ကိုဗစ်ရောဂါကြောင့် ဘောလုံးမကစားနိုင်တဲ့ကစားသမားတွေအတွက် ပရီးမီးယားလိဂ်ကလပ်တွေ ပေါင်(၉)သန်းကျော် လစာအသားတင်ပေးခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကိုဗစ်ရောဂါကူးစက်ခံစားခဲ့ရလို့ အသင်းအတွက်မကစားနိုင်တဲ့ ဘောလုံးသမားတွေအတွက် ကလပ်အသင်းတွေက လစာအဖြစ် ပေါင်(၉)သန်းကျော်အသားတင်ပေးခဲ့ရတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီတစ်လျှောက် ကိုဗစ်ရောဂါကြောင့် ကစားသမားအယောက်(၇၀)ဟာ အသင်းအတွက်မကစားနိုင်ခဲဲ့ဘဲ အဲဒီကစားသမားတွေကို ကလပ်အသင်းတွေပေးချေရတဲ့လစာက ပျမ်းမျှတစ်ယောက်ကို ပေါင်(၁၂၈,၈၂၂)အထိရှိခဲ့ပါတယ်။

ကိုဗစ်ရောဂါဆိုးစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉-၂၀ ရာသီဝက်ကစလို့ ဒီရာသီအထိ ရောဂါကူးစက်ခံခဲ့ရတဲ့ကစားသမားတွေအတွက် ကလပ်အသင်းတွေ အသားတင်ပေးခဲ့ရတဲ့လစာက ပေါင်သန်း(၂၀)နီးပါးရှိနေတာပါ။

အခုစစ်တမ်းကို နိုင်ငံတကာအာမခံအကျိုးဆောင်စီးပွားရေးအဖွဲ့(International Insurance Brokers)က ‘Feeling The Strain: 2021 European Football Injury Index’ဆိုတဲ့ ခေါင်းစဉ်နဲ့စာတမ်းပြုစုခဲ့တာဖြစ်ပြီး

ပြီးခဲ့တဲ့ရာသီက ဥရောပထိပ်သီးလိဂ်(၅)ခုမှာပါဝင်ကစားခဲ့ကြတဲ့ကလပ်အသင်းတွေရဲ့ ကစားသမားဒဏ်ရာရရှိမှု၊ ကိုဗစ်ရောဂါကြောင့် ဘောလုံးမကစားနိုင်တဲ့ပွဲပေါင်း၊ ကလပ်အသင်းတွေရဲ့ငွေကြေးဆုံးရှုံးမှုစတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီတုန်းက အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေရဲ့ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ကစားသမားစုစုပေါင်း (၄၉၄)ဦးအထိရှိခဲ့ပြီး

ပရီးမီးယားလိဂ်မှာ (၇၀)ယောက်၊ ဘွန်ဒစ်လီဂါမှာ (၇၃)ယောက်၊ လာလီဂါပြိုင်ပွဲမှာ (၈၃)ယောက်၊ ပြင်သစ်လီဂူးမှာတော့ (၉၇)ယောက်နဲ့ စီးရီးအေမှာ အများဆုံးအဖြစ်(၁၇၁)ယောက်အထိ ရောဂါဖြစ်ပွားခဲ့တာပါ။

ကိုဗစ်ရောဂါကြောင့် ဘောလုံးသမားတွေအနားယူခဲ့ရတဲ့ပျမ်းမျှရက်ပေါင်းက လာလီဂါမှာ (၁၃)ရက်၊ ပရီးမီးယားလိဂ်နဲ့စီးရီးအေပြိုင်ပွဲမှာ (၁၄)ရက်၊ ပြင်သစ်လီဂူးမှာ (၁၅)ရက်၊ ဘွန်ဒစ်လီဂါမှာ (၁၇)ရက်ရှိခဲ့ပါတယ်။

ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ကိုဗစ်ရောဂါဖြစ်လို့ ဘောလုံးမကစားနိုင်တဲ့ကစားသမားတွေကို ကလပ်အသင်းတွေအသားတင်ပေးချေခဲ့ရတဲ့ လစာငွေပမာဏက ပေါင်(၄၂)သန်းကျော်ရှိခဲ့ပြီး

မနှစ်က ကစားသမားတွေထိခိုက်ဒဏ်ရာရမှုပေါင်း (၃,၉၈၈)ကြိမ်မှာ ကိုဗစ်ကြောင့်ဘောလုံးမကစားနိုင်တဲ့သူက (၄၉၄)ယောက်ရှိတဲ့အတွက် ဒဏ်ရာစာရင်းမှာပါဝင်ခဲ့တဲ့သူ(၁၀)ယောက်မှာ

တစ်ယောက်လောက်က ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာဖြစ်သလို အသင်းအတွက်မကစားနိုင်တဲ့ကစားသမားကို သက်ဆိုင်ရာကလပ်အသင်းတွေ အသားတင်ပေးရတဲ့ လစာငွေစုစုပေါင်း ပေါင်(၄၁၅)သန်းထဲက (၁၀%)ဟာ ကိုဗစ်ရောဂါခံစားခဲ့ရလို့ ဘောလုံးမကစားနိုင်တဲ့ကစားသမားတွေပေးချေခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္ေရာဂါေၾကာင့္ ေဘာလုံးမကစားႏိုင္တဲ့ကစားသမားေတြအတြက္ ပရီးမီးယားလိဂ္ကလပ္ေတြ ေပါင္(၉)သန္းေက်ာ္ လစာအသားတင္ေပးခဲ့ရ

ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ကိုဗစ္ေရာဂါကူးစက္ခံစားခဲ့ရလို႔ အသင္းအတြက္မကစားႏိုင္တဲ့ ေဘာလုံးသမားေတြအတြက္ ကလပ္အသင္းေတြက လစာအျဖစ္ ေပါင္(၉)သန္းေက်ာ္အသားတင္ေပးခဲ့ရတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္။ ၂၀၂၀-၂၁ ရာသီတစ္ေလွ်ာက္ ကိုဗစ္ေရာဂါေၾကာင့္ ကစားသမားအေယာက္(၇၀)ဟာ အသင္းအတြက္မကစားႏိုင္ခဲဲ့ဘဲ အဲဒီကစားသမားေတြကို ကလပ္အသင္းေတြေပးေခ်ရတဲ့လစာက ပ်မ္းမွ်တစ္ေယာက္ကို ေပါင္(၁၂၈,၈၂၂)အထိရွိခဲ့ပါတယ္။

ကိုဗစ္ေရာဂါဆိုးစတင္ျဖစ္ပြားခဲ့တဲ့ ၂၀၁၉-၂၀ ရာသီဝက္ကစလို႔ ဒီရာသီအထိ ေရာဂါကူးစက္ခံခဲ့ရတဲ့ကစားသမားေတြအတြက္ ကလပ္အသင္းေတြ အသားတင္ေပးခဲ့ရတဲ့လစာက ေပါင္သန္း(၂၀)နီးပါးရွိေနတာပါ။ အခုစစ္တမ္းကို ႏိုင္ငံတကာအာမခံအက်ိဳးေဆာင္စီးပြားေရးအဖြဲ႕(International Insurance Brokers)က ‘Feeling The Strain: 2021 European Football Injury Index’ဆိုတဲ့ ေခါင္းစဥ္နဲ႔စာတမ္းျပဳစုခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ဥေရာပထိပ္သီးလိဂ္(၅)ခုမွာပါဝင္ကစားခဲ့ၾကတဲ့ကလပ္အသင္းေတြရဲ႕ ကစားသမားဒဏ္ရာရရွိမႈ၊ ကိုဗစ္ေရာဂါေၾကာင့္ ေဘာလုံးမကစားႏိုင္တဲ့ပြဲေပါင္း၊ ကလပ္အသင္းေတြရဲ႕ေငြေၾကးဆုံးရႈံးမႈစတဲ့အခ်က္ေတြ ပါဝင္ခဲ့ပါတယ္။

၂၀၂၀-၂၁ ရာသီတုန္းက အဂၤလန္၊ စပိန္၊ အီတလီ၊ ဂ်ာမနီနဲ႔ ျပင္သစ္ႏိုင္ငံေတြရဲ႕ထိပ္တန္းလိဂ္ၿပိဳင္ပြဲမွာ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့ကစားသမားစုစုေပါင္း (၄၉၄)ဦးအထိရွိခဲ့ၿပီး ပရီးမီးယားလိဂ္မွာ (၇၀)ေယာက္၊ ဘြန္ဒစ္လီဂါမွာ (၇၃)ေယာက္၊ လာလီဂါၿပိဳင္ပြဲမွာ (၈၃)ေယာက္၊ ျပင္သစ္လီဂူးမွာေတာ့ (၉၇)ေယာက္နဲ႔ စီးရီးေအမွာ အမ်ားဆုံးအျဖစ္(၁၇၁)ေယာက္အထိ ေရာဂါျဖစ္ပြားခဲ့တာပါ။ ကိုဗစ္ေရာဂါေၾကာင့္ ေဘာလုံးသမားေတြအနားယူခဲ့ရတဲ့ပ်မ္းမွ်ရက္ေပါင္းက လာလီဂါမွာ (၁၃)ရက္၊ ပရီးမီးယားလိဂ္နဲ႔စီးရီးေအၿပိဳင္ပြဲမွာ (၁၄)ရက္၊ ျပင္သစ္လီဂူးမွာ (၁၅)ရက္၊ ဘြန္ဒစ္လီဂါမွာ (၁၇)ရက္ရွိခဲ့ပါတယ္။

ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ ကိုဗစ္ေရာဂါျဖစ္လို႔ ေဘာလုံးမကစားႏိုင္တဲ့ကစားသမားေတြကို ကလပ္အသင္းေတြအသားတင္ေပးေခ်ခဲ့ရတဲ့ လစာေငြပမာဏက ေပါင္(၄၂)သန္းေက်ာ္ရွိခဲ့ၿပီး မႏွစ္က ကစားသမားေတြထိခိုက္ဒဏ္ရာရမႈေပါင္း (၃,၉၈၈)ႀကိမ္မွာ ကိုဗစ္ေၾကာင့္ေဘာလုံးမကစားႏိုင္တဲ့သူက (၄၉၄)ေယာက္ရွိတဲ့အတြက္ ဒဏ္ရာစာရင္းမွာပါဝင္ခဲ့တဲ့သူ(၁၀)ေယာက္မွာ တစ္ေယာက္ေလာက္က ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတာျဖစ္သလို အသင္းအတြက္မကစားႏိုင္တဲ့ကစားသမားကို သက္ဆိုင္ရာကလပ္အသင္းေတြ အသားတင္ေပးရတဲ့ လစာေငြစုစုေပါင္း ေပါင္(၄၁၅)သန္းထဲက (၁၀%)ဟာ ကိုဗစ္ေရာဂါခံစားခဲ့ရလို႔ ေဘာလုံးမကစားႏိုင္တဲ့ကစားသမားေတြေပးေခ်ခဲ့ရတာျဖစ္ပါတယ္။