ကိုဗစ်ရောဂါကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ ချာကာ ကိုဗစ်ရောဂါကူးစက်ခံထားရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းရဲ့ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်လူချာကာဟာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့ပြီး အခု ကိုဗစ်ရောဂါကူးစက်ခံစားရတာကြောင့် တစ်ဦးတည်းသီးသန့်နေထိုင်နေရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကမှ အာဆင်နယ်အသင်းနဲ့ တစ်ပတ်ပေါင်(၁၀၀,၀၀၀)တန်ကြေးရှိတဲ့ (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သူ ချာကာဟာ ဆွစ်ဇာလန်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူထားသူဖြစ်ပြီး

ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်ကစားသမားတွေကို,ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စီစဉ်ခဲ့ပေမယ့် ချာကာက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ချာကာကို ပထမအကြိမ်စမ်းသပ်စစ်ဆေးတုန်းက Negative ထွက်ခဲ့ပေမယ့် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးတာမှာတော့ ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့တွေ့ရှိခဲ့ရပြီး အဲဒီအတွက် ဗုဒ္ဓဟူးနေ့က ဂရိအသင်းနဲ့ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ချာကာ မပါဝင်နိုင်ခဲ့ပါဘူး။

စာရင်းအချက်အလက်တွေအရ ပရီးမီးယားလိဂ်နဲ့ EFL ပြိုင်ပွဲက,ကလပ်အသင်းတွေရဲ့ ကစားသမား(၃၀%)ဟာ ကိုဗစ်ရောဂါကာကွယ်ဆေးမထိုးရသေးသလို ကာကွယ်ဆေးထိုးဖို့လည်း ဆန္ဒမရှိဖြစ်နေကြပါတယ်။

ကစားသမားတချို့က ကိုဗစ်ရောဂါကာကွယ်ဆေးထိုးလိုက်ရင် ဖြစ်လာမယ့်ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်လို့ စိုးရိမ်နေကြတာဖြစ်ပြီး တချို့ကလည်း အသက်(၂၀)ကျော်အရွယ်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမြင့်ဆုံးအနေအထားဖြစ်နေလို့ ကာကွယ်ဆေးထိုးဖို့မလိုဘူးလို့ ယူဆနေကြတာပါ။

ချာကာရဲ့အနေအထားနဲ့ပတ်သက်လို့ ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်သတင်းပြန်ကြားရေးအဖွဲ့ဥက္ကဌဖြစ်သူအက်ဒရီယန်အာနိုးလ်က “ချာကာဟာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကျွန်တော်တို့ကတော့ အသင်းက,ကစားသမားတစ်ဦးချင်းစီကို ကာကွယ်ဆေးထိုးဖို့၊ မထိုးဖို့နဲ့ပတ်သက်ပြီး ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ပေးထားပါတယ်။

ကစားသမားတွေ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးသင့်တယ်ဆိုတာ အသိပေးချက်ထုတ်ပြန်ထားပေမယ့် ချာကာက ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ ကာကွယ်ဆေးမထိုးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါက သူ့ရဲ့ကိုယ်ပိုင်အခွင့်အရေးပဲဖြစ်ပါတယ်။

အခုတော့ ကံမကောင်းစွာနဲ့ပဲ ချာကာဟာ ကိုဗစ်ရောဂါကူးစက်ခံထားရပါပြီ။

အားကစားအမြင်နဲ့ကြည့်မယ်ဆိုရင် ဒီအချိန်မှာ ချာကာ ကိုဗစ်ရောဂါကူးစက်ခံထားရတာက အသင်းအတွက်တော့ စိတ်ပျက်စရာလို့ပဲပြောရမှာပါ”လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္ခဲ့တဲ့ ခ်ာကာ ကိုဗစ္ေရာဂါကူးစက္ခံထားရ

အာဆင္နယ္အသင္းရဲ႕ဆြစ္ဇာလန္လက္ေ႐ြးစင္ကြင္းလယ္လူခ်ာကာဟာ ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္ခဲ့ၿပီး အခု ကိုဗစ္ေရာဂါကူးစက္ခံစားရတာေၾကာင့္ တစ္ဦးတည္းသီးသန႔္ေနထိုင္ေနရၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လကမွ အာဆင္နယ္အသင္းနဲ႔ တစ္ပတ္ေပါင္(၁၀၀,၀၀၀)တန္ေၾကးရွိတဲ့ (၃)ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူ ခ်ာကာဟာ ဆြစ္ဇာလန္အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူထားသူျဖစ္ၿပီး ဆြစ္ဇာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က လက္ေ႐ြးစင္ကစားသမားေတြကို,ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ စီစဥ္ခဲ့ေပမယ့္ ခ်ာကာက ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

ခ်ာကာကို ပထမအႀကိမ္စမ္းသပ္စစ္ေဆးတုန္းက Negative ထြက္ခဲ့ေပမယ့္ ေနာက္တစ္ႀကိမ္ ထပ္မံစစ္ေဆးတာမွာေတာ့ ကိုဗစ္ေရာဂါကူးစက္ခံထားရတယ္လို႔ေတြ႕ရွိခဲ့ရၿပီး အဲဒီအတြက္ ဗုဒၶဟူးေန႔က ဂရိအသင္းနဲ႔ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ခ်ာကာ မပါဝင္ႏိုင္ခဲ့ပါဘူး။ စာရင္းအခ်က္အလက္ေတြအရ ပရီးမီးယားလိဂ္နဲ႔ EFL ၿပိဳင္ပြဲက,ကလပ္အသင္းေတြရဲ႕ ကစားသမား(၃၀%)ဟာ ကိုဗစ္ေရာဂါကာကြယ္ေဆးမထိုးရေသးသလို ကာကြယ္ေဆးထိုးဖို႔လည္း ဆႏၵမရွိျဖစ္ေနၾကပါတယ္။

ကစားသမားတခ်ိဳ႕က ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးလိုက္ရင္ ျဖစ္လာမယ့္ေဘးထြက္ဆိုးက်ိဳးေတြနဲ႔ပတ္သက္လို႔ စိုးရိမ္ေနၾကတာျဖစ္ၿပီး တခ်ိဳ႕ကလည္း အသက္(၂၀)ေက်ာ္အ႐ြယ္မွာ ခႏၶာကိုယ္ႀကံ့ခိုင္မႈက အျမင့္ဆုံးအေနအထားျဖစ္ေနလို႔ ကာကြယ္ေဆးထိုးဖို႔မလိုဘူးလို႔ ယူဆေနၾကတာပါ။ ခ်ာကာရဲ႕အေနအထားနဲ႔ပတ္သက္လို႔ ဆြစ္ဇာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္သတင္းျပန္ၾကားေရးအဖြဲ႕ဥကၠဌျဖစ္သူအက္ဒရီယန္အာႏိုးလ္က “ခ်ာကာဟာ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အသင္းက,ကစားသမားတစ္ဦးခ်င္းစီကို ကာကြယ္ေဆးထိုးဖို႔၊ မထိုးဖို႔နဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ေ႐ြးခ်ယ္ဆုံးျဖတ္ခြင့္ေပးထားပါတယ္။

ကစားသမားေတြ ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးသင့္တယ္ဆိုတာ အသိေပးခ်က္ထုတ္ျပန္ထားေပမယ့္ ခ်ာကာက ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္နဲ႔ ကာကြယ္ေဆးမထိုးဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ဒါက သူ႔ရဲ႕ကိုယ္ပိုင္အခြင့္အေရးပဲျဖစ္ပါတယ္။ အခုေတာ့ ကံမေကာင္းစြာနဲ႔ပဲ ခ်ာကာဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရပါၿပီ။ အားကစားအျမင္နဲ႔ၾကည့္မယ္ဆိုရင္ ဒီအခ်ိန္မွာ ခ်ာကာ ကိုဗစ္ေရာဂါကူးစက္ခံထားရတာက အသင္းအတြက္ေတာ့ စိတ္ပ်က္စရာလို႔ပဲေျပာရမွာပါ”လို႔ ဆိုခဲ့ပါတယ္။