ကိုယ့်ကိုယ်ကို ၂၇ နှစ်အရွယ် ကစားသမားအဖြစ် သတ်မှတ်ထားတဲ့ မိုဒရစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲမက်ဒရစ်အသင်းကွင်းလယ်လူ လူကာမိုဒရစ်ကအတ္တလန္တာအသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ သူ့ရဲ့အသက်က ၃၅ နှစ်ရှိပေမယ့် ၂၇နှစ်လောက်ပဲ ရှိနေသေးတယ်လို့ ခံစားရကြောင်း ပြောဆိုလာခဲ့ပါတယ်။ မိုဒရစ်အနေနဲ့ အတ္တလန္တာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှ ာအဖွင့်ဂိုးဖြစ်စေမယ့်သွင်းဂိုးကို အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက အတ္တလန္တာအသင်းကို နှစ်ကျော့လုံးအနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။ ရီးရဲမက်ဒရစ်အတွက် ဂိုးသွင်းခဲ့သူများကတော့ ဘန်ဇီမာ ၃၄ မိနစ်၊ ရာမိုစ့် ၆၀ မိနစ် (ပင်နယ်တီ)၊ အဆန်စီယို ၈၅ မိနစ်တို့ဖြစ်ပြီး၊ အတ္တလန္တာအတွက် ဂိုးသွင်းခဲ့သူကတော့ မူရီရယ်လ် ၈၃ မိနစ်ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်က”ကျွန်တော့်အသက်၃၅နှစ်ရှိပါပြီ။ဒါပေမယ့် ကျွန်တော်ကတော့ အသက်၂၇နှစ်လောက်ပဲ ရှိသေးတယ်လို့ ကိုယ့်ကိုယ်ကိုထင်ပါတယ်။ အရင်တုန်းက နှစ်တွေကို ပြန်မကြည့်ပါဘူး။ ကွင်းထဲမှာ ဘာလုပ်နိုင်သလဲဆိုတာက အရေးကြီးတာပါ။””အသက်အရွယ်ဆိုတာက အဓိကမကျပါဘူး။ လက်ထဲမှာကိုင်ထားတဲ့ ပက်စ်ပို့မှာ အသက် ဘယ်လောက်ဆိုတာ အရေးမကြီးပါဘူး။

ကျွန်တော့်မှာရှိတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ရီးရဲလ်မှာ ဆုဖလားတွေ ရခဲ့ပါတယ်။ အခုထိလည်း ဆုဖလားတွေ ရရှိဖို့ ဆာလောင်နေတုန်းပါပဲ။ အောင်မြင်မှုတွေရရှိဖို့ ကျွန်တော် ဆက်လက်အလုပ် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုပိုင်းလည်း ကောင်းနေပါသေးတယ်။”လို့ပြောဆိုပါတယ်။ ဝါရင့်ကစားသမားကြီးကတော့ မြက်ခင်းစိမ်းကို စွန့်မယ့် အတွေး မရှိသေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုယ့္ကိုယ္ကို ၂၇ ႏွစ္အ႐ြယ္ ကစားသမားအျဖစ္ သတ္မွတ္ထားတဲ့ မိုဒရစ္

ရီးရဲမက္ဒရစ္အသင္းကြင္းလယ္လူ လူကာမိုဒရစ္ကအတၱလႏၲာအသင္းကိုအႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာသူ႔ရဲ႕အသက္က၃၅ႏွစ္ရွိေပမယ့္၂၇ႏွစ္ေလာက္ပဲရွိေနေသးတယ္လို႔ခံစားရေၾကာင္းေျပာဆိုလာခဲ့ပါတယ္။ မိုဒရစ္အေနနဲ႔အတၱလႏၲာအသင္းကိုဂိုးျပတ္အႏိုင္ရခဲ့တဲ့ဒုတိယအေက်ာ့ပြဲစဥ္မွာအဖြင့္ဂိုးျဖစ္ေစမယ့္သြင္းဂိုးကိုအေကာင္းဆုံးဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္အသင္းက အတၱလႏၲာအသင္းကို ႏွစ္ေက်ာ့လုံးအႏိုင္ယူခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာပါ။

ရီးရဲမက္ဒရစ္အတြက္ ဂိုးသြင္းခဲ့သူမ်ားကေတာ့ ဘန္ဇီမာ ၃၄ မိနစ္၊ ရာမိုစ့္ ၆၀ မိနစ္ (ပင္နယ္တီ)၊ အဆန္စီယို ၈၅ မိနစ္တို႔ျဖစ္ၿပီး၊ အတၱလႏၲာအတြက္ ဂိုးသြင္းခဲ့သူကေတာ့ မူရီရယ္လ္ ၈၃ မိနစ္ျဖစ္ပါတယ္။ အသက္၃၅ႏွစ္အ႐ြယ္ ဝါရင့္ကြင္းလယ္လူ လူကာမိုဒရစ္က”ကြၽန္ေတာ့္အသက္၃၅ႏွစ္ရွိပါၿပီ။ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အသက္၂၇ႏွစ္ေလာက္ပဲ ရွိေသးတယ္လို႔ ကိုယ့္ကိုယ္ကိုထင္ပါတယ္။ အရင္တုန္းက ႏွစ္ေတြကို ျပန္မၾကည့္ပါဘူး။ ကြင္းထဲမွာ ဘာလုပ္ႏိုင္သလဲဆိုတာက အေရးႀကီးတာပါ။”

“အသက္အ႐ြယ္ဆိုတာက အဓိကမက်ပါဘူး။ လက္ထဲမွာကိုင္ထားတဲ့ ပက္စ္ပို႔မွာ အသက္ ဘယ္ေလာက္ဆိုတာ အေရးမႀကီးပါဘူး။ ကြၽန္ေတာ့္မွာရွိတဲ့ စြမ္းေဆာင္ရည္ေတြနဲ႔အတူ ရီးရဲလ္မွာ ဆုဖလားေတြ ရခဲ့ပါတယ္။” “အခုထိလည္း ဆုဖလားေတြ ရရွိဖို႔ ဆာေလာင္ေနတုန္းပါပဲ။ ေအာင္ျမင္မႈ​ေတြရရွိဖို႔ ကြၽန္ေတာ္ ဆက္လက္အလုပ္ ႀကိဳးစားေနပါတယ္။ ကြၽန္​ေတာ့္ရဲ႕ ႀကံ့ခိုင္မႈပိုင္းလည္း ေကာင္းေနပါ​ေသးတယ္။”လို႔​ေျပာဆိုပါတယ္။ ၀ါရင့္ကစားသမားႀကီးက​ေတာ့ ျမက္ခင္းစိမ္းကို စြန္႔မယ့္ အ​​ေတြး မရွိ​ေသးပါဘူး။