ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကို ဗြိတိန်အစိုးရလျှော့ချပေးလိုက်ပြီး ဘောလုံးသမားတွေ (၅)ရက်သာ Quarantine ဝင်ရဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗြိတိန်အစိုးရဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ဘောလုံးသမားတွေအတွက် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကို လျှော့ချပေးခဲ့ပြီး ခရီးသွားလာခွင့်ပိတ်ပင်ထားတဲ့

Red List စာရင်းဝင် နိုင်ငံလက်ရွေးစင်အသင်းမှာ ပါဝင်ကစားပြီးလို့ ကလပ်အသင်းဆီပြန်လာတဲ့အခါ အရင်လို ဟိုတယ်မှာ (၁၀)ရက်ကြာ Quarantine မဝင်ရဘဲ (၅)ရက်သာ Quarantine ဝင်ရမယ်လို့ ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

အရင်တုန်းက ဗြိတိန်အစိုးရဟာ Red List စာရင်းဝင်နိုင်ငံတွေက လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ဘောလုံးသမားတိုင်းဟာ ကလပ်အသင်းဆီပြန်ရောက်လာရင် ဟိုတယ်မှာတစ်ယောက်တည်း (၁၀)ရက်ကြာနေထိုင်ဖို့၊ ဒုတိယနေ့နဲ့ (၈)ရက်မြောက်နေ့တွေမှာ ဆေးစစ်မှုခံယူဖို့သတ်မှတ်ခဲ့တာပါ။

ဒါက ဘောလုံးသမားတွေအတွက်သာမဟုတ်ဘဲ ကျန်တဲ့နိုင်ငံသားတိုင်းလိုက်နာဖို့ စည်းကမ်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားသူတွေတောင် Red List နိုင်ငံတွေသွားပြီးရင် Quarantine (၁၀)ရက်ဝင်ဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒီစည်းမျဉ်းကြောင့် ပြီးခဲ့တဲ့နိုင်ငံတကာဘောလုံးရက်သတ္တပတ်တုန်းက ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ သူတို့ကစားသမားတွေကို လက်ရွေးစင်အသင်းအတွက်စေလွှတ်ဖို့ ငြင်းဆန်ခဲ့လို့ ဖီဖာနဲ့ပြဿနာတက်ခဲ့ပါသေးတယ်။

ဗြိတိန်အစိုးရရဲ့သတ်မှတ်ချက်အရ ကလပ်အသင်းတွေဟာ သူတို့ရဲ့အဓိက,ကစားသမားတွေကို ရက်အတော်ကြာအောင်အသုံးပြုခွင့်မရဘဲ ပွဲတချို့လွဲချော်မှာဖြစ်တာကြောင့် လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားဖို့ပိတ်ပင်ခဲ့တာဖြစ်ပြီး

အဲဒီအတွက် ဖီဖာက နိုင်ငံအသင်းမှာကစားဖို့ပျက်ကွက်ခဲ့တဲ့သူတွေကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် နောက်ပိုင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဗြိတိန်အစိုးရက စည်းကမ်းသတ်မှတ်ချက်တွေကို လျှော့ချပေးခဲ့တာဖြစ်ပြီး ကလပ်အသင်း(၂၀)က,တာဝန်ရှိသူတွေသဘောတူညီရင် စတင်အကျုံးဝင်မှာဖြစ်တာကြောင့် လာမယ့်အောက်တိုဘာလအတွင်း နိုင်ငံတကာပွဲတွေ ပြန်လည်စတင်ချိန်မှာ ဒီစည်းမျဉ်းက အသက်ဝင်မှာပါ။

ဘရာဇီးလ်အသင်းဟာ အောက်တိုဘာလထဲမှာကစားဖို့ရှိနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် လူစာရင်းကို ဒီနေ့မှာထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး ပထမတစ်ခါတုန်းကလို ပရီးမီးယားလိဂ်ကလပ်တွေနဲ့ပြဿနာဖြစ်ပွားတာမျိုး ထပ်မဖြစ်ဖို့မျှော်လင့်နေပါတယ်။

ဘရာဇီးလ်အသင်းဟာ အောက်တိုဘာ(၇)ရက်မှာ ကိုလံဘီယာ၊ (၃)ရက်အကြာမှာ ဗင်နီဇွဲလား၊ (၁၄)ရက်မှာတော့ ဥရုဂွေးအသင်းနဲ့ကစားရမှာဖြစ်ပြီး (၁၆)ရက်ကျရင် ပရီးမီးယားလိဂ်ပွဲတွေပြန်ကစားရမှာဖြစ်တာကြောင့်

ဗြိတိန်အစိုးရရဲ့စည်းမျဉ်းသစ်အရ ပရီးမီးယားလိဂ်ရဲ့ဘရာဇီးလ်နာမည်ကျော်ဘောလုံးသမားတွေဟာ ကလပ်အသင်းကို ပြန်ရောက်ရင် (၅)ရက် Quarantine ဝင်ရမှာဖြစ်လို့ အဆင်မပြေမှုတွေ ဆက်လက်ဖြစ်ပွားဦးမယ့်အနေအထားပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္စည္းကမ္းသတ္မွတ္ခ်က္ေတြကို ၿဗိတိန္အစိုးရေလွ်ာ့ခ်ေပးလိုက္ၿပီး ေဘာလုံးသမားေတြ (၅)ရက္သာ Quarantine ဝင္ရဖို႔ရွိ

ၿဗိတိန္အစိုးရဟာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြက ေဘာလုံးသမားေတြအတြက္ ကိုဗစ္စည္းကမ္းသတ္မွတ္ခ်က္ေတြကို ေလွ်ာ့ခ်ေပးခဲ့ၿပီး ခရီးသြားလာခြင့္ပိတ္ပင္ထားတဲ့ Red List စာရင္းဝင္ ႏိုင္ငံလက္ေ႐ြးစင္အသင္းမွာ ပါဝင္ကစားၿပီးလို႔ ကလပ္အသင္းဆီျပန္လာတဲ့အခါ အရင္လို ဟိုတယ္မွာ (၁၀)ရက္ၾကာ Quarantine မဝင္ရဘဲ (၅)ရက္သာ Quarantine ဝင္ရမယ္လို႔ ျပင္ဆင္သတ္မွတ္လိုက္ၿပီျဖစ္ပါတယ္။ အရင္တုန္းက ၿဗိတိန္အစိုးရဟာ Red List စာရင္းဝင္ႏိုင္ငံေတြက လက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ကစားခဲ့တဲ့ေဘာလုံးသမားတိုင္းဟာ ကလပ္အသင္းဆီျပန္ေရာက္လာရင္ ဟိုတယ္မွာတစ္ေယာက္တည္း (၁၀)ရက္ၾကာေနထိုင္ဖို႔၊ ဒုတိယေန႔နဲ႔ (၈)ရက္ေျမာက္ေန႔ေတြမွာ ေဆးစစ္မႈခံယူဖို႔သတ္မွတ္ခဲ့တာပါ။

ဒါက ေဘာလုံးသမားေတြအတြက္သာမဟုတ္ဘဲ က်န္တဲ့ႏိုင္ငံသားတိုင္းလိုက္နာဖို႔ စည္းကမ္းထုတ္ျပန္ခဲ့တာျဖစ္ၿပီး ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးသားသူေတြေတာင္ Red List ႏိုင္ငံေတြသြားၿပီးရင္ Quarantine (၁၀)ရက္ဝင္ဖို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ ဒီစည္းမ်ဥ္းေၾကာင့္ ၿပီးခဲ့တဲ့ႏိုင္ငံတကာေဘာလုံးရက္သတၱပတ္တုန္းက ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ သူတို႔ကစားသမားေတြကို လက္ေ႐ြးစင္အသင္းအတြက္ေစလႊတ္ဖို႔ ျငင္းဆန္ခဲ့လို႔ ဖီဖာနဲ႔ျပႆနာတက္ခဲ့ပါေသးတယ္။

ၿဗိတိန္အစိုးရရဲ႕သတ္မွတ္ခ်က္အရ ကလပ္အသင္းေတြဟာ သူတို႔ရဲ႕အဓိက,ကစားသမားေတြကို ရက္အေတာ္ၾကာေအာင္အသုံးျပဳခြင့္မရဘဲ ပြဲတခ်ိဳ႕လြဲေခ်ာ္မွာျဖစ္တာေၾကာင့္ လက္ေ႐ြးစင္အသင္းေတြမွာ ပါဝင္ကစားဖို႔ပိတ္ပင္ခဲ့တာျဖစ္ၿပီး အဲဒီအတြက္ ဖီဖာက ႏိုင္ငံအသင္းမွာကစားဖို႔ပ်က္ကြက္ခဲ့တဲ့သူေတြကို ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွ ျပန္လည္ပယ္ဖ်က္ေပးခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ၿဗိတိန္အစိုးရက စည္းကမ္းသတ္မွတ္ခ်က္ေတြကို ေလွ်ာ့ခ်ေပးခဲ့တာျဖစ္ၿပီး ကလပ္အသင္း(၂၀)က,တာဝန္ရွိသူေတြသေဘာတူညီရင္ စတင္အက်ဳံးဝင္မွာျဖစ္တာေၾကာင့္ လာမယ့္ေအာက္တိုဘာလအတြင္း ႏိုင္ငံတကာပြဲေတြ ျပန္လည္စတင္ခ်ိန္မွာ ဒီစည္းမ်ဥ္းက အသက္ဝင္မွာပါ။

ဘရာဇီးလ္အသင္းဟာ ေအာက္တိုဘာလထဲမွာကစားဖို႔ရွိေနတဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ လူစာရင္းကို ဒီေန႔မွာထုတ္ျပန္ေၾကညာသြားမွာျဖစ္ၿပီး ပထမတစ္ခါတုန္းကလို ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ျပႆနာျဖစ္ပြားတာမ်ိဳး ထပ္မျဖစ္ဖို႔ေမွ်ာ္လင့္ေနပါတယ္။ ဘရာဇီးလ္အသင္းဟာ ေအာက္တိုဘာ(၇)ရက္မွာ ကိုလံဘီယာ၊ (၃)ရက္အၾကာမွာ ဗင္နီဇြဲလား၊ (၁၄)ရက္မွာေတာ့ ဥ႐ုေဂြးအသင္းနဲ႔ကစားရမွာျဖစ္ၿပီး (၁၆)ရက္က်ရင္ ပရီးမီးယားလိဂ္ပြဲေတြျပန္ကစားရမွာျဖစ္တာေၾကာင့္ ၿဗိတိန္အစိုးရရဲ႕စည္းမ်ဥ္းသစ္အရ ပရီးမီးယားလိဂ္ရဲ႕ဘရာဇီးလ္နာမည္ေက်ာ္ေဘာလုံးသမားေတြဟာ ကလပ္အသင္းကို ျပန္ေရာက္ရင္ (၅)ရက္ Quarantine ဝင္ရမွာျဖစ္လို႔ အဆင္မေျပမႈေတြ ဆက္လက္ျဖစ္ပြားဦးမယ့္အေနအထားပါပဲ။