
photo-daily mail
photo-EPA
ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းတွေ့နေတဲ့ သူ့ဇာတိနိုင်ငံတိုဂိုကို ငွေကြေးအရ ကူညီပေးဖို့ ငြင်းဆန်ခဲ့ပြီးနောက် အာဆင်နယ်နဲ့စပါးတိုက်စစ်မှုးဟောင်းအဒီဘာယောဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့လည်း အဒီဘာယောကတော့ လှူဒါန်းမှုပြုလုပ်ဖို့ လိုအပ်တယ်လို့ မမြင်သေးဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အဲဒီဘာယောဟာ လက်ရှိမှာ ပါရာဂွေးကလပ်အိုလံပီယာအတွက် ကစားနေပေမယ့် ကိုဗစ်ကြောင့် ဇာတိတိုဂိုမှာပဲ တစ်ကိုယ်တည်းသီးခြားနေထိုင်နေပါတယ်။
photo-PA
အခုလို တိုင်းပြည်အကျပ်အတည်းကြုံနေချိန်မှာ သူပိုင်ဆိုင်တဲ့သန်းနဲ့ချီတဲ့ပိုက်ဆံတွေထဲက တချို့ကို လှူသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် အဒီဘာယောကတော့ ”ကျွန်တော့်နှလုံးသားက ဆန္ဒရှိတဲ့အတိုင်းပဲ အမြဲလုပ်သွားမှာပါ။ တခြားသူတွေရဲ့စကားအတိုင်း လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်မလှူဘူးလို့ ပြောတဲ့သူတွေကို တကယ်ကိုလှူမှာ မဟုတ်ဘူးလို့ အရမ်းကို ရှင်းလင်းစွာနဲ့ ပြောချင်ပါတယ်။ ကျွန်တော်လုပ်ချင်တာလုပ်မယ်၊ ကျွန်တော်စားချင်တာ စားမယ်။ အဲဒါကသာ အရေးကြီးဆုံးပါပဲ”လို့ Facebook ကနေ Live လွှင့်ရင်း ပြောခဲ့တာပါ။
photo-instagram
အီတိုးနဲ့ ဒရော့ဘာတို့လို အာဖရိကရဲ့နာမည်ကြီးတိုက်စစ်မှုးဟောင်းတွေကတော့ ကိုဗစ်အကျပ်အတည်းကာလမှာ သူတို့ရဲ့သက်ဆိုင်ရာတိုင်းပြည်တွေအတွက် အကူအညီပေးနေကြပြီး အီတိုးဆိုရင် ကင်မရွန်းမှာ ရိက္ခာပစ္စည်းတွေကို လှူဒါန်းနေကာ ဒရော့ဘာဆိုရင်လည်း အိုင်ဗရီကို့စ်ဟာ ဆေးရုံသစ်တစ်ရုံတည်ဆောက်ပေးနေတာပါ။ လက်ရှိမှာတော့ တိုဂိုနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၈၆ ဦးရှိပြီး အဲဒီထဲမှာ ၆ ဦးသေဆုံးထားပါတယ်။
[Zawgyi]
ကိုဗစ်အကျပ်အတည်းမှာ လှူဖို့ငြင်းဆန်ခဲ့ပြီးနောက် သူ့ကိုယ်သူကာကွယ်ပြောလိုက်တဲ့ အဒီဘာယော