ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုပြီး နုတ်ထွက်ဖို့ အစီအစဉ်မရှိတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခေါင်းမာတဲ့ဆိုးလ်ရှားကတော့ သူဟာ မန်ယူအတွက် အကောင်းဆုံးနည်းပြဖြစ်နေဆဲပဲလို့ အခိုင်အမာပြောကြားလိုက်ပြီး ရာထူးကနုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

မန်ယူဟာ မနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ ခါးသီးပြိုင်ဘက်လီဗာပူးကို ၅ ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး အဲဒါဟာ ဘောလုံးမှာ သူ့ရဲ့အမှောင်မိုက်ဆုံးနေ့ဖြစ်ကြောင်းလည်း ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

အဲဒီပွဲမှာ မန်ယူဟာ ပထမပိုင်းပြီးကတည်းက ၄ ဂိုးပြတ်နဲ့ရှုံးနေတာဖြစ်ပြီး အဲဒါဟာ သူတို့ရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ပထမပိုင်းပြီးချိန်မှာ ကစားသမားတွေဟာ ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပြီး ပေါ့ဂ်ဘာကလည်း လူစားဝင်လာပြီး ၁၅ အကြာမှာပဲ တိုက်ရိုက်အနီနဲ့အထုတ်ခံခဲ့ရလို့ မန်ယူတစ်ယောက်လျော့ခဲ့ရပါသေးတယ်။

သူ့ကိုယ်သူ မန်ယူကို ရှေ့ဆက်နိုင်အောင် လုပ်ပေးနိုင်သူဖြစ်နေဆဲပဲဆိုတာ ဘာကြောင့်သံသယမရှိတာလဲလို့ မေးမြန်းတော့ ဆိုးလ်ရှားက”ကျွန်တော်ဟာ အများကြီးကျော်ဖြတ်ခဲ့ရတာပါ။

အုပ်စုတစ်ခုအနေနဲ့လည်း ကျွန်တော်တို့ဟာ အများကြီးကျော်ဖြတ်ခဲ့ရတာပါ။

အခုနေ လက်လျှော့လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနော်ဝေသားနည်းပြက မန်ယူနည်းပြအဖြစ်ကနေ နုတ်ထွက်ဖို့ သူစဉ်းစားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကို အခုလို ပြောပါတယ်။

”ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်ပါတယ်။

အသင်းနဲ့ ကျွန်တော်လိုချင်တဲ့အခြေအနေရောက်တော့မယ်လို့လည်း ယုံကြည်ပါတယ်။

နောက်ပိုင်းရလဒ်တွေက မကောင်းလှလို့ ဘယ်သူမဆိုစိတ်ပျက်ကြမှာဖြစ်ပေမယ့် ကျွန်တော်တို့လျှောက်လှမ်းနေမှုမှာတော့ ယုံကြည်မှုကောင်းကောင်းရှိပါတယ်။

ဒီကနေ့ကတော့ အောက်ဆုံးရောက်သွားတာပေါ့ဗျာ။ နောက်ပွဲတွေအတွက် လာမယ့်လေ့ကျင့်ခန်းအစီအစဉ်မှာတော့ မှန်ကန်တဲ့စိတ်အခြေအနေရှိရပါမယ်”လို့ ဆိုးလ်ရှားက ဆိုခဲ့တာပါ။

လီဗာပူးအနေနဲ့ကတော့ ၁၉၂၅ ခုနှစ်နောက်ပိုင်း မန်ယူကို အပြတ်သားဆုံးအနိုင်ရခဲ့တာဖြစ်ပြီး အဲဒီမတိုင်က ဒီထက်ပြတ်သားတဲ့ရလဒ်နဲ့ မန်ယူကို တစ်ကြိမ်နိုင်ခဲ့ဖူးပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာဖြစ်ပြီး အဲဒီ ၄ ပွဲမှာ ၃ ပွဲရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္တယ္ဆိုၿပီး ႏုတ္ထြက္ဖို႔ အစီအစဥ္မရွိတဲ့ ဆိုးလ္ရွား

ေခါင္းမာတဲ့ဆိုးလ္ရွားကေတာ့ သူဟာ မန္ယူအတြက္ အေကာင္းဆုံးနည္းျပျဖစ္ေနဆဲပဲလို႔ အခိုင္အမာေျပာၾကားလိုက္ၿပီး ရာထူးကႏုတ္ထြက္ဖို႔ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။

မန္ယူဟာ မေန႔ညက အိုးလ္ထရက္ဖို႔ဒ္မွာ ခါးသီးၿပိဳင္ဘက္လီဗာပူးကို ၅ ဂိုးျပတ္နဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး အဲဒါဟာ ေဘာလုံးမွာ သူ႔ရဲ႕အေမွာင္မိုက္ဆုံးေန႔ျဖစ္ေၾကာင္းလည္း ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။

အဲဒီပြဲမွာ မန္ယူဟာ ပထမပိုင္းၿပီးကတည္းက ၄ ဂိုးျပတ္နဲ႔ရႈံးေနတာျဖစ္ၿပီး အဲဒါဟာ သူတို႔ရဲ႕ပရီးမီးယားလိဂ္သမိုင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

အဲဒါေၾကာင့္လည္း ပထမပိုင္းၿပီးခ်ိန္မွာ ကစားသမားေတြဟာ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းခံခဲ့ရၿပီး ေပါ့ဂ္ဘာကလည္း လူစားဝင္လာၿပီး ၁၅ အၾကာမွာပဲ တိုက္႐ိုက္အနီနဲ႔အထုတ္ခံခဲ့ရလို႔ မန္ယူတစ္ေယာက္ေလ်ာ့ခဲ့ရပါေသးတယ္။

သူ႔ကိုယ္သူ မန္ယူကို ေရွ႕ဆက္ႏိုင္ေအာင္ လုပ္ေပးႏိုင္သူျဖစ္ေနဆဲပဲဆိုတာ ဘာေၾကာင့္သံသယမရွိတာလဲလို႔ ေမးျမန္းေတာ့ ဆိုးလ္ရွားက”ကြၽန္ေတာ္ဟာ အမ်ားႀကီးေက်ာ္ျဖတ္ခဲ့ရတာပါ။

အုပ္စုတစ္ခုအေနနဲ႔လည္း ကြၽန္ေတာ္တို႔ဟာ အမ်ားႀကီးေက်ာ္ျဖတ္ခဲ့ရတာပါ။ အခုေန လက္ေလွ်ာ့လိုက္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေလ”လို႔ ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီေနာ္ေဝသားနည္းျပက မန္ယူနည္းျပအျဖစ္ကေန ႏုတ္ထြက္ဖို႔ သူစဥ္းစားမွာမဟုတ္ဘူးဆိုတဲ့အေၾကာင္းကို အခုလို ေျပာပါတယ္။

”ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ အသင္းနဲ႔ ကြၽန္ေတာ္လိုခ်င္တဲ့အေျခအေနေရာက္ေတာ့မယ္လို႔လည္း ယုံၾကည္ပါတယ္။ ေနာက္ပိုင္းရလဒ္ေတြက မေကာင္းလွလို႔ ဘယ္သူမဆိုစိတ္ပ်က္ၾကမွာျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ေလွ်ာက္လွမ္းေနမႈမွာေတာ့ ယုံၾကည္မႈေကာင္းေကာင္းရွိပါတယ္။

ဒီကေန႔ကေတာ့ ေအာက္ဆုံးေရာက္သြားတာေပါ့ဗ်ာ။ ေနာက္ပြဲေတြအတြက္ လာမယ့္ေလ့က်င့္ခန္းအစီအစဥ္မွာေတာ့ မွန္ကန္တဲ့စိတ္အေျခအေနရွိရပါမယ္”လို႔ ဆိုးလ္ရွားက ဆိုခဲ့တာပါ။

လီဗာပူးအေနနဲ႔ကေတာ့ ၁၉၂၅ ခုႏွစ္ေနာက္ပိုင္း မန္ယူကို အျပတ္သားဆုံးအႏိုင္ရခဲ့တာျဖစ္ၿပီး အဲဒီမတိုင္က ဒီထက္ျပတ္သားတဲ့ရလဒ္နဲ႔ မန္ယူကို တစ္ႀကိမ္ႏိုင္ခဲ့ဖူးပါတယ္။

မန္ယူဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၄ ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တာျဖစ္ၿပီး အဲဒီ ၄ ပြဲမွာ ၃ ပြဲရႈံးခဲ့တာလည္း ျဖစ္ပါတယ္။