ကိုဗစ်စည်းကမ်းတွေကို နည်းပြလမ်းပတ်လည်းတင်းပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်ဆီးအသင်းရဲ့နည်းပြလမ်းပတ်က ကိုဗစ်-၁၉ရောဂါကူးစက်မှုမြင့်မားလာတာနဲ့အတူဘောလုံးသမားတွေပွေ့ဖက်ပြီးအောင်ပွဲခံတာကိုတားမြစ်တာနဲ့ ပတ်သက်ပြီး သိပ်တော့ မကျေနပ်ပါဘူး။သက်ဆိုင်ရာစည်းမျဉ်းတွေကိုချိုးဖောက်တဲ့ကစားသမားတွေရှိပေမယ့်လမ်းပတ်ကဘောလုံးသမားတွေအတွက်ရည်ရွယ်တဲ့ အချို့စည်းကမ်းတွေကို စောဒက တက်ချင်တာပါ။

“ကိုဗစ်စည်းကမ်းဖောက်ဖျက်တဲ့ နေရာမှာ ဘောလုံးသမားတွေပဲရှိတာမဟုတ်ပါဘူး။ အပြင်လူတွေရော၊ နိုင်ငံရေးသမားတွေမှာပါ အမှားရှိကြတာပါပဲ။ တစ်ဖက်စောင်းနင်း နဲ့ ဘောလုံးသမားတွေ၊ ဘောလုံးပြိုင်ပွဲတွေကိုပဲ ပြောနေတာကတော့ မဖြစ်သင့်ပါဘူး။” “ကျွန်တော်တို့ အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတဲ့ နည်းလမ်းကို တတ်နိုင်သမျှ လေ့ကျင့်သွားပါမယ်။ ကွင်းဘေးဘက်ခြမ်းမှာတော့ အဲဒီအနေအထားက အခုချိန်မှာ ခက်ခဲနိုင်ပါသေးတယ်။ဘာလို့လဲဆိုရင် ကစားသမားတွေက တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် လေ့ကျင့်နေဖို့ လိုအပ်တာကြောင့်ပါ။”

“ဘောလုံးသမားတွေအမှားလုပ်ရင်ဒဏ်ငွေဆောင်ခိုင်းတာကပိုကောင်းပါမယ်။ မှားတဲ့ သူတွေလည်းရှေ့ဆက်မမှားဖို့မျှော်လင့်ပါတယ်။တကယ်က ဘောလုံးသမားတွေလည်း အန္တရာယ်ကြားမှာကစားနေရတာပါ။သူတို့ဆီမှာလည်းစိုးရိမ်ရမယ့် မိသားစုဝင်တွေရှိပါတယ်” ပရီးမီးယားလိဂ် ကစားသမားအတွေအနေနဲ့ ဂိုးသွင်းယူအပြီး အသင်းဖော်တွေ စုပေါင်း အောင်ပွဲခံတာတွေ၊ လက်ချင်း ပုတ်တာတွေ၊လက်ဆွဲနှုတ်ဆက်တာတွေကို လုပ်ခွင့်မရှိတော့ပါဘူး။

ယခုတစ်ပတ်ကစားမယ့် ဖူဟမ်၊မန်စီးတီး၊ယူနိုက်တက်နဲ့ရှက်ဖီးလ်အသင်းတို့ရဲ့ ပွဲစဉ်တွေကနေ စတင်ပြီး ဂိုးသွင်း ယူအပြီးမှာ ကစားသမားတွေ စုဝေးအောင်ပွဲခံခွင့်မရှိတော့ဘူးလို့သိရပါတယ်။ နည်းပြလမ်းပတ် ကတော့ ကစားသမားတွေ အနေနဲ့ အောင်ပွဲခံတဲ့ အပေါ် အပြစ်ပေးခံရရင် စည်းကမ်းချက်တွေ အရ အဝါကဒ်ထိမှာ ဒါမှမဟုတ် နောက်တစ်ကြိမ် အဝါကဒ် ထိပြီး အနီကဒ် ပြခံရမှာ မျိုးတွေကို စိုးရိမ်နေပါတယ်။ ဒီတော့ ဘောလုံးသမားတွေ ဘယ်လိုပုံစံပြောင်း ပြီးအောင်ပွဲခံကြမလဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ယ္ဆီးအသင္းရဲ႕နည္းျပလမ္းပတ္က ကိုဗစ္-၁၉ေရာဂါကူးစက္မႈျမင့္မားလာတာနဲ႔အတူေဘာလုံးသမားေတြေပြ႕ဖက္ၿပီးေအာင္ပြဲခံတာကိုတားျမစ္တာနဲ႔ ပတ္သက္ၿပီး သိပ္ေတာ့ မေက်နပ္ပါဘူး။သက္ဆိုင္ရာစည္းမ်ဥ္းေတြကိုခ်ိဳးေဖာက္တဲ့ကစားသမားေတြရွိေပမယ့္လမ္းပတ္ကေဘာလုံးသမားေတြအတြက္ရည္႐ြယ္တဲ့ အခ်ိဳ႕စည္းကမ္းေတြကို ေစာဒက တက္ခ်င္တာပါ။

“ကိုဗစ္စည္းကမ္းေဖာက္ဖ်က္တဲ့ ေနရာမွာ ေဘာလုံးသမားေတြပဲရွိတာမဟုတ္ပါဘူး။ အျပင္လူေတြေရာ၊ ႏိုင္ငံေရးသမားေတြမွာပါ အမွားရွိၾကတာပါပဲ။ တစ္ဖက္ေစာင္းနင္း နဲ႔ ေဘာလုံးသမားေတြ၊ ေဘာလုံးၿပိဳင္ပြဲေတြကိုပဲ ေျပာေနတာကေတာ့ မျဖစ္သင့္ပါဘူး။” “ကြၽန္ေတာ္တို႔ အေနနဲ႔ ေလ့က်င့္ေရးကြင္းမွာ တစ္ဦးနဲ႔တစ္ဦး ခပ္ခြာခြာ ေနတဲ့ နည္းလမ္းကို တတ္ႏိုင္သမွ် ေလ့က်င့္သြားပါမယ္။ ကြင္းေဘးဘက္ျခမ္းမွာေတာ့ အဲဒီအေနအထားက အခုခ်ိန္မွာ ခက္ခဲႏိုင္ပါေသးတယ္။ဘာလို႔လဲဆိုရင္ ကစားသမားေတြက တစ္ဦးနဲ႔တစ္ဦး နီးနီးကပ္ကပ္ ေလ့က်င့္ေနဖို႔ လိုအပ္တာေၾကာင့္ပါ။” “ေဘာလုံးသမားေတြအမွားလုပ္ရင္ဒဏ္ေငြေဆာင္ခိုင္းတာကပိုေကာင္းပါမယ္။ မွားတဲ့ သူေတြလည္းေရွ႕ဆက္မမွားဖို႔ေမွ်ာ္လင့္ပါတယ္။တကယ္က ေဘာလုံးသမားေတြလည္း အႏၲရာယ္ၾကားမွာကစားေနရတာပါ။သူတို႔ဆီမွာလည္းစိုးရိမ္ရမယ့္ မိသားစုဝင္ေတြရွိပါတယ္”

ပရီးမီးယားလိဂ္ ကစားသမားအေတြအေနနဲ႔ ဂိုးသြင္းယူအၿပီး အသင္းေဖာ္ေတြ စုေပါင္း ေအာင္ပြဲခံတာေတြ၊ လက္ခ်င္း ပုတ္တာေတြ၊လက္ဆြဲႏႈတ္ဆက္တာေတြကို လုပ္ခြင့္မရွိေတာ့ပါဘူး။ယခုတစ္ပတ္ကစားမယ့္ ဖူဟမ္၊မန္စီးတီး၊ယူႏိုက္တက္နဲ႔ရွက္ဖီးလ္အသင္းတို႔ရဲ႕ ပြဲစဥ္ေတြကေန စတင္ၿပီး ဂိုးသြင္း ယူအၿပီးမွာ ကစားသမားေတြ စုေဝးေအာင္ပြဲခံခြင့္မရွိေတာ့ဘူးလို႔သိရပါတယ္။ နည္းျပလမ္းပတ္ ကေတာ့ ကစားသမားေတြ အေနနဲ႔ ေအာင္ပြဲခံတဲ့ အေပၚ အျပစ္ေပးခံရရင္ စည္းကမ္းခ်က္ေတြ အရ အဝါကဒ္ထိမွာ ဒါမွမဟုတ္ ေနာက္တစ္ႀကိမ္ အဝါကဒ္ ထိၿပီး အနီကဒ္ ျပခံရမွာ မ်ိဳးေတြကို စိုးရိမ္ေနပါတယ္။ ဒီေတာ့ ေဘာလုံးသမားေတြ ဘယ္လိုပုံစံေျပာင္း ၿပီးေအာင္ပြဲခံၾကမလဲ။