ကိုဘီဘရိုင်ယန်အတွက် ဘောလုံးကမ္ဘာမှ ဝမ်းနည်းဖွယ်နှုတ်ဆက်မှုများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ကမ္ဘာကျော်ဘတ်စကတ်ဘောပြိုင်ပွဲဖြစ်တဲ့ NBA ပြိုင်ပွဲရဲ့ နာမည်ကျော်ကစားသမားတစ်ဦးဖြစ်တဲ့ ကိုဘီဘရိုင်ယန်ဟာ မမျှော်လင့်ထားဘဲ အားလုံးကိုနှုတ်ဆက်ထွက်ခွာသွားပါပြီ။ ကယ်လီ ဖိုးနီးယား ဒေသ ကို ခရီးသွားရင်း ရဟတ်ယဉ် ပျက်ကျ ကာ အသက် 42 နှစ်အရွယ်မှာပဲ ကိုဘီဘရိုင်ယန်တစ်ယောက် သူချစ်တဲ့သူတွေကိုထားသွားခဲ့ပါပြီ။ အဲဒီမတော်တဆမှုမှာ ကိုဘီနဲ့အတူတူသူ့ရဲ့ အသက် ၁၃ နှစ် အရွယ် သမီး အပါ အဝင် စုစုပေါင်း ၅ ဦး ကွယ်လွန် ခဲ့တယ် လို့ သိရ ပါတယ်။

photo internet

ကိုဘီအခုလို ရုတ်တရက် ထွက်ခွာသွားရတာဟာ NBA ပြိုင်ပွဲအတွက်သာမက အားကစားလောကအတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေ ခဲ့ပါတယ်။ ကိုဘီကို ချစ်တဲ့ပရိသတ်တွေ၊ အားကစားလောကကလူတွေကသူ့အတွက် ဝမ်းနည်းနှုတ်ဆက် စကားတွေ အသီးသီးဆိုကြပါတယ်။ ဘောလုံးလောကကလူတွေရဲ့ နှမျောတသစွာ ဝမ်းနည်းနှုတ်ဆက်မှုတွေ ကိုတင်ဆက်ပေးလိုက်ပါတယ်။

photo internet

ဂျူဗင်တပ်စ်အသင်းရဲ့နာမည်ကျော်တိုက်စစ်မှူးုဖြစ်သူ စီရော်နယ်ဒိုက “ကိုဘီ နဲ့ သူ့သမီးလေး တို့ရဲ့ ဝမ်းနည်းကြေကွဲ စရာ ကောင်းတဲ့ သတင်း ကို ကြားလိုက် ရတဲ့ အတွက် အရမ်းပဲ ဝမ်းနည်း မိပါတယ် ။ ကိုဘီ ဟာ အားကစား လောကရဲ့ စစ်မှန်တဲ့ ဂန္ထဝင် တစ်ယောက် ဖြစ်သလို အတော်များများ ရဲ့ စံပြုထိုက်သူလည်း ဖြစ်ခဲ့ ပါတယ် ။ သူ့ရဲ့ မိသားစုတွေ ၊ မိတ်ဆွေ တွေ နဲ့ ပျက်ကျတဲ့ အထဲမှာ ပါဝင်သွားသူတွေရဲ့ မိသားစုဝင်တွေ ကို ကျွန်တော့ ရဲ့ ဝမ်းနည်းနှစ်သိမ့်မှု ကို ပို့သလိုက်ရ ပါတယ် ။ ငြိမ်းချမ်းစွာ နားနေပါတော့ ဂန္ထဝင်ကြီးရေ” လို့ သူ့ရဲ့ Instagram က တစ်ဆင့် ရေးသား ပြောဆိုခဲ့ ပါတယ် ။

photo internet

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးဖြစ်သူ မက်ဆီကတော့“ကျွန်တော့်မှာ ပြောစရာ စကားလုံးတောင် မရှိတော့ ပါဘူး ။ ကိုဘီရဲ့ မိသားစု နဲ့ မိတ်ဆွေတွေအတွက် ကျွန်တော် အနေနဲ့ချစ်ခြင်းမေတ္တာတွေ ပေးပို့ပါတယ်။ ကိုဘီခင်ဗျား နဲ့ တွေ့ဆုံပြီး စကားပြောခွင့် ရခဲ့တာ ဟာ တကယ့်ကို ပျော်ရွှင်စရာ အမှတ်တရပါပဲ ။ ခင်ဗျားဟာ ပါရမီရှိတဲ့ လူနည်းစုထဲက တစ်ယောက်ပါပဲ” လို့ Instagram မှာ ဝမ်းနည်းကြောင်း ရေးသား ထားပါတယ် ။
ယူနိုက်တက်တိုက်စစ်မှူးဖြစ်သူ ပေါ့ဘာကတော့ “ခင်ဗျားဟာသူရဲကောင်းတစ်ယောက်လိုလာပြီး ဂန္တာဝင် တစ်ယောက်လို ထွက်ခွာသွားပြီပေါ့။ ကိုဘီ၊သူ့သမီးလေးနဲ့ဒီမတော်တဆမှုမှာပါဝင်တဲ့ သူအားလုံးရဲ့ မိသားစုဝင်တွေ အတွက် ဆုတောင်းပေးပါတယ်။ ငြိမ်းချမ်းစွာအနားယူနိုင်ကြပါစေ”လို့ရေးသားထားပါတယ်။

photo internet

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးဖြစ်သူ နေမာကတော့ လိုင်လီအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူပြီးတဲ့အခါမှာ ကိုဘီအတွက်ရည်စူးတဲ့အောင်ပွဲခံတဲ့ပုံစံကိုလုပ်ပြခဲ့ပါတယ်။ နေမာဟာ 24 ဆိုတဲ့ စာလုံးကို လက်နဲ့ပုံဖော်ခဲ့ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ကိုဘီဘရိုင်ယန်ဟာ ဘတ်စကတ်ဘောကစား သမားဘဝမှာ ကျောနံပါတ် 24 အင်္ကျီကိုဝတ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်နေမာဟာပွဲအပြီးမှာလည်း သတင်းထောက်တွေကိုအခုလိုပြောဆိုခဲ့ပါတယ်။ “ပထမပိုင်းအပြီးမှာ အဲဒီသတင်းကို ကျွန်တော် ကြားသိခဲ့ရ ပါတယ် ။ ကိုဘီ ကွယ်လွန်တာဟာ ဘတ်စကတ်ဘော လောက အတွက်သာ မဟုတ်ပါဘူး ၊ အားကစား လောက အတွက်လည်း ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမှု ပါပဲ ။ ကျွန်တော် သူ့ကို ကောင်းကောင်း သိပါတယ် ၊ ကျွန်တော့်ရဲ့ အောင်ပွဲခံတဲ့ပုံစံဟာ သူ့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။ ငြိမ်းငြိမ်ချမ်းချမ်း အနားယူသွား နိုင်ပါစေလို့ မျှော်လင့် ပါတယ်”ဆိုပြီးပြောပါတယ်။
စပါးအသင်းရဲ့တိုက်စစ်မှူးဖြစ်သူ ဟယ်ရီကိန်းကတော့ ကိုဘီဘရိုင်ယန်နဲ့တွဲပြီးရိုက်ထားတဲ့ဓာတ်ပုံကို ဖော်ပြပြီး ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။

photo internet

အာဆင်နယ် ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်စီးတီး၊ အေစီ မီလန် ၊ အင်တာ မီလန် အသင်းက ကစားသမားတွေကလည်း ဝမ်းနည်းစကားတွေဆိုခဲ့ကြပါတယ်။ အပြေးချန်ပီယံအူစိန်ဘော့ကလည်း 2012 လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ကိုဘီဘရိုင်ယန်နဲ့အတူရိုက်ကူးထားတဲ့ ဓါတ်ပုံကိုဖော်ပြပြီး ဝမ်းနည်းကြောင်းပြသ ခဲ့ပါတယ်။ ကိုဘီ ဘရိုင်ယန် အဓိက ကစားခဲ့တဲ့ LA Lakers အသင်းကတော့ ဘရိုင်ယန် အတွက် ဂုဏ်ပြု ပွဲ ကျင်းပပေးဖို့ စီစဉ် နေပြီး ကျောနံပါတ် ၂၄ ကို လည်း ထာဝရ အနားပေးဖို့ ပြင်ဆင် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။ ရဟတ်ယဉ် ပျက်ကျ ခဲ့တဲ့ အကြောင်းအရင်း ကို တော့ စုံစမ်း စစ်ဆေး နေဆဲ ဖြစ်ပြီး အမြန်ဆုံး သတင်း ထုတ်ပြန် မယ်လို့ သိရ ပါတယ် ။

photo internet

ကိုဘီ ဘရိုင်ယန် ဟာ ၁၉၉၆ ကနေ ၂၀၁၆ ခုနှစ် အတွင်း ဘတ်စကတ်ဘော လောက မှာ အောင်မြင်ကျော်ကြား ခဲ့တာဖြစ်ပြီး၊ NBA ချန်ပီယံ ၅ ကြိမ် ၊ NBA Final MVP ၂ ကြိမ် ၊ NBA MVP ၁ ကြိမ် နဲ့ NBA All-star အသင်း မှာ ၁၈ ကြိမ် ရွေးချယ်ခံ ခဲ့ရတဲ့ ကစား သမား ဖြစ် ပါတယ် ။ ကိုဘီဘရိုင်ယန် တစ်ယောက် ငြိမ်းချမ်းတဲ့နေရာမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ကိုဘီဘရိုင္ယန္အတြက္ ေဘာလုံးကမၻာမွ ၀မ္းနည္းဖြယ္ႏႈတ္ဆက္မႈမ်ား

ကမၻာေက်ာ္ဘတ္စကတ္ေဘာၿပိဳင္ပြဲျဖစ္တဲ့ NBA ၿပိဳင္ပြဲရဲ႕ နာမည္ေက်ာ္ကစားသမားတစ္ဦးျဖစ္တဲ့ ကိုဘီဘရုိင္ယန္ဟာ မေမွ်ာ္လင့္ထားဘဲ အားလုံးကိုႏႈတ္ဆက္ထြက္ခြာသြားပါၿပီ။ ကယ္လီ ဖိုးနီးယား ေဒသ ကို ခရီးသြားရင္း ရဟတ္ယဥ္ ပ်က္က် ကာ အသက္ 42 ႏွစ္အရြယ္မွာပဲ ကိုဘီဘရိုင္ယန္တစ္ေယာက္ သူခ်စ္တဲ့သူေတြကိုထားသြားခဲ့ပါၿပီ။ အဲဒီမေတာ္တဆမႈမွာ ကိုဘီနဲ႔အတူတူသူ႔ရဲ႕ အသက္ ၁၃ ႏွစ္ အ႐ြယ္ သမီး အပါ အဝင္ စုစုေပါင္း ၅ ဦး ကြယ္လြန္ ခဲ့တယ္ လို႔ သိရ ပါတယ္။ကိုဘီအခုလို ရုတ္တရက္ ထြက္ခြာသြားရတာဟာ NBA ၿပိဳင္ပြဲအတြက္သာမက အားကစားေလာကအတြက္ပါ ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္ေစ ခဲ့ပါတယ္။ ကိုဘီကို ခ်စ္တဲ့ပရိသတ္ေတြ၊ အားကစားေလာကကလူေတြကသူ႔အတြက္ ၀မ္းနည္းႏႈတ္ဆက္ စကားေတြ အသီးသီးဆုိၾကပါတယ္။ ေဘာလုံးေလာကကလူေတြရဲ႕ ႏွေမ်ာတသစြာ ၀မ္းနည္းႏႈတ္ဆက္မႈေတြ ကိုတင္ဆက္ေပးလုိက္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းရဲ႕နာမည္ေက်ာ္တိုက္စစ္မွဴးုျဖစ္သူ စီေရာ္နယ္ဒိုက “ကိုဘီ နဲ႔ သူ႔သမီးေလး တို႔ရဲ႕ ၀မ္းနည္းေၾကကြဲ စရာ ေကာင္းတဲ့ သတင္း ကို ၾကားလိုက္ ရတဲ့ အတြက္ အရမ္းပဲ ၀မ္းနည္း မိပါတယ္ ။ ကိုဘီ ဟာ အားကစား ေလာကရဲ႕ စစ္မွန္တဲ့ ဂႏၴဝင္ တစ္ေယာက္ ျဖစ္သလို အေတာ္မ်ားမ်ား ရဲ႕ စံျပဳထိုက္သူလည္း ျဖစ္ခဲ့ ပါတယ္ ။ သူ႔ရဲ႕ မိသားစုေတြ ၊ မိတ္ေဆြ ေတြ နဲ႔ ပ်က္က်တဲ့ အထဲမွာ ပါ၀င္သြားသူေတြရဲ႕ မိသားစုဝင္ေတြ ကို ကြၽန္ေတာ့ ရဲ႕ ၀မ္းနည္းႏွစ္သိမ့္မႈ ကို ပို႔သလိုက္ရ ပါတယ္ ။ ၿငိမ္းခ်မ္းစြာ နားေနပါေတာ့ ဂႏၴဝင္ႀကီးေရ” လို႔ သူ႔ရဲ႕ Instagram က တစ္ဆင့္ ေရးသား ေျပာဆိုခဲ့ ပါတယ္ ။
ဘာစီလိုနာအသင္းရဲ႕တုိက္စစ္မွဴးျဖစ္သူ မက္ဆီကေတာ့“ကၽြန္ေတာ့္မွာ ေျပာစရာ စကားလုံးေတာင္ မရွိေတာ့ ပါဘူး ။ ကိုဘီရဲ႕ မိသားစု နဲ႔ မိတ္ေဆြေတြအတြက္ ကြၽန္ေတာ္ အေနနဲ႔ခ်စ္ျခင္းေမတၱာေတြ ေပးပို႔ပါတယ္။ ကိုဘီခင္ဗ်ား နဲ႔ ေတြ႕ဆုံၿပီး စကားေျပာခြင့္ ရခဲ့တာ ဟာ တကယ့္ကို ေပ်ာ္႐ႊင္စရာ အမွတ္တရပါပဲ ။ ခင္ဗ်ားဟာ ပါရမီရိွတဲ့ လူနည္းစုထဲက တစ္ေယာက္ပါပဲ” လို႔ Instagram မွာ ၀မ္းနည္းေၾကာင္း ေရးသား ထားပါတယ္ ။
ယူႏိုက္တက္တိုက္စစ္မွဴးျဖစ္သူ ေပါ့ဘာကေတာ့ “ခင္ဗ်ားဟာသူရဲေကာင္းတစ္ေယာက္လိုလာၿပီး ဂႏၱာ၀င္ တစ္ေယာက္လို ထြက္ခြာသြားၿပီေပါ့။ ကိုဘီ၊သူ႔သမီးေလးနဲ႔ဒီမေတာ္တဆမႈမွာပါ၀င္တဲ့ သူအားလုံးရဲ႕ မိသားစု၀င္ေတြ အတြက္ ဆုေတာင္းေပးပါတယ္။ ၿငိမ္းခ်မ္းစြာအနားယူႏိုင္ၾကပါေစ”လို႔ေရးသားထားပါတယ္။
ပီအက္စ္ဂ်ီအသင္းရဲ႕တိုက္စစ္မွဴးျဖစ္သူ ေနမာကေတာ့ လုိင္လီအသင္းနဲ႔ပြဲစဥ္မွာ ပင္နယ္တီကေန ဂိုးသြင္းယူၿပီးတဲ့အခါမွာ ကိုဘီအတြက္ရည္စူးတဲ့ေအာင္ပြဲခံတဲ့ပုံစံကိုလုပ္ျပခဲ့ပါတယ္။ ေနမာဟာ 24 ဆိုတဲ့ စာလုံးကို လက္နဲ႔ပုံေဖာ္ခဲ့ၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ ကိုဘီဘရိုင္ယန္ဟာ ဘတ္စကတ္ေဘာကစား သမားဘ၀မွာ ေက်ာနံပါတ္ 24 အက်ႌကို၀တ္ဆင္ကစားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ေနမာဟာပြဲအၿပီးမွာလည္း သတင္းေထာက္ေတြကိုအခုလိုေျပာဆိုခဲ့ပါတယ္။ “ပထမပိုင္းအၿပီးမွာ အဲဒီသတင္းကို ကြၽန္ေတာ္ ၾကားသိခဲ့ရ ပါတယ္ ။ ကိုဘီ ကြယ္လြန္တာဟာ ဘတ္စကတ္ေဘာ ေလာက အတြက္သာ မဟုတ္ပါဘူး ၊ အားကစား ေလာက အတြက္လည္း ႀကီးမားတဲ့ နစ္နာ ဆုံးရႈံးမႈ ပါပဲ ။ ကြၽန္ေတာ္ သူ႔ကို ေကာင္းေကာင္း သိပါတယ္ ၊ ကြၽန္ေတာ့္ရဲ႕ ေအာင္ပြဲခံတဲ့ပုံစံဟာ သူ႔အတြက္ရည္ရြယ္တာျဖစ္ပါတယ္။ ၿငိမ္းၿငိမ္ခ်မ္းခ်မ္း အနားယူသြား ႏိုင္ပါေစလို႔ ေမွ်ာ္လင့္ ပါတယ္”ဆိုၿပီးေျပာပါတယ္။
စပါးအသင္းရဲ႕တိုက္စစ္မွဴးျဖစ္သူ ဟယ္ရီကိန္းကေတာ့ ကိုဘီဘရိုင္ယန္နဲ႔တြဲၿပီးရိုက္ထားတဲ့ဓာတ္ပုံကို ေဖာ္ျပၿပီး ၀မ္းနည္းေၾကာင္းျပသခဲ့ပါတယ္။ အာဆင္နယ္ ၊ ခ်ဲလ္ဆီး ၊ လီဗာပူး ၊ မန္စီးတီး၊ ေအစီ မီလန္ ၊ အင္တာ မီလန္ အသင္းက ကစားသမားေတြကလည္း ၀မ္းနည္းစကားေတြဆိုခဲ့ၾကပါတယ္။ အေျပးခ်န္ပီယံအူစိန္ေဘာ့ကလည္း 2012 လန္ဒန္အိုလံပစ္ၿပိဳင္ပြဲမွာ ကိုဘီဘရုိင္ယန္နဲ႔အတူရုိက္ကူးထားတဲ့ ဓါတ္ပုံကိုေဖာ္ျပၿပီး ၀မ္းနည္းေၾကာင္းျပသ ခဲ့ပါတယ္။ ကိုဘီ ဘ႐ိုင္ယန္ အဓိက ကစားခဲ့တဲ့ LA Lakers အသင္းကေတာ့ ဘ႐ိုင္ယန္ အတြက္ ဂုဏ္ျပဳ ပြဲ က်င္းပေပးဖို႔ စီစဥ္ ေနၿပီး ေက်ာနံပါတ္ ၂၄ ကို လည္း ထာဝရ အနားေပးဖို႔ ျပင္ဆင္ ေနတယ္လို႔ သတင္း ၾကားသိရ ပါတယ္ ။ ရဟတ္ယဥ္ ပ်က္က် ခဲ့တဲ့ အေၾကာင္းအရင္း ကို ေတာ့ စုံစမ္း စစ္ေဆး ေနဆဲ ျဖစ္ၿပီး အျမန္ဆုံး သတင္း ထုတ္ျပန္ မယ္လို႔ သိရ ပါတယ္ ။
ကိုဘီ ဘ႐ိုင္ယန္ ဟာ ၁၉၉၆ ကေန ၂၀၁၆ ခုႏွစ္ အတြင္း ဘတ္စကတ္ေဘာ ေလာက မွာ ေအာင္ျမင္ေက်ာ္ၾကား ခဲ့တာျဖစ္ၿပီး၊ NBA ခ်န္ပီယံ ၅ ႀကိမ္ ၊ NBA Final MVP ၂ ႀကိမ္ ၊ NBA MVP ၁ ႀကိမ္ နဲ႔ NBA All-star အသင္း မွာ ၁၈ ႀကိမ္ ေ႐ြးခ်ယ္ခံ ခဲ့ရတဲ့ ကစား သမား ျဖစ္ ပါတယ္ ။ ကိုဘီဘရိုင္ယန္ တစ္ေယာက္ ၿငိမ္းခ်မ္းတဲ့ေနရာမွာေအးခ်မ္းစြာအနားယူႏိုင္ပါေစလို႔ဆုေတာင္းလိုက္ပါတယ္။