
photo-express
photo-gettyimages
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေးကြေးပိုင်းထိခိုက်တဲ့အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ ခါတိုင်းလို သုံးစွဲနိုင်တော့မဟုတ်ကြောင်း မန်ယူအသင်းအမှုဆောင်ဒုတိယဥက္ကဌအက်ဝုဒ်ဝပ်က ဝန်ခံပြောကြားလိုက်ပါတယ်။ လာမယ့်နွေရာသီအပြောင်းအရွှေ့စတာနဲ့ နည်းပြဆိုးလ်ရှားဟာ သူ့အသင်းကို အားဖြည့်နိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပြီး အဲဒီအတွက်ကလပ်ကလည်း အလားအလာရှိမယ့်ခေါ်ယူမှုတွေအတွက် ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့လည်း ကိုဗစ်ရဲ့စီးပွားရေးအပေါ် သက်ရောက်မှုကြောင့် မန်ယူဟာ အရင်လို သုံးနိုင်ဖို့ မလွယ်တော့ပါဘူး။
photo-gettyimages
ဒေါ့မန်တောင်ပံကစားသမားဆန်ချိုဟာ မန်ယူရဲ့ခေါ်ယူလိုတဲ့ပစ်မှတ်ကစားသမားစာရင်းမှာ ထိပ်ဆုံးကဖြစ်ပြီး ဒီလိုပဲ ပြီးခဲ့တဲ့နှစ်က အင်တာကိုထွက်ခွာသွားတဲ့ လူကာကူနေရာ အစားထိုးဖို့ စပါးတိုက်စစ်မှုးဟယ်ရီကိန်းကိုလည်း ဟယ်ရီကိန်းကိုလည်း စိတ်ဝင်စားနေတာပါ။ ဒါပေမဲ့ အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်ကို ပေါင် ၂၀၀ ပေးနိုင်မှ ခေါ်နိုင်မှာဖြစ်လို့ အခုလိုအခြေအနေမှာ ဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ အဓိကပစ်မှတ်ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ ကျော်ပေးနိုင်ဖို့တောင် မသေချာ ဖြစ်နေပါတယ်။
photo-gettyimages
”ဘောလုံးမှာ အားလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအတိုင်းအတာကို ဘယ်သူမှ အတွေးမှားသင့်ပါဘူး။ ကျွန်တော်တို့အပါအဝင် ဘယ်ကလပ်တိုင်းအတွက်မဆို ဒီနှစ်နွေရာသီဈေးကွက်မှာ ပုံမှန်လှှုပ်ရှားနိုင်ဖွယ် မရှိပါဘူး။ ဆိုတော့ ဒီနှစ်နွေရာသီမှာ ဘယ်ကစားသမားအတွက် ပေါင်သန်းရာချီပေးပေးမယ်ဆိုတဲ့ မှန်းဆပြောဆိုမှုတွေက တကယ်တမ်းလက်တွေ့ကြုံတွေ့နေရတာကို လျစ်လျူရှုတဲ့ပုံပေါက်နေပါတယ်”လို့ ဝုဒ်ဝပ်က ပြောခဲ့တာပါ။
[Zawgyi]
ကိုဗစ္ေၾကာင့္ အေျပာင္းအေရႊ႕မွာ ခါတိုင္းလုိသုံးႏိုင္မွာ မဟုတ္ေၾကာင္း ၀ုဒ္၀ပ္၀န္ခံ
ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေငြးေၾကးပိုင္းထိခုိက္တဲ့အတြက္ အေျပာငး္အေရႊ႕ေစ်းကြက္မွာ ခါတိုင္းလုိ သုံးစြဲႏိုင္ေတာ့မဟုတ္ေၾကာင္း မန္ယူအသင္းအမႈေဆာင္ဒုတိယဥကၠဌအက္၀ုဒ္၀ပ္က ၀န္ခံေျပာၾကားလုိက္ပါတယ္။ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕စတာနဲ႔ နည္းျပဆိုးလ္ရွားဟာ သူ႔အသင္းကို အားျဖည့္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနဆဲျဖစ္ၿပီး အဲဒီအတြက္ကလပ္ကလည္း အလားအလာရွိမယ့္ေခၚယူမႈေတြအတြက္ ႀကိဳးပမ္းေနပါတယ္။ ဒါေပမဲ့လည္း ကိုဗစ္ရဲ႕စီးပြားေရးအေပၚ သက္ေရာက္မႈေၾကာင့္ မန္ယူဟာ အရင္လို သုံးႏိုင္ဖို႔ မလြယ္ေတာ့ပါဘူး။
ေဒါ့မန္ေတာင္ပံကစားသမားဆန္ခ်ိဳဟာ မန္ယူရဲ႕ေခၚယူလိုတဲ့ပစ္မွတ္ကစားသမားစာရင္းမွာ ထိပ္ဆုံးကျဖစ္ၿပီး ဒီလုိပဲ ၿပီးခဲ့တဲ့ႏွစ္က အင္တာကုိထြက္ခြာသြားတဲ့ လူကာကူေနရာ အစားထုိးဖို႔ စပါးတုိက္စစ္မႈးဟယ္ရီကိန္းကိုလည္း ဟယ္ရီကိန္းကိုလည္း စိတ္၀င္စားေနတာပါ။ ဒါေပမဲ့ အဲဒီအဂၤလန္အသင္းေခါင္းေဆာင္ကို ေပါင္ ၂၀၀ ေပးႏိုင္မွ ေခၚႏိုင္မွာျဖစ္လုိ႔ အခုလိုအေျခအေနမွာ ျဖစ္ႏိုင္စရာအေၾကာင္းမရွိပါဘူး။ အဓိကပစ္မွတ္ဆန္ခ်ိဳအတြက္ ေပါင္သန္း ၁၀၀ ေက်ာ္ေပးႏိုင္ဖို႔ေတာင္ မေသခ်ာ ျဖစ္ေနပါတယ္။
”ေဘာလုံးမွာ အားလုံးရင္ဆုိင္ေနရတဲ့ စိန္ေခၚမႈအတိုင္းအတာကို ဘယ္သူမွ အေတြးမွားသင့္ပါဘူး။ ကၽြန္ေတာ္တုိ႔အပါအ၀င္ ဘယ္ကလပ္တိုင္းအတြက္မဆို ဒီႏွစ္ေႏြရာသီေစ်းကြက္မွာ ပုံမွန္လွႈပ္ရွားႏိုင္ဖြယ္ မရွိပါဘူး။ ဆိုေတာ့ ဒီႏွစ္ေႏြရာသီမွာ ဘယ္ကစားသမားအတြက္ ေပါင္သန္းရာခ်ီေပးေပးမယ္ဆိုတဲ့ မွန္းဆေျပာဆိုမႈေတြက တကယ္တမ္းလက္ေတြ႕ႀကဳံေတြ႕ေနရတာကို လ်စ္လ်ဴရႈတဲ့ပုံေပါက္ေနပါတယ္”လို႔ ၀ုဒ္၀ပ္က ေျပာခဲ့တာပါ။