
photo-Rex Features
photo-PA
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂွါဒီယိုလာရဲ့မိခင်ဟာ ကွယ်လွန်သွားပြီလို့ မန်စီးတီးအသင်းက အတည်ပြုလိုက်ပါတယ်။ ဂွါဒီယိုလာရဲ့မိခင်ဖြစ်သူ ဒိုလော်ဆာလာကာရီယိုဟာ ကွယ်လွန်သွားချိန်မှာ ၈၂ နှစ်ရှိပြီဖြစ်ပါတယ်။ စပိန်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဂွါဒီယိုလာကိုယ်တိုင်က ယူရို ၁ သန်းလှူဒါန်းခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ဒီဝမ်းနည်းစရာသတင်းထွက်ပေါ်လာခဲ့တာပါ။
photo-AFP
”ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂွါဒီယိုလာရဲ့မိခင်ကာရီယို ဘာစီလိုနာမှာ ဒီကနေ့ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ထုတ်ပြန်ရလို့ မန်စီးတီးမိသားစုအနေနဲ့ ယူကျုံးမရဖြစ်ရပါတယ်။ ကလပ်နဲ့ပတ်သက်သူတိုင်းက စိတ်သောကအဖြစ်ဆုံးအချိန်ရောက်နေတဲ့ ဂွါဒီယိုလာ၊သူ့မိသားစု၊သူတို့မိတ်ဆွေတွေအားလုံးနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါတယ်”လို့ မန်စီးတီးက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ကြေညာခဲ့တာပါ။
photo-Solarpix
ကာရီယိုဟာ ဂွါဒီယိုလာရဲ့ဖခင်ဖြစ်တဲ့ဗလန်တီနဲ့အတူ သားသမီး ၄ ယောက်ထွန်းကားခဲ့တာပါ။ ဂွါဒီယိုလာရဲ့အထက်မှာ အစ်မနှစ်ယောက်ရှိပြီး သူ့ညီဖြစ်တဲ့ပီရီကတော့ ဘောလုံးအေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ ကာရီယိုဟာ သားဖြစ်သူရဲ့ကစားသမားဘဝနဲ့နည်းပြဘဝအောင်မြင်မှုတွေကို ဘာစီလိုနာအသင်းမှာ အနီးကပ်မြင်တွေ့ခဲ့ရသူပါ။ စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဥရောပမှာ အပြင်းအထန်ကြုံတွေ့ခံစားခဲ့ရတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာလည်း စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ ၁၃၅၀၀၀ အထက်ကို မြင့်တက်လာပါတယ်။
[Zawgyi]
ကိုဗစ္ေၾကာင့္ ဂြါဒီယိုလာရဲ႕မိခင္ ကြယ္လြန္သြားၿပီလို႔ မန္စီးတီးအတည္ျပဳ
ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ဂြါဒီယိုလာရဲ႕မိခင္ဟာ ကြယ္လြန္သြားၿပီလို႔ မန္စီးတီးအသင္းက အတည္ျပဳလိုက္ပါတယ္။ ဂြါဒီယိုလာရဲ႕မိခင္ျဖစ္သူ ဒိုေလာ္ဆာလာကာရီယုိဟာ ကြယ္လြန္သြားခ်ိန္မွာ ၈၂ ႏွစ္ရွိၿပီျဖစ္ပါတယ္။ စပိန္က ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ဂြါဒီယိုလာကိုယ္တုိင္က ယူရို ၁ သန္းလွဴဒါန္းခဲ့ၿပီး ရက္သတၱပတ္အနည္းငယ္အၾကာမွာပဲ ဒီ၀မ္းနည္းစရာသတင္းထြက္ေပၚလာခဲ့တာပါ။
”ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ဂြါဒီယိုလာရဲ႕မိခင္ကာရီယို ဘာစီလုိနာမွာ ဒီကေန႔ကြယ္လြန္သြားၿပီဆုိတဲ့သတင္းကို ထုတ္ျပန္ရလို႔ မန္စီးတီးမိသားစုအေနနဲ႔ ယူက်ဳံးမရျဖစ္ရပါတယ္။ ကလပ္နဲ႔ပတ္သက္သူတိုင္းက စိတ္ေသာကအျဖစ္ဆုံးအခ်ိန္ေရာက္ေနတဲ့ ဂြါဒီယိုလာ၊သူ႔မိသားစု၊သူတို႔မိတ္ေဆြေတြအားလုံးနဲ႔အတူ ထပ္တူထပ္မွ် ခံစားရပါတယ္”လို႔ မန္စီးတီးက ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ေၾကညာခဲ့တာပါ။
ကာရီယိုဟာ ဂြါဒီိယုိလာရဲ႕ဖခင္ျဖစ္တဲ့ဗလန္တီနဲ႔အတူ သားသမီး ၄ ေယာက္ထြန္းကားခဲ့တာပါ။ ဂြါဒီယိုလာရဲ႕အထက္မွာ အစ္မႏွစ္ေယာက္ရွိၿပီး သူ႔ညီျဖစ္တဲ့ပီရီကေတာ့ ေဘာလံုးေအးဂ်င့္တစ္ေယာက္ ျဖစ္ပါတယ္။ ကာရီယိုဟာ သားျဖစ္သူရဲ႕ကစားသမားဘ၀နဲ႔နည္းျပဘ၀ေအာင္ျမင္မႈေတြကို ဘာစီလိုနာအသငး္မွာ အနီးကပ္ျမင္ေတြ႕ခဲ့ရသူပါ။ စပိန္ႏိုင္ငံဟာ ကိုရိုနာဗုိင္းရပ္စ္နဲ႔ပတ္သက္လို႔ ဥေရာပမွာ အျပင္းအထန္ႀကဳံေတြ႕ခံစားခဲ့ရတဲ့ႏိုင္ငံေတြထဲက တစ္ခုျဖစ္ပါတယ္။ လက္ရွိမွာလည္း စပိန္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူအေရအတြက္ဟာ ၁၃၅၀၀၀ အထက္ကို ျမင့္တက္လာပါတယ္။