ကိုဗစ်ကြောင့် ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ရင်လည်း နားလည်ပေးမယ်လို့ မာနီပြော

photo-gettyimages

photo-gettyimages

လီဗာပူးတိုက်စစ်မှုးမာနီက တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူ့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုပေးအပ်ခံရခြင်းမရှိရင်လည်း နားလည်လက်ခံပေးသွားမှာဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ လက်ရှိမှာ မာနီရဲ့လီဗာပူးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၂၅ မှတ်ဖြတ်ဦးဆောင်နေတာပါ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့အကျပ်အတည်းဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်္ဂလန်မှာ ဘောလုံးပွဲတွေအားလုံးဆိုင်းငံ့ထားသလို ဘယ်အချိန်ပြန်စနိုင်မလဲဆိုတာကိုလည်း မှန်းဆလို့ မရနိုင်သေးပါဘူး။

photo-daily mail

ပြီးခဲ့တဲ့လမှာ အင်္ဂလိပ်ဘောလုံးရဲ့အောက်တန်းပြိုင်ပွဲတွေက ရလဒ်တွေရော လိဂ်ရပ်တည်မှုတွေကိုပါ ဖျက်သိမ်းမှုပြုလုပ်ခဲ့တာကြောင့် လီဗာပူးကို ဒီနှစ်မှာ ချန်ပီယံမပေးဖို့ဆိုတာကလည်း တကယ်ဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ခြေတစ်ခုပါ။ အဲဒီအခြေအနေကို မာနီဘက်ကတော့ လက်ခံဖို့ ပြင်ဆင်ထားပါတယ်။

photo-PA

ပရီးမီးယားလိဂ်ချန်ပီယံတစ်ယောက်လို ခံစားရခြင်းမရှိသေးဘူလားလို့ မေးမြန်းတော့ မာနီက”အဲဒီခံစားချက် မရသေးပါဘူး။ ကျွန်တော့်အလုပ်ကိုချစ်သလို ဘောလုံးကိုလည်း ချစ်ပါတယ်။ ပွဲတွေအနိုင်ရချင်သလို ဆုဖလားလည်း ရချင်ပါတယ်။ ဒါပေမဲ့ အခုလိုအခြေအနေမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်နားလည်လက်ခံမှာပါ”လို့  talkSPORT သတင်းဌာနကို ပြောပါတယ်။ ဆက်လက်ပြီးတော့လည်း အဲဒီဆီနီဂေါသားက”လီဗာပူးအတွက်က ခက်ခဲနေပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းလုံးက သန်းပေါင်းများစွာသော လူတွေအတွက် ပိုပြီးတော့တောင် ခက်ခဲနေပါတယ်။ တချို့ဆိုရင် မိသားစုဝင်တွေကို ဆုံးရှုံးထားရပြီး ပိုရှု့ပ်ထွေးတဲ့အခြေအနေရှိနေတာပါ။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ကတော့ ဒီနှစ်မှာ ဗိုလ်စွဲချင်ပြီး အဲဒါက အိပ်မက်လည်း ဖြစ်ပါတယ်။ အဲဒီလိုဖြစ်မလာခဲ့ရင်လည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းမို့ လက်ခံသွားမှာပါ။ နောက်နှစ်မှာ ကျွန်တော်တို့ရနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

[Zawgyi]

ကိုဗစ္ေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံမျဖစ္ရင္လည္း နားလည္ေပးမယ္လုိ႔ မာနီေျပာ

လီဗာပူးတုိက္စစ္မႈးမာနီက တကယ္လုိ႔ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ သူ႔အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုေပးအပ္ခံရျခင္းမရွိရင္လည္း နားလည္လက္ခံေပးသြားမွာျဖစ္ေၾကာင္း ၀န္ခံလိုက္ပါတယ္။ လက္ရွိမွာ မာနီရဲ႕လီဗာပူးဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ၂၅ မွတ္ျဖတ္ဦးေဆာင္ေနတာပါ။ ဒါေပမဲ့ တစ္ကမာၻလုံးနဲ႔ဆိုင္တဲ့အက်ပ္အတည္းျဖစ္လာတဲ့ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အဂၤလန္မွာ ေဘာလုံးပြဲေတြအားလုံးဆိုင္းငံ့ထားသလုိ ဘယ္အခ်ိန္ျပန္စႏိုင္မလဲဆုိတာကိုလည္း မွန္းဆလုိ႔ မရႏုိင္ေသးပါဘူး။

ၿပီးခဲ့တဲ့လမွာ အဂၤလိပ္ေဘာလုံးရဲ႕ေအာက္တန္းၿပိဳင္ပြဲေတြက ရလဒ္ေတြေရာ လိဂ္ရပ္တည္မႈေတြကိုပါ ဖ်က္သိမး္မႈျပဳလုပ္ခဲ့တာေၾကာင့္ လီဗာပူးကုိ ဒီႏွစ္မွာ ခ်န္ပီယံမေပးဖို႔ဆိုတာကလည္း တကယ္ျဖစ္လာႏိုင္တဲ့ ျဖစ္ႏိုင္ေျခတစ္ခုပါ။ အဲဒီအေျခအေနကို မာနီဘက္ကေတာ့ လက္ခံဖုိ႔ ျပင္ဆင္ထားပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံတစ္ေယာက္လို ခံစားရျခင္းမရွိေသးဘူလားလုိ႔ ေမးျမန္းေတာ့ မာနီက”အဲဒီခံစားခ်က္ မရေသးပါဘူး။ ကၽြန္ေတာ့္အလုပ္ကိုခ်စ္သလုိ ေဘာလုံးကိုလည္း ခ်စ္ပါတယ္။ ပြဲေတြအႏိုင္ရခ်င္သလုိ ဆုဖလားလည္း ရခ်င္ပါတယ္။ ဒါေပမဲ့ အခုလိုအေျခအေနမွာ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္နားလည္လက္ခံမွာပါ”လုိ႔  talkSPORT သတင္းဌာနကို ေျပာပါတယ္။ ဆက္လက္ၿပီးေတာ့လည္း အဲဒီဆီနီေဂါသားက”လီဗာပူးအတြက္က ခက္ခဲေနပါတယ္။ ဒါေပမဲ့ ကမာၻတစ္၀န္းလုံးက သန္းေပါင္းမ်ားစြာေသာ လူေတြအတြက္ ပိုၿပီးေတာ့ေတာင္ ခက္ခဲေနပါတယ္။ တခ်ို႕ဆိုရင္ မိသားစု၀င္ေတြကို ဆုံးရႈံးထားရၿပီး ပုိရႈ႔ပ္ေထြးတဲ့အေျခအေနရွိေနတာပါ။ ဒါေပမဲ့ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ကေတာ့ ဒီႏွစ္မွာ ဗုိလ္စြဲခ်င္ၿပီး အဲဒါက အိပ္မက္လည္း ျဖစ္ပါတယ္။ အဲဒီလိုျဖစ္မလာခဲ့ရင္လည္း ဘ၀ရဲ႕တစ္စိတ္တစ္ပိုင္းမုိ႔ လက္ခံသြားမွာပါ။ ေနာက္ႏွစ္မွာ ကၽြန္ေတာ္တို႔ရႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ ဆိုခဲ့ပါတယ္။