ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး လှောင်ပြောင်မှုကြောင့် ယူနိုက်တက်နဲ့ပွဲကို လွဲတော့မယ့် အလီ

ဒယ်လီအလီဟာ ဖေဖော်ဝါရီလက အာရှသားတစ်ယောက်ကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လှောင်ပြောင်တဲ့ ဗီဒီယိုတင်ခဲ့တာကြောင် အက်ဖ်အေက ၁ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ တော့တင်ဟမ်စတားဟာ ယခင်က အက်ဖ်အေရဲ့ စစ်ဆေးခြင်းကို ခံခဲ့ရပြီး ယခုအချိန်မှတော့ ဒဏ်ကြေး ပေါင် ၅၀၀၀၀ ပေးဆောင်ရမှာ ဖြစ်သလို ကိုဗစ်အပြီး ပြန်ကစားမယ့် ယူနိုက်တက်နဲ့ပွဲကိုလည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။


အလားတူ အလီတစ်ယောက် အက်ဖ်အေရဲ့ အသိပညာပေးသင်တန်းကိုလည်း တက်ရောက်သွားရမှာ ဖြစ်ပါတယ်။ အလီဟာ အဆိုပါ အချိန်တုန်းက အာရှသားတစ်ယောက်ကို ဗီဒီယို ရိုက်တာ “ကိုရိုနာကြီးပါလား။ အသံဖွင့်ပြီး နားထောင်ကြပါ”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။


အဲ့ဒီနောက် Snapchat Storyမှာ ကွင်းလယ်လူက Maskကို ဝတ်ဆင်ထားပြီး လက်သန့်ဆေးကိုပြကာ “ကိုရိုနာ ငါ့ကို ကူးဖို့ဆိုရင် ငါ့ထက်မြန်မှရမယ်”လို့ ရေးသားခဲ့ပါတယ်။ အလီဟာ အဆိုပါ ဗီဒီယိုကို ပြန်ဖျက်သွားခဲ့ပြီး သူ့ရဲ့ လုပ်ရပ်အတွက် ၂ကြိမ်တိုင် တောင်းပန်ခဲ့ပေမဲ့ အက်ဖ်အေရဲ့ အရေးယူခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။


အလီက အရေးယူခံခဲ့ရပြီးနောက် “အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်အပြီးမှာလည်း ကျွန်တော် ဖေဖော်ဝါရီ ၆ရက်နေ့က လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ထပ်ပြီး တောင်းပန်ပါတယ်။ အဲ့ဒါက တော်တော်လေးဆိုးတဲ့ နောက်ပြောင်မှုတစ်ခုဖြစ်ပြီး ခုတော့ မတွေးထားလောက်အောင် ရောဂါက ကြီးမားနေပါပြီ။ ကျွန်တော် တကယ်တမ်းမှာလည်း လူမျိုးရေးခွဲတတ်သူ မဟုတ်တာကြောင့် အက်ဖ်အေက ဒီလုပ်ရပ်ဟာ လူူမျိုးရေးခွဲတာ မဟုတ်ဘူးလို့ အတည်ပြုခဲ့လို့ ဝမ်းသာပါတယ်”လို့ ပြောခဲ့ပါတယ်။