ကိုဗစ်ကြောင့် ၄၅ နှစ်အရွယ် လက်ထောက်နည်းပြကို လူစာရင်းထဲထည့်ခဲ့ရတဲ့ ယူကရိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းကိုရိုက်ခတ်လာတဲ့ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မနေ့ညက ပြင်သစ်နဲ့ကစားခဲ့တဲ့ခြေစမ်းပွဲအတွက် ယူကရိန်းဟာ အသက် ၄၅ နှစ်အရွယ် လက်ထောက်နည်းပြရှော့ကော့စကီးကို လူစာရင်းထဲ ထည့်ခဲ့ရပါတယ်။ ယူကရိန်းလူစာရင်းမှာ ရွေးချယ်ထားတဲ့ ဂိုးသမားတွေထဲက ပြာတော့ဗ်၊လူနင်နဲ့ပန်ကစ်ဗ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့အတွက် အသုံးပြုနိုင်တဲ့ဂိုးသမားဆိုလို့ ဘက်စ်ချန်တစ်ယောက်သာ ရှိခဲ့တာပါ။

ဒါကြောင့် အရန်စာရင်းအတွက် ဂိုးသမားတစ်ယောက် လိုအပ်ခဲ့ပါတယ်။ အဲဒီတော့ ယူကရိန်းဟာ လက်ထောက်နည်းပြအဖြစ်တာဝန်ယူထားတဲ့ လက်ရွေးစင်ဂိုးသမားဟောင်းရှော့ကော့စကီးကို လူစာရင်းထဲ ထည့်ခဲ့ရတာပါ။

အဲဒီဒိုင်နမိုကိဗ်ဂိုးသမားဟောင်းဟာ ၂၀၁၆ ကမှ ကစားသမားဘ၀ အနားယူထားတာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ၁၉၉၄ ကနေ ၂၀၁၂ အထိ ပွဲပေါင်း ၉၂ ပွဲကစားပေးခဲ့တာပါ။ ကျန်ရှိတဲ့တစ်ဦးတည်းသောဂိုးသမား ဘတ်စ်ချန်က ကိုဗစ်မရှိ ဒဏ်ရာမရခဲ့တာကြောင့် ရှော့ကော့စကီးဟာ ပြင်သစ်ကို ၇-၁ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာတော့ မလိုအပ်ခဲ့ပါဘူး။

ချဲလ်ဆီးတိုက်စစ်မှုးဟောင်းရှက်ဗ်ချန်ကိုနည်းပြနေတဲ့ လက်ရှိယူကရိန်းအသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမားအများအပြားကို ဆုံးရှုံးထားရပါတယ်။ ယူကရိန်းဟာ လာမယ့်အောက်တိုဘာ ၁၀ မှာ ဂျာမနီ၊ အောက်တိုဘာ ၁၃ မှာ စပိန်တို့နဲ့ နေးရှင်းလိဂ်ပွဲတွေ ဆက်လက်ကစားရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုဗစ္ေၾကာင့္ ၄၅ ႏွစ္အရြယ္ လက္ေထာက္နည္းျပကို လူစာရင္းထဲထည့္ခဲ့ရတဲ့ ယူကရိန္း

အသင္းကုိရိုက္ခတ္လာတဲ့ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈေၾကာင့္ မေန႔ညက ျပင္သစ္နဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲအတြက္ ယူကရိန္းဟာ အသက္ ၄၅ ႏွစ္အရြယ္ လက္ေထာက္နည္းျပေရွာ႔ေကာ့စကီးကို လူစာရင္းထဲ ထည့္ခဲ့ရပါတယ္။ ယူကရိန္းလူစာရင္းမွာ ေရြးခ်ယ္ထားတဲ့ ဂိုးသမားေတြထဲက ျပာေတာ့ဗ္၊လူနင္နဲ႔ပန္ကစ္ဗ္တို႔ဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရတဲ့အတြက္ အသုံးျပဳႏိုင္တဲ့ဂိုးသမားဆုိလုိ႔ ဘက္စ္ခ်န္တစ္ေယာက္သာ ရွိခဲ့တာပါ။

ဒါေၾကာင့္ အရန္စာရင္းအတြက္ ဂိုးသမားတစ္ေယာက္ လိုအပ္ခဲ့ပါတယ္။ အဲဒီေတာ့ ယူကရိန္းဟာ လက္ေထာက္နည္းျပအျဖစ္တာ၀န္ယူထားတဲ့ လက္ေရြးစင္ဂုိးသမားေဟာင္းေရွာ႔ေကာ့စကီးကို လူစာရင္းထဲ ထည့္ခဲ့ရတာပါ။

အဲဒီဒိုင္နမိုကိဗ္ဂိုးသမားေဟာင္းဟာ ၂၀၁၆ ကမွ ကစားသမားဘ၀ အနားယူထားတာျဖစ္ၿပီး လက္ေရြးစင္အသင္းအတြက္ ၁၉၉၄ ကေန ၂၀၁၂ အထိ ပြဲေပါင္း ၉၂ ပြဲကစားေပးခဲ့တာပါ။ က်န္ရွိတဲ့တစ္ဦးတည္းေသာဂိုးသမား ဘတ္စ္ခ်န္က ကိုဗစ္မရွိ ဒဏ္ရာမရခဲ့တာေၾကာင့္ ေရွာ႔ေကာ့စကီးဟာ ျပင္သစ္ကို ၇-၁ ဂိုးျပတ္ရႈံးခဲ့တဲ့ပြဲမွာေတာ့ မလိုအပ္ခဲ့ပါဘူး။

ခ်ဲလ္ဆီးတိုက္စစ္မႈးေဟာင္းရွက္ဗ္ခ်န္ကိုနည္းျပေနတဲ့ လက္ရွိယူကရိန္းအသင္းမွာ ကိုရိုနာဗုိငး္ရပ္စ္ေၾကာင့္ ကစားသမားအမ်ားအျပားကုိ ဆုံးရႈံးထားရပါတယ္။ ယူကရိန္းဟာ လာမယ့္ေအာက္တိုဘာ ၁၀ မွာ ဂ်ာမနီ၊ ေအာက္တိုဘာ ၁၃ မွာ စပိန္တို႔နဲ႔ ေနးရွင္းလိဂ္ပြဲေတြ ဆက္လက္ကစားရမွာပါ။