ကိုဗစ်ပဋိညာဥ်ကြောင့် ရာမို့စ်ကို မန်ယူအသင်းခေါ်ယူမှာ မဟုတ်ဘူးလို့ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်အခွင့်အ‌ ရေး ရထားပေမယ့် ထိပ်တန်းကလပ်တွေကြားထဲက သဘောတူညီချက်တစ်ခုကြောင့် အဲဒီစပိန်သားကို မရမကခေါ်ယူဖို့ကြိုးစားမှာ မဟုတ်ကြောင်းသိရပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာ ကမ္ဘာ့အကောင်း ဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး မန်ယူအတွက် ဘယ်နည်းနဲ့မဆိုအံဝင်အောင် ကစား နိုင်မယ့်သူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက်ပွဲပေါင်း ၆၅၀ ကျော်ကစားပေးထားတဲ့ ရာမို့စ်ဟာ က လပ်နဲ့ စပိန်လက်ရွေးစင်အသင်း တို့နဲ့အတူ ဆုဖလားပေါင်း ၁၈ လုံးဆွတ်ခူးထားတဲ့သူဖြစ်ပါတယ်။ သူဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ် ၄ ကြိမ်၊ စပိန်နဲ့အတူ ယူရို ၂၀၀၈ နဲ့ ၂၀၁၂ ချန်ပီယံ၊၂၀၁၀ ကမ္ဘာ့ဖလားတွေရခဲ့ တာဟာ သူ့ကစားသမားဘဝမှာထူးခြားလှတဲ့ အောင်မြင်မှုတွေပါ။

နောက်ခံလူကောင်းတစ်ဦးအဖြစ်သာမက အသင်းခေါင်းဆောင်ကောင်း၊ ဦးဆောင်သူကောင်းအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ ရာမို့စ်ဟာ အခုရာသီကုန်ချိန်မှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ လက်ရှိ ဈေးကွက်အတွင်းမှာတင် အခြားကလပ်တစ်ခုနဲ့ အကြိုသဘောတူညီခွင့် ရယူထားနိုင်သူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူအပါအဝင် ထိပ်တန်းကလပ်အချို့က သူ့လိုအတွေ့အကြုံများပြားတဲ့သူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

ဒါပေမယ့်လည်း ကိုဗစ်ကပ်ရောဂါဘေး စဖြစ်ချိန်မှာ ထိပ်တန်းကလပ်တွေအကြား ရယူထားတဲ့ သဘောတူညီချက်တစ်ခုကြောင့် ရာမို့စ်ကိုမရ ရအောင်ခေါ်ယူဖို့ ကြိုးစားနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကိုဗစ်ကိုကပ်ဘေးအဖြစ်ကြေညာလိုက် ချိန်ကစပြီး ဥရောပထိပ်တန်းကလပ်တွေကြားထဲမှာ သူတို့အချင်းချင်းကြားမှာ အရေးပါတဲ့ ကစားသမားတွေ ကို ကလပ်တွေရဲ့ဆန္ဒမပါဘဲ ခေါ်ယူခြင်း မပြုဖို့ဆိုတဲ့ ကိုဗစ်ပဋိညာဥ် (Covid pact) တစ်ရပ်ကိုလက်မှတ်ထိုး ခဲ့ကြလို့ အခုလိုခေါ်ယူလို့မရတာ လို့သိရပါတယ်။

ဒီသဘောတူညီချက်ကြောင့်ဘဲ မန်စီးတီးနဲ့ ပီအက်စ်ဂျီ တို့ဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကိုခေါ်ယူရေး လက်လွှတ်ခဲ့တာလို့ ဆိုပါတယ်။ အခုသဘောတူညီချက်ကို လက်မှတ်ထိုးထားကြတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ထိပ်သီးအချို့အပြင် ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ် တို့လည်း ပါဝင်ပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်နဲ့ စာချုပ်သစ်ချုပ်လိုပေမယ့် ကလပ်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုမှာ လက်ရှိစာချုပ် ထက်အဆင့်အတန်းအများကြီးလျော့နည်းလို့ ရာမို့စ်ဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။

Zawgyi




