ကိုဗစ်ကြောင့် ယခုနှစ်ရွှေဘောလုံးဆု ဖျက်သိမ်းလိုက်ရလို့ ဘယ်သူအနစ်နာဆုံးဖြစ်မလဲ

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ယခုနှစ်အတွက် ရွှေဘောလုံးဆု Ballon d’Or ဆု ပေးအပ်သွားမှာမဟုတ်ကြောင်း အတည်ပြုကြေညာလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမားတွေအတွက် လုံလောက်ပြည့်စုံတဲ့အခြေအနေမရှိခြင်းကြောင့်ဖြစ်တယ်လို့ ရှင်းလင်းကြေညာသွားပါတယ်။ အားလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ ထုတ်ပြန်ကြေညာမှုဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးအကောင်းဆုံးကစားသမားဆုတွေကို ဒီနှစ်မှာ ပေးအပ်မှာမဟုတ်တော့ပါဘူး။

Photo Credit

ဒီလိုဖျက်သိမ်းလိုက်တာက အထူးသဖြင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် နစ်နာစရာဖြစ်ခဲ့ပြီး ပိုလန်တိုက်စစ်မှူးက တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးအနေနဲ့ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ရွှေဘောလုံးဆုရှင်ဖြစ်ဖို့ နီးစပ်နေချိန်မှာ ဆုကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

Photo Credit

သူဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၄၉ပွဲကစား ၅၁ဂိုးအထိ သွင်းယူထားပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ ခြေတစ်ဖက်လှမ်းထားပြီးဖြစ်တဲ့ ဘိုင်ယန်က ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ထားပါတယ်။
နောက်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဂိုးမြူးနေတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့လည်း ယခုနှစ် ရွှေဘောလုံးဆုရယူဖို့ ရေပန်းစားနေခဲ့တဖြစ်ပြီး အခုတော့ ၆၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖျက်သိမ်းလိုက်တာကြောင့် ၂၀၂၁ ရောက်မှပဲ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

Photo Credit

ဒီအတွက်ကြောင့် ၂၀၁၉ ရွှေဘောလုံးဆုရှင် ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီလည်း နောက်ထပ် ၁၂လကြာ ဆုကို ထိန်းသိမ်းခွင့်ရရှိသွားခဲ့ပြီး သူက ရော်နယ်ဒိုကို တစ်ကြိမ်အသာနဲ့ ကျော်ဖြတ်ကာ စံချိန်တင်ရွှေဘောလုံးဆု ၆ကြိမ်ရရှိထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ကိုဗစ္ေၾကာင့္ ယခုႏွစ္ေရႊေဘာလုံးဆု ဖ်က္သိမ္းလုိက္ရလုိ႔ ဘယ္သူအနစ္နာဆုံးျဖစ္မလဲ

ျပင္သစ္ေဘာလုံးမဂၢဇင္းက ယခုႏွစ္အတြက္ ေရႊေဘာလုံးဆု Ballon d’Or ဆု ေပးအပ္သြားမွာမဟုတ္ေၾကာင္း အတည္ျပဳေၾကညာလုိက္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကစားသမားေတြအတြက္ လုံေလာက္ျပည့္စုံတဲ့အေျခအေနမရွိျခင္းေၾကာင့္ျဖစ္တယ္လုိ႔ ရွင္းလင္းေၾကညာသြားပါတယ္။ အားလုံးကို အံ့အားသင့္သြားေစခဲ့တဲ့ ထုတ္ျပန္ေၾကညာမႈျဖစ္ၿပီး အမ်ိဳးသားနဲ႔ အမ်ိဳးသမီးအေကာင္းဆုံးကစားသမားဆုေတြကို ဒီႏွစ္မွာ ေပးအပ္မွာမဟုတ္ေတာ့ပါဘူး။
ဒီလုိဖ်က္သိမ္းလုိက္တာက အထူးသျဖင့္ ဘုိင္ယန္ျမဴးနစ္တုိက္စစ္မွဴး လီ၀န္ေဒါစကီးအတြက္ နစ္နာစရာျဖစ္ခဲ့ၿပီး ပိုလန္တုိက္စစ္မွဴးက တစ္ႏွစ္တာကမၻာ့အေကာင္းဆုံးကစားသမားဆုရရွိဖုိ႔ ေရပန္းစားေနတာျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ရွိ လီ၀န္ေဒါစကီးအေနနဲ႔ ကစားသမားဘ၀တစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ေရႊေဘာလုံးဆုရွင္ျဖစ္ဖို႔ နီးစပ္ေနခ်ိန္မွာ ဆုကို ဖ်က္သိမ္းလုိက္တာျဖစ္ပါတယ္။
သူဟာ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၄၉ပြဲကစား ၅၁ဂိုးအထိ သြင္းယူထားၿပီး ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္တက္ေရာက္ႏိုင္ဖို႔ ေျခတစ္ဖက္လွမ္းထားၿပီးျဖစ္တဲ့ ဘုိင္ယန္က ဘြန္ဒက္စ္လီဂါနဲ႔ ပိုကယ္ဖလားၿပိဳင္ပဲြေတြမွာ ခ်န္ပီယံျဖစ္ထားပါတယ္။
ေနာက္ၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ ဂိုးျမဴးေနတဲ့ တိုက္စစ္မွဴး ေရာ္နယ္ဒိုနဲ႔ စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းတို႔လည္း ယခုႏွစ္ ေရႊေဘာလုံးဆုရယူဖို႔ ေရပန္းစားေနခဲ့တျဖစ္ၿပီး အခုေတာ့ ၆၄ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ဖ်က္သိမ္းလုိက္တာေၾကာင့္ ၂၀၂၁ ေရာက္မွပဲ ကမၻာ့အေကာင္းဆုံးကစားသမားဆုထြက္ေပၚလာေတာ့မွာျဖစ္ပါတယ္။
ဒီအတြက္ေၾကာင့္ ၂၀၁၉ ေရႊေဘာလုံးဆုရွင္ ဘာစီလုိနာအသင္းေခါင္းေဆာင္မက္ဆီလည္း ေနာက္ထပ္ ၁၂လၾကာ ဆုကို ထိန္းသိမ္းခြင့္ရရွိသြားခဲ့ၿပီး သူက ေရာ္နယ္ဒိုကို တစ္ႀကိမ္အသာနဲ႔ ေက်ာ္ျဖတ္ကာ စံခ်ိန္တင္ေရႊေဘာလုံးဆု ၆ႀကိမ္ရရွိထားပါတယ္။