
photo-credit
photo-gettyimages
မန်ယူကွင်းလယ်လူဟောင်းဖယ်လိုင်နီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေ အလုံးစုံသက်သာပျောက်ကင်းပြီဖြစ်လို့ ဆေးရုံက ဆင်းလာပြီဖြစ်ကြောင်း သူ့ရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ ရှန်ဒေါင်းလူနန်က အတည်ပြုလိုက်ပါတယ်။ အဲဒီဘယ်လ်ဂျီယံကွင်းလယ်လူဟာ ပြီးခဲ့တဲ့မတ်လ ၂၂ ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် တရုတ်နိုင်ငံက ဆေးရုံတစ်ခုမှာ ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။
photo-gettyimages
”ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ကုသမှုခံယူခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ကစားသမားဖယ်လိုင်နီဟာ အဲဒီရောဂါကနေ အလုံးစုံပြန်လည်သက်သာကောင်းမွန်ပြီဖြစ်လို့ ဆေးရုံကနေ ပြန်ဆင်းလာပြီ ဖြစ်ပါတယ်။ သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေအရ သတ်မှတ်တဲ့နေရာမှာ သူဟာ နောက်ထပ် ၁၄ ရက် သီးခြားစောင့်ကြည့်ခံရမှာဖြစ်ပါတယ်”လို့ ရှန်ဒေါင်းလူနန်အသင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
photo-gettyimages
အသက် ၃၂ နှစ်အရွယ် ဖယ်လိုင်နီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလကုန်ကတည်းက ၅ နှစ်ခွဲကြာမန်ယူကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီး တရုတ်စူပါလိဂ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းနဲ့အတူ ဒူဘိုင်းမှာ ရက်အတန်ကြာသွားရှောင်နေခဲ့ပေမယ့် အဲဒီကနေ တရုတ်ကိုပြန်ရောက်ပြီး မကြာခင်မှာပဲ ကူးစက်ခြင်းခံခဲ့ရတာပါ။ သူဟာ အဲဗာတန်၊မန်ယူတို့နဲ့အတူ အင်္ဂလိပ်ဘောလုံးလောကမှာ ၁၁ ရာသီကြာရှိခဲ့သူလည်း ဖြစ်ပါတယ်။
[Zawgyi]
ကိုဗစ္ကေန သက္သာေပ်ာက္ကင္းၿပီးေနာက္ ေဆးရုံကဆင္းၿပီျဖစ္တဲ့ ဖယ္လုိင္နီ
မန္ယူကြင္းလယ္လူေဟာင္းဖယ္လိုင္နီဟာ ကိုရိုနာဗုိငး္ရပ္စ္ကူးစက္မႈကေန အလုံးစုံသက္သာေပ်ာက္ကင္းၿပီျဖစ္လုိ႔ ေဆးရုံက ဆင္းလာၿပီျဖစ္ေၾကာင္း သူ႔ရဲ႕လက္ရွိကလပ္အသင္းျဖစ္တဲ့ ရွန္ေဒါင္းလူနန္က အတည္ျပဳလုိက္ပါတယ္။ အဲဒီဘယ္လ္ဂ်ီယံကြင္းလယ္လူဟာ ၿပီးခဲ့တဲ့မတ္လ ၂၂ ရက္ေန႔ကတည္းက ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ တရုတ္ႏိုင္ငံက ေဆးရုံတစ္ခုမွာ ကုသမႈခံယူခဲ့ရတာ ျဖစ္ပါတယ္။
”ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဆးရုံတက္ကုသမႈခံယူခဲ့ရတဲ့ ကၽြန္ေတာ္တို႔ရဲ႕ကစားသမားဖယ္လုိင္နီဟာ အဲဒီေရာဂါကေန အလုံးစုံျပန္လည္သက္သာေကာင္းမြန္ၿပီျဖစ္လုိ႔ ေဆးရုံကေန ျပန္ဆင္းလာၿပီ ျဖစ္ပါတယ္။ သက္ဆိုင္တဲ့ လုပ္ထုံးလုပ္နည္းေတြအရ သတ္မွတ္တဲ့ေနရာမွာ သူဟာ ေနာက္ထပ္ ၁၄ ရက္ သီးျခားေစာင့္ၾကည့္ခံရမွာျဖစ္ပါတယ္”လို႔ ရွန္ေဒါင္းလူနန္အသင္းက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
အသက္ ၃၂ ႏွစ္အရြယ္ ဖယ္လုိင္နီဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ဇန္န၀ါရီလကုန္ကတည္းက ၅ ႏွစ္ခြဲၾကာမန္ယူကစားသမားဘ၀ကို အဆုံးသတ္ခဲ့ၿပီး တရုတ္စူပါလိဂ္ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ သူဟာ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အသင္းနဲ႔အတူ ဒူဘိုင္းမွာ ရက္အတန္ၾကာသြားေရွာင္ေနခဲ့ေပမယ့္ အဲဒီကေန တရုတ္ကိုျပန္ေရာက္ၿပီး မၾကာခင္မွာပဲ ကူးစက္ျခင္းခံခဲ့ရတာပါ။ သူဟာ အဲဗာတန္၊မန္ယူတို႔နဲ႔အတူ အဂၤလိပ္ေဘာလုံးေလာကမွာ ၁၁ ရာသီၾကာရွိခဲ့သူလည္း ျဖစ္ပါတယ္။