ကိုဗစ်ရောဂါကူးစက်ခံစားခဲ့ရပြီးနောက် နည်းပြဘဝကနေ အနားယူသွားပြီဖြစ်တဲ့ ဟစ်ဒင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယ်သာလန်နာမည်ကျော်နည်းပြကြီးဟစ်ဒင့်ဟာ အခုနှစ်အတွင်း ကိုဗစ်ရောဂါဆိုးကူးစက်ခံခဲ့ရတဲ့အတွက် အသက်(၇၄)နှစ်အရွယ်မှာ နည်းပြဘဝကနေအနားယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

နည်းပြဘဝတစ်လျှောက်မှာ PSV ၊ ဗလင်စီယာ၊ ရီးယဲလ်၊ ချယ်လ်ဆီး၊ ဘက်တစ်စတဲ့ကလပ်အသင်းတွေကို,ကိုင်တွယ်ခဲ့ပြီး PSV အသင်းနဲ့အတူ အမှတ်ပေးဖလား(၆)ကြိမ်၊

နယ်သာလန်ဖလား(၁)ကြိမ်အပြင် ၁၉၈၇-၈၈ရာသီမှာ ဥရောပဖလား(ချန်ပီယံလိဂ်)ရယူပေးခဲ့သလို ရီးယဲလ်နဲ့ အင်တာကွန်တီနန်တယ်ဖလား(၁၉၉၈)၊ ချယ်လ်ဆီးနည်းပြဘဝမှာ ၂၀၀၉ ခုနှစ် FA ဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လက်ရွေးစင်အသင်းတွေအဖြစ် နယ်သာလန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ရုရှား၊ တူရကီအသင်းတို့မှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီး ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့်

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းကို စတုတ္ထ၊ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းကို စတုတ္ထနေရာတွေရယူပေးခဲ့တဲ့အပြင် ယူရို-၂၀၀၈ ပြိုင်ပွဲမှာလည်း ရုရှားအသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့ပါတယ်။

ဟစ်ဒင့်ဟာ ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လအတွင်းက ကွန်ကာကပ်ဖ် နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ကူရာကာအိုအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် အခုအချိန်မှာ ကိုဗစ်ရောဂါဆိုးကူးစက်ခံစားနေရတာကြောင့်

ဟစ်ဒစ်ဟာ ကူရာကာအိုအသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့သလို နည်းပြလောက,ကနေ အနားယူဖို့ဆုံးဖြတ်လိုက်တာပါ။

ဟစ်ဒင့်က “ကူရာကာအိုဘောလုံးအဖွဲ့ချုပ်ဥက္ကဌနဲ့ ကျွန်တော် စကားပြောဆိုပြီးပါပြီ။

ကိုဗစ်ရောဂါဖြစ်နေလို့ အခုလောလောဆယ် ကျွန်တော် ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့သလို Gold Cup မှာလည်း ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။

လက်ရှိအနေအထားကို အဖွဲ့ချုပ်ဥက္ကဌနဲ့ဆွေးနွေးခဲ့ပြီးနောက်မှာတော့ နည်းပြရာထူးက နုတ်ထွက်ဖို့ နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့ပြီး ကူရာကာအိုအသင်းအနေနဲ့ လမ်းကြောင်းသစ်တစ်ခု စတင်လျှောက်လှမ်းရမယ့်အချိန်ရောက်လာပါပြီ။

ဒါ့အပြင် ကျွန်တော့်ရဲ့နည်းပြဘဝကလည်း အဆုံးသတ်သွားပါပြီ။

မထင်မရှားနိုင်ငံတွေမှာတောင် နည်းပြအဖြစ် ကျွန်တော် ဆောင်ရွက်သွားမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဟစ်ဒင့်ဟာ ချယ်လ်ဆီးအသင်း ရုန်းကန်နေရချိန်မှာ နှစ်ကြိမ်တိုင်တိုင်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ်တုန်းက FA ဖလားရယူခဲ့တဲ့အပြင် ပရီးမီးယားလိဂ်မှာ (၁၂)ပွဲဆက်ရှုံးပွဲမရှိတဲ့နည်းပြသစ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္ေရာဂါကူးစက္ခံစားခဲ့ရၿပီးေနာက္ နည္းျပဘဝကေန အနားယူသြားၿပီျဖစ္တဲ့ ဟစ္ဒင့္

နယ္သာလန္နာမည္ေက်ာ္နည္းျပႀကီးဟစ္ဒင့္ဟာ အခုႏွစ္အတြင္း ကိုဗစ္ေရာဂါဆိုးကူးစက္ခံခဲ့ရတဲ့အတြက္ အသက္(၇၄)ႏွစ္အ႐ြယ္မွာ နည္းျပဘဝကေနအနားယူဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။ နည္းျပဘဝတစ္ေလွ်ာက္မွာ PSV ၊ ဗလင္စီယာ၊ ရီးယဲလ္၊ ခ်ယ္လ္ဆီး၊ ဘက္တစ္စတဲ့ကလပ္အသင္းေတြကို,ကိုင္တြယ္ခဲ့ၿပီး PSV အသင္းနဲ႔အတူ အမွတ္ေပးဖလား(၆)ႀကိမ္၊ နယ္သာလန္ဖလား(၁)ႀကိမ္အျပင္ ၁၉၈၇-၈၈ရာသီမွာ ဥေရာပဖလား(ခ်န္ပီယံလိဂ္)ရယူေပးခဲ့သလို ရီးယဲလ္နဲ႔ အင္တာကြန္တီနန္တယ္ဖလား(၁၉၉၈)၊ ခ်ယ္လ္ဆီးနည္းျပဘဝမွာ ၂၀၀၉ ခုႏွစ္ FA ဖလားေတြဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ လက္ေ႐ြးစင္အသင္းေတြအျဖစ္ နယ္သာလန္၊ ေတာင္ကိုရီးယား၊ ၾသစေၾတးလ်၊ ႐ုရွား၊ တူရကီအသင္းတို႔မွာ နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ၿပီး ဆုဖလားေအာင္ျမင္မႈမရခဲ့ေပမယ့္ ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္အသင္းကို စတုတၳ၊ ၂၀၀၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေတာင္ကိုရီးယားအသင္းကို စတုတၳေနရာေတြရယူေပးခဲ့တဲ့အျပင္ ယူ႐ို-၂၀၀၈ ၿပိဳင္ပြဲမွာလည္း ႐ုရွားအသင္းနဲ႔ ဆီမီးဖိုင္နယ္အဆင့္အထိတက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဟစ္ဒင့္ဟာ ၿပီးခဲ့တဲ့ႏွစ္၊ ၾသဂုတ္လအတြင္းက ကြန္ကာကပ္ဖ္ ႏိုင္ငံလက္ေ႐ြးစင္အသင္းျဖစ္တဲ့ ကူရာကာအိုအသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရေပမယ့္ အခုအခ်ိန္မွာ ကိုဗစ္ေရာဂါဆိုးကူးစက္ခံစားေနရတာေၾကာင့္ ဟစ္ဒစ္ဟာ ကူရာကာအိုအသင္းနည္းျပရာထူးကေန ႏုတ္ထြက္ခဲ့သလို နည္းျပေလာက,ကေန အနားယူဖို႔ဆုံးျဖတ္လိုက္တာပါ။

ဟစ္ဒင့္က “ကူရာကာအိုေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌနဲ႔ ကြၽန္ေတာ္ စကားေျပာဆိုၿပီးပါၿပီ။ ကိုဗစ္ေရာဂါျဖစ္ေနလို႔ အခုေလာေလာဆယ္ ကြၽန္ေတာ္ ဘာမွလုပ္ႏိုင္မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ျမင္ခဲ့သလို Gold Cup မွာလည္း ပါဝင္ယွဥ္ၿပိဳင္ခြင့္မရခဲ့ပါဘူး။ လက္ရွိအေနအထားကို အဖြဲ႕ခ်ဳပ္ဥကၠဌနဲ႔ေဆြးေႏြးခဲ့ၿပီးေနာက္မွာေတာ့ နည္းျပရာထူးက ႏုတ္ထြက္ဖို႔ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခဲ့ၿပီး ကူရာကာအိုအသင္းအေနနဲ႔ လမ္းေၾကာင္းသစ္တစ္ခု စတင္ေလွ်ာက္လွမ္းရမယ့္အခ်ိန္ေရာက္လာပါၿပီ။ ဒါ့အျပင္ ကြၽန္ေတာ့္ရဲ႕နည္းျပဘဝကလည္း အဆုံးသတ္သြားပါၿပီ။ မထင္မရွားႏိုင္ငံေတြမွာေတာင္ နည္းျပအျဖစ္ ကြၽန္ေတာ္ ေဆာင္႐ြက္သြားမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟစ္ဒင့္ဟာ ခ်ယ္လ္ဆီးအသင္း ႐ုန္းကန္ေနရခ်ိန္မွာ ႏွစ္ႀကိမ္တိုင္တိုင္နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး ပထမအႀကိမ္တုန္းက FA ဖလားရယူခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္မွာ (၁၂)ပြဲဆက္ရႈံးပြဲမရွိတဲ့နည္းျပသစ္အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။