ကိုဗစ်စည်းကမ်းကိုဖောက် ပရိသတ်များစွာနဲ့ အောင်ပွဲခံတဲ့ စတီဗင်ဂျရတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရိန်းဂျားစ် အသင်းဟာ ယမန်နေ့က ကစားခဲ့တဲ့ St မီရန် နဲ့ ပွဲမှာ အနိုင်ရပြီး စကော့လန်ပရီးမီးယားရှစ်ဖလားကို ရရှိဖို့ အလွန်နီးစပ်သွားခဲ့ပြီဖြစ်ပါတယ်။လီဗာပူးဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ် ဦးဆောင်နေတဲ့ ရိန်းဂျားစ်ဟာ စကော့လိဂ်မှာ ၃၁ ပွဲကစား ၂၇ ပွဲနိုင် ၄ ပွဲသရေ ရလဒ်နဲ့အတူ အမှတ်ပေးဇယားကို ၁၈ မှတ် ဖြတ်ထားတာပါ။

သူတို့ဟာ လိဂ်ကို အနိုင်ရဖို့ နောက်ထပ် ရမှတ် ၄ မှတ်ပဲ လိုတော့တာဖြစ်ပြီး အဲဒီအမှတ်ကလည်း သိပ်မကြာခင်မှာ ရသွား နိုင်ပါတယ်။ ရိန်းဂျားစ် အသင်းဟာ St မီရန် နဲ့ ပွဲမှာ ရိုင်ယန်ကန့်၊ မိုရေးလတ်စ်၊ ဟာဂီ တို့ရဲ့ဂိုးတွေကြောင့် (၃)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ ရိန်းဂျားစ် အသင်းဟာ ဒီနေ့မှာ ကစားမယ့် ဒန်ဒီး အသင်းနဲ့ ဆဲလ်တစ် တို့ပွဲမှာ ဆဲလ်တစ် အသင်း အနိုင်ရလဒ်မရခဲ့ရင် အမှတ်ပေးချန်ပီယံဆုကို ရရှိသွားတော့မှာလည်းဖြစ်ပါတယ်။

ရိန်းဂျားစ်ပရိသတ်တွေက သူတို့အသင်းရဲ့ အားထားရာ စတီဗင်ဂျရတ်ကို ကောင်းချီးပေးဖို့ ကွင်းပြင်ပကို လာရောက် စုဝေးခဲ့ကြပါတယ်။ ထောင်ပေါင်းများစွာသော ပရိသတ်တွေက ကွင်းပြင်ပမှာ အပြည့်ဖြစ်နေခဲ့ပြီး အလံတွေ၊ ကာလာမီးခိုးတွေနဲ့ အားရပါးရကို အားပေးခဲ့ကြပါတယ်။ ဗြိတိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့်အဲ ဒီလိုပြုလုပ်တာကို ခွင့်ပြုထားခြင်းမရှိပါဘူး။

ရိန်းဂျားစ် အသင်းဟာ ဒီရာသီ အမှတ်ပေးဖလား ပြိုင်ပွဲမှာ အခုထိ ရှုံးပွဲမရှိသေးသလို၊ ယူရိုပါလိဂ်မှာလည်း ရှုံးပွဲမရှိပါဘူး။ အဲလိုဖြစ်အောင် လီဗာပူး ကစားသမားဟောင်းက ကိုင်တွယ်နေတာဖြစ်ပါတယ်။ ရိန်းဂျားစ်အသင်းဟာ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ယူဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ရိန်းဂျားစ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ကို ခြေစစ်ပွဲကနေ ပါဝင် ယှဉ်ပြိုင်ရဖို့ကလည်း သေချာခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi





