးခင္က အမ်ိဳးသမီးတစ္ဦးနဲ႔ ခ်စ္စခန္းထတဲ့ပုံေတြထြက္ေပၚလာလို႔ အရွက္တကြဲျဖစ္ခဲ့ရတဲ့အျပင္ အခုလည္း ကိုယ့္အသင္းက,ကစားသမားတစ္ဦးကို ေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာရေအာင္ ေဆာ္ထည့္လိုက္တာေၾကာင့္ ႐ြန္နီတစ္ေယာက္ အာ႐ုံေတြေထြျပားေနၿပီလို႔ေျပာရမယ္။
႐ြန္နီဟာ အသင္းရဲ႕သ႐ုပ္ျပေလ့က်င့္ေရးပြဲမွာ ပါဝင္ကစားခဲ့ၿပီး ကြင္းလယ္လူေဂ်ဆင္ႏိုက္ကို ၾကမ္းၾကမ္းတမ္းတမ္းကစားခဲ့လို႔ အခုေဂ်ဆင္ႏိုက္ဟာ (၁၂)ပတ္ေလာက္အထိအနားယူရေတာ့မွာျဖစ္တဲ့အျပင္ သူက ဒါဘီအသင္းရဲ႕အဓိက,ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ ႐ြန္နီရဲ႕အျပဳအမူက အသင္းအတြက္ေတာ္ေတာ္ေလးထိခိုက္သြားခဲ့ပါတယ္။ The Telegraph သတင္းစာကေတာ့ ဒီအျဖစ္အပ်က္ဟာ ၅၀-၅၀ အေနအထားျဖစ္ၿပီး မေတာ္တဆျဖစ္ခဲ့တာလို႔ေရးသားခဲ့ေပမယ့္ အခုအခ်ိန္မွာ ဒါဘီအသင္းဟာ ေငြေၾကးအရႈပ္အေထြးေတြေၾကာင့္ ကစားသမားေခၚယူခြင့္ပိတ္ပင္ခံထားရတာအပါအဝင္ျပႆနာေပါင္းစုံနဲ႔ ရင္ဆိုင္ေနရသလို လာမယ့္ရာသီအတြက္ စီနီယာကစားသမား(၉)ဦးသာ စာရင္းသြင္းထားတာေၾကာင့္ အေျခအေနဆိုး႐ြားေနရတဲ့အထဲ အခု ေဂ်ဆင္ႏိုက္ကလည္း ကာလရွည္အနားယူရေတာ့မွာျဖစ္လို႔ ဆိုးသထက္ဆိုးသြားပါၿပီ။
EFL အဖြဲ႕ခ်ဳပ္ကေတာ့ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခြင့္ပိတ္ခံထားရတဲ့ကလပ္အသင္းတစ္သင္းမွာ သတ္မွတ္ထားတဲ့ကစားသမား(၂၃)ေယာက္မျပည့္ရင္ အသင္းလက္မဲ့ျဖစ္ေနသူ Free Agents ကစားသမားေတြကို (၁)ႏွစ္စာခ်ဳပ္နဲ႔ေခၚယူခြင့္ရွိၿပီး ဒါမွမဟုတ္ရင္လည္း ကစားသမားတစ္ဦးကို (၆)လအငွားစာခ်ဳပ္နဲ႔ ေခၚယူခြင့္ျပဳထားလို႔ ဒါဘီအသင္းအတြက္ နည္းနည္းစိတ္ေအးရတဲ့အေနအထားပါပဲ။ ေဂ်ဆင္ႏိုက္ရဲ႕ဒဏ္ရာနဲ႔ပတ္သက္လို႔ ႐ြန္နီက “ေဂ်ဆင္ဟာ (၈)ပတ္ကေန (၁၂)ပတ္အထိ အနားယူရဖို႔ရွိေနပါတယ္။ သူ႔ရဲ႕ေျခခ်င္းဝတ္မွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ကံေကာင္းတာက ခြဲစိတ္စရာမလိုတာပဲျဖစ္ပါတယ္။
ဒါေပမဲ့လည္း သူ႔ ေျခခ်င္းဝတ္ အရင္လိုျပန္ေကာင္းလာဖို႔ အခ်ိန္အေတာ္ၾကာအနားယူရမွာပါ။ ေဂ်ဆင္ႏိုက္ရဲ႕ဒဏ္ရာက ကြၽန္ေတာ္တို႔အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ပါပဲ။ သူဟာ ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီး အသင္းအတြက္ ဘယ္ေလာက္အထိအေရးပါလဲဆိုတာ အားလုံးအသိျဖစ္ပါတယ္။ ေဂ်ဆင္ႏိုက္ ဒဏ္ရာရခဲ့တာက အသငး္အတြက္ ဆုံးရႈံးမႈတစ္ခုျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ေတြ အေကာင္းဆုံးျဖစ္ေအာင္ရင္ဆိုင္ရမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ ႐ြန္နီဟာ အသက္(၂၁)ႏွစ္အ႐ြယ္အမ်ိဳးသမီး(၃)ဦးနဲ႔ ဟိုတယ္တစ္ခုမွာ အတူေပ်ာ္ပါးေနတဲ့ပုံေတြထြက္ေပၚခဲ့လို႔ ေဝဖန္ခံေနရၿပီး သူကေတာ့ ဒါက သက္သက္ေငြညႇစ္ခ်င္လို႔ဖန္တီးတာဆိုၿပီးေျဖရွင္းထားပါတယ္။