ကိုယ့်ပရိသတ်တွေရဲ့လှောင်ပြောင်တာကိုခံခဲ့ရလို့ ဘာစီလိုနာနောက်ခံလူ ရောဘတ်တို ငိုခဲ့ရ

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

မက်ဆီခေတ်အလွန် ဘာစီလိုနာအသင်းအတွက် အဆိုးဆုံးရှုံးနိမ့်မှုအဖြစ် အင်္ဂါနေ့က ဘိုင်ယန်မြူးနစ်အသင်းကို ၃ဂိုးပြတ်နဲ့ ဘာစီလိုနာ ရှုံးခဲ့တဲ့ပွဲမှာ ပွဲချိန်အတွင်း ကိုယ့်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်တာကို ခံခဲ့ရလို့ စပိန်နောက်ခံလူ ဆာဂျီရောဘတ်တိုဟာ ဝမ်းနည်းပြီး အဝတ်လဲခန်းထဲ ထိုင်ငိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ ၁၁လကမှ ဘိုင်ယန်မြူးနစ်ကို ၈-၂ဂိုးနဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် အခုတစ်ကြိမ် အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာ ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဆိုးဆုံးကတော့ ဂိုးပေါက်တည့်တဲ့ ကန်ချက်တစ်ကြိမ်မှ မရှိခဲ့ခြင်းပါပဲ။

ဘာစီလိုနာအသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ဂိုးပေါက်တည့်တဲ့ ကန်ချက်တစ်ကြိမ်မှ မရှိခဲ့တဲ့ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

စိတ်ပျက်စရာအရှုံးကြောင့် ဘာစီလိုနာပရိသတ်တွေဟာ သူတို့အသင်း ကစားသမားတွေကို သူတို့ကိုယ်တိုင် အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး အဲဒီထဲမှာ ငယ်မွေးခြံပေါက် ကစားသမား ဆာဂျီရောဘတ်တိုလည်း ပါခဲ့ပါတယ်။

ဆာဂျီရောဘတ်တို ဘောလုံးထိတိုင်း ဘာစီလိုနာပရိသတ်တွေ လှောင်ပြောင်ခဲ့ကြသလို ဒုတိယပိုင်း လူစားလဲချိန်မှာတော့ အဆိုးဆုံးဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေရဲ့လှောင်ပြောင်တာကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာကြောင့် ရောဘတ်တိုဟာ ပွဲအပြီးမှာ အဝတ်လဲခန်းထဲ ငိုကြွေးခဲ့ပါတယ်။

မျက်ရည်လည်ရွဲဖြစ်နေတဲ့ ရောဘတ်တိုကို ပီကေးနဲ့ ဘတ်စ်ကွက်ဇ်တို့လို စီနီယာကစားဖော်တွေက နှစ်သိမ့်ချော့မော့ခဲ့ရကြောင်း သိရပါတယ်။

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

zawgyi

ကိုယ့္ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္တာကိုခံခဲ့ရလို႔ ဘာစီလိုနာေနာက္ခံလူ ေရာဘတ္တို ငိုခဲ့ရ

မက္ဆီေခတ္အလြန္ ဘာစီလိုနာအသင္းအတြက္ အဆိုးဆုံးရႈံးနိမ့္မႈအျဖစ္ အဂၤါေန႔က ဘိုင္ယန္ျမဴးနစ္အသင္းကို ၃ဂိုးျပတ္နဲ႔ ဘာစီလိုနာ ရႈံးခဲ့တဲ့ပြဲမွာ ပြဲခ်ိန္အတြင္း ကိုယ့္အသင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္တာကို ခံခဲ့ရလို႔ စပိန္ေနာက္ခံလူ ဆာဂ်ီေရာဘတ္တိုဟာ ဝမ္းနည္းၿပီး အဝတ္လဲခန္းထဲ ထိုင္ငိုခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ လြန္ခဲ့တဲ့ ၁၁လကမွ ဘိုင္ယန္ျမဴးနစ္ကို ၈-၂ဂိုးနဲ႔ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ အခုတစ္ႀကိမ္ အိမ္ကြင္းပရိသတ္ေတြေရွ႕ေမွာက္မွာ ထပ္မံရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ အဆိုးဆုံးကေတာ့ ဂိုးေပါက္တည့္တဲ့ ကန္ခ်က္တစ္ႀကိမ္မွ မရွိခဲ့ျခင္းပါပဲ။ ဘာစီလိုနာအသင္းသမိုင္းတေလွ်ာက္ ခ်န္ပီယံလိဂ္ပြဲတစ္ပြဲမွာ ဂိုးေပါက္တည့္တဲ့ ကန္ခ်က္တစ္ႀကိမ္မွ မရွိခဲ့တဲ့ပြဲအျဖစ္လည္း မွတ္တမ္းဝင္သြားပါတယ္။

စိတ္ပ်က္စရာအရႈံးေၾကာင့္ ဘာစီလိုနာပရိသတ္ေတြဟာ သူတို႔အသင္း ကစားသမားေတြကို သူတို႔ကိုယ္တိုင္ ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကၿပီး အဲဒီထဲမွာ ငယ္ေမြးၿခံေပါက္ ကစားသမား ဆာဂ်ီေရာဘတ္တိုလည္း ပါခဲ့ပါတယ္။

ဆာဂ်ီေရာဘတ္တို ေဘာလုံးထိတိုင္း ဘာစီလိုနာပရိသတ္ေတြ ေလွာင္ေျပာင္ခဲ့ၾကသလို ဒုတိယပိုင္း လူစားလဲခ်ိန္မွာေတာ့ အဆိုးဆုံးျဖစ္ခဲ့ပါတယ္။ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္တာကို ျပင္းျပင္းထန္ထန္ ခံခဲ့ရတာေၾကာင့္ ေရာဘတ္တိုဟာ ပြဲအၿပီးမွာ အဝတ္လဲခန္းထဲ ငိုေႂကြးခဲ့ပါတယ္။ မ်က္ရည္လည္႐ြဲျဖစ္ေနတဲ့ ေရာဘတ္တိုကို ပီေကးနဲ႔ ဘတ္စ္ကြက္ဇ္တို႔လို စီနီယာကစားေဖာ္ေတြက ႏွစ္သိမ့္ေခ်ာ့ေမာ့ခဲ့ရေၾကာင္း သိရပါတယ္။