ကိုဗက်ရဲ့နေရာမှာ မော်ရင်ဟိုအစားဝင်မှာလား

Photo-Internet
Photo- Internet

ဘိုင်ယန်မြူ းနစ်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဖရန့်ဖတ်ကို ၅-၁ နဲ့ဆိုးရွားစွာရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ကိုဗက်ကို ရာထူးကနေထုတ်ပယ်လို့ သူ့နေရာမှာအစားဝင်ဖို့အတွက် မန်ယူနည်းပြ မော်ရင်ဟိုက ဘွတ်ကီတွေရဲ့ဖေးဖရိတ်အဖြစ်ဆုံးသော နည်းပြအဖြစ်ရပ်တည်နေတယ်လို့ သိရပါတယ်။

ကိုဗက်ဟာပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်မြူ းနစ်ကို ဘွန်ဒက်စ်လီဂါချန်ပီယံဘွဲ့ ရရှိစေခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်တွေဆိုးရွားမှုနဲ့ကြုံတွေ့နေရပြီး ၁၀ ပွဲကစားပြီးချိန်မှာ ၁၈ မှတ်သာရကာ အဆင့် ၄ နေရာကိုရောက်ရှိနေပါတယ်။ ဖရန့်ဖတ်ကို ၅-၁ နဲ့ရှုံးပြီးတဲ့နောက်မှာတော့ သူထုတ်ပယ်ခံရတော့မယ်လို့ ခန့်မှန်းကြတဲ့အတိုင်း တကယ်ဖြစ်လာခဲ့တာပါ။

Photo- Internet

ဘိုင်ယန်ဟာ လစ်ပ်ဇစ်ကိုအိမ်ကွင်းမှာ ၂-၁ နဲ့ရှုံးခဲ့သေးတဲ့အပြင် မကြာသေးခင်ကလည်း အဝေးကွင်းမှာအော့စ်ဘတ်နဲ့ ၂-၂ သရေကျခဲ့မှုတွေဟာ ကလပ်တာဝန်ရှိသူတွေကို စိတ်ပျက်စေတဲ့ ရလဒ်တွေလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဘိုင်ယန်ဟာ နည်းပြသစ်ရှာဖွေနေလို့ ဘွတ်ကီတွေက မော်ရင်ဟိုကိုအလေးပေးမှုအမြင့်ဆုံးအဖြစ်သတ်မှတ်ထားကြပါတယ်။ ကိုဗက်နေရာမှာ ဂျူ ဗင်တပ်နည်းပြဟောင်း အယ်လီဂရီလည်းအစားဝင်မယ်လို့ ရေပန်းစားနေပါတယ်။

Photo- Internet

လက်ရှိဖွင့်လှစ်မှုအရာ မော်ရင်ဟိုက ၁၁-၄၊ ဂျာမနီအသင်းလက်ထောက်နည်းပြဖြစ်ပြီး လက်ရှိမှာ ဘိုင်ယန်ရဲ့ယာယီနည်းပြဖြစ်နေတဲ့ ဟန်ဆီဖလစ်က ၁၀-၃၊ အေဂျက်နည်းပြ အဲရစ်တန်ဟတ်က ၁၁-၂၊ အယ်လီဂရီက ၉-၁ တို့နဲ့ရေပန်းစားနေကြပါတယ်။ ဘွတ်ကီတွေက အခုလိုဖွင့်လှစ်ထားပေမယ့် ဘိုင်ယန်မြူ းနစ်အသင်းဟာ မော်ရင်ဟို ကိုအလိုရှိဖို့ မသေချာဘူးလို့ အချို့တွေကသုံးသပ်ထားကြပါတယ်.

Photo- Internet

မော်ရင်ဟိုကိုယ်တိုင်ကလည်း ဘိုင်ယန်နည်းပြရာထူးနဲ့ ပတ်သက်လို့ မေးမြန်းမှုကိုအခုလိုဖြေကြားခဲ့ဘူးပါတယ်။ သူက”ကျွန်တော့်လုပ်ဖော် ကိုင်ဘက်တွေကို လေးစားသလို ကိုဗက်ကို ကျွန်တော်လေးစားပါတယ်။ဒါကြောင့် ဒီအမေးကိုကျွန်တော်မဖြေနိုင်ပါဘူး။ ပြောနိုင်တာတစ်ခုကတော့ ဘိုင်ယန်ဟာ ထိပ်တန်းအသင်းကြီးတစ်ခုဖြစ်တယ်ဆိုတာပါဘဲ” လို့ ပြောသွားတာပါ။

Photo- Internet

Zawgyi





