
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြင်သစ်အသင်းကွင်းလယ်ကစားသမားရာဘီယူဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့် ဒီည(မြန်မာစံတော်ချိန် တနင်္လာမနက် ၁:၁၅)မှာကစားမယ့် စပိန်အသင်းနဲ့ UEFA Nations League ဗိုလ်လုပွဲကို လွဲချော်မှာဖြစ်ပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာဘီယူဟာ အခုလောလောဆယ် တစ်ဦးတည်းသီးသန့်နေထိုင်ရပြီး မီလန်ကိုသွားမယ့် ပြင်သစ်အသင်းလူစာရင်းမှာပါဝင်နိုင်မှာမဟုတ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကအတည်ပြုကြေညာခဲ့ပါတယ်။
ပြိုင်ပွဲရဲ့စည်းမျဉ်းတွေအရ ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်စ်ဟာ ရာဘီယူရဲ့နေရာမှာတခြားကစားသမားတစ်ဦးကို အစားထိုးခေါ်ယူခွင့်မရှိတာကြောင့် ဗိုလ်လုပွဲမှာ ကစားသမား(၂၁)ဦးနဲ့သာယှဉ်ပြိုင်ကစားရမှာပါ။
ရာဘီယူဟာ စပိန်နဲ့ကစားမယ့်ဗိုလ်လုပွဲကို လွဲချော်မယ့်အပြင် လာမယ့်တစ်ပတ်ကျရင် ရိုးမားအသင်းနဲ့ကစားဖို့ရှိနေတဲ့ စီးရီးအေပွဲမှာလည်း ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့မသေချာသေးပါဘူး။
ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို (၂)ဂိုးပြတ်ရှုံးနိမ့်နေတာက ချေပဂိုး၊ အနိုင်ဂိုးတွေပြန်သွင်းပြီးတော့ အနိုင်ယူခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်မှာ ယူရိုချန်ပီယံအီတလီအသင်းကို အနိုင်ရခဲ့တဲ့ စပိန်အသင်းနဲ့ဆုံတွေ့နေတာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲတုန်းက ဗိုလ်စွဲဖို့ရေပန်စားခဲ့ပေမယ့် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဆွစ်ဇာလန်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကစောစောစီးစီးထွက်ခဲ့ရပြီး ရာဘီယူဟာလည်း ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းမပြနိုင်ခဲ့လို့ဝေဖန်ခံခဲ့ရပါတယ်။
ဒီနှစ်သင်းနောက်ဆုံးဆုံတွေ့ခဲ့တာက ၂၀၁ရခုနှစ်တုန်းက,ကစားခဲ့တဲ့ခြေစမ်းပွဲမှာဖြစ်ပြီး စပိန်အသင်းက (၂-၀)ဂိုးနဲ့အနိုင်ရခဲ့သလို ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်စ်လက်ထက်မှာ စပိန်အသင်းနဲ့ဆုံတွေ့တိုင်းအသာမရခဲ့ဘဲ စုစုပေါင်း(၄)ကြိမ်ဆုံတွေ့ခဲ့တာမှာ (၂)ပွဲရှုံး၊ (၁)ပွဲသရေ၊ (၁)ပွဲသာအနိုင်ရခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ကိုဗစ်ရောဂါကူးစက်ခံထားရလို့ စပိန်နဲ့ကစားမယ့်ဗိုလ်လုပွဲကို လွဲချော်မယ့် ရာဘီယူ