ကိုဗစ်ကြောင့် အကြွေးပေါင် ၁၂၇ သန်း ထပ်တိုးသွားတဲ့ မန်ယူ

photo-PA

photo-gettyimages

ဒီနှစ်ရဲ့ပထမဆုံး ၃ လမှာ အကြွေးပေါင် ၁၂၇ သန်းထပ်တိုးလာတာကြောင့် အသားတင်ကြွေးတင်နေမှုဟာ ပေါင် ၄၂၉ သန်းအထိရှိလာကြောင်း မန်ယူအသင်းက အတည်ပြုလိုက်ပါတယ်။ မန်ယူရဲ့နောက်ဆုံးထွက်ပေါ်လာတဲ့ ၃ လပတ် ဘဏ္ဍာရေးရှင်းတမ်းအရ အကြွေးတင်နေမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၄၂ ရာခိုင်နှုန်းပိုတိုးလာခဲ့ပြီး ဒါဟာ ကိုဗစ်က ကလပ်ရဲ့စီးပွားရေးအပေါ် ရိုက်ခတ်ခဲ့တယ်ဆိုတာကို ဖော်ပြရာလည်း ရောက်ပါတယ်။

photo-gettyimages

ဝင်ငွကျဆင်းမှုအပြင် စတင်လင်ပေါင်နဲ့ဒေါ်လာငွေကြေးလဲလှယ်မှုနှုန်းထား ထိုးဆင်းသွားတဲ့အတွက် မန်ယူဟာ ဘဏ္ဍာရေးအရ ထိခိုက်ခဲ့တာပါ။ ဝင်ငွေကျဆင်းတယ်ဆိုတဲ့နေရာမှာလည်း ပရီးမီးယားလိဂ်နဲ့ယူရိုပါလိဂ်က လက်ကျန်အိမ်ကွင်းပွဲတွေရွှေ့ဆိုင်းသွားတဲ့အတွက် ကွင်းဝင်ကြေးမရတော့တာက တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။

photo-gettyimages

ဒါ့အပြင် မန်ယူဟာ ပြည်တွင်းပြည်ပက ပရီးမီးယားလိဂ်ထုတ်လွှင့်တဲ့ရုပ်သံတွေကိုလည်း ပေါင် ၁၅ သန်းပြန်ပေးရဖို့ ရှိပါတယ်။ အဲဒါက မန်ယူတစ်သင်းတည်းတင်မဟုတ်ဘဲ ပရီးမီးယားလိဂ်အသင်းတိုင်းကြုံတွေ့ရတာပါ။ ဒါပေမဲ့လည်း မန်ယူဟာ ကြော်ငြာနဲ့ စပွန်ဆာတွေဆီကနေတော့ ဝင်ငွေရရှိနေတုန်းပါပဲ။ ဒီပုံအတိုင်းဆိုရင် မန်ယူဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှုအတွက် မျှော်လင့်ထားသလို များမာျးစားစားသုံးနိုင်မယ်မထင်ပါဘူး။

[Zawgyi]

ကိုဗစ္ေၾကာင့္ အေၾကြးေပါင္ ၁၂၇ သန္း ထပ္တိုးသြားတဲ့ မန္ယူ

ဒီႏွစ္ရဲ႕ပထမဆုံး ၃ လမွာ အေၾကြးေပါင္ ၁၂၇ သန္းထပ္တိုးလာတာေၾကာင့္ အသားတင္ေၾကြးတင္ေနမႈဟာ ေပါင္ ၄၂၉ သန္းအထိရွိလာေၾကာင္း မန္ယူအသင္းက အတည္ျပဳလိုက္ပါတယ္။ မန္ယူရဲ႕ေနာက္ဆုံးထြက္ေပၚလာတဲ့ ၃ လပတ္ ဘ႑ာေရးရွင္းတမ္းအရ အေၾကြးတင္ေနမႈဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ၄၂ ရာခိုင္ႏႈန္းပိုတုိးလာခဲ့ၿပီး ဒါဟာ ကိုဗစ္က ကလပ္ရဲ႕စီးပြားေရးအေပၚ ရိုက္ခတ္ခဲ့တယ္ဆုိတာကို ေဖာ္ျပရာလည္း ေရာက္ပါတယ္။

၀င္ငြက်ဆင္းမႈအျပင္ စတင္လင္ေပါင္နဲ႔ေဒၚလာေငြေၾကးလဲလွယ္မႈႏႈန္းထား ထိုးဆင္းသြားတဲ့အတြက္ မန္ယူဟာ ဘ႑ာေရးအရ ထိခိုက္ခဲ့တာပါ။ ၀င္ေငြက်ဆင္းတယ္ဆိုတဲ့ေနရာမွာလည္း ပရီးမီးယားလိဂ္နဲ႔ယူရိုပါလိဂ္က လက္က်န္အိမ္ကြင္းပြဲေတြေရႊ႕ဆိုင္းသြားတဲ့အတြက္ ကြင္း၀င္ေၾကးမရေတာ့တာက တစ္စိတ္တစ္ပိုင္းပါ၀င္ပါတယ္။

ဒါ့အျပင္ မန္ယူဟာ ျပည္တြင္းျပည္ပက ပရီးမီးယားလိဂ္ထုတ္လႊင့္တဲ့ရုပ္သံေတြကိုလည္း ေပါင္ ၁၅ သန္းျပန္ေပးရဖို႔ ရွိပါတယ္။ အဲဒါက မန္ယူတစ္သင္းတည္းတင္မဟုတ္ဘဲ ပရီးမီးယားလိဂ္အသင္းတိုင္းႀကဳံေတြ႕ရတာပါ။ ဒါေပမဲ့လည္း မန္ယူဟာ ေၾကာ္ျငာနဲ႔ စပြန္ဆာေတြဆီကေနေတာ့ ၀င္ေငြရရွိေနတုန္းပါပဲ။ ဒီပုံအတိုင္းဆုိရင္ မန္ယူဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေခၚယူမႈအတြက္ ေမွ်ာ္လင့္ထားသလို မ်ားမာ်းစားစားသုံးႏိုင္မယ္မထင္ပါဘူး။