ကိုပါအီတာလီယာဆီမီးမှာ ရင်ဆိုင်တွေ့ကြမယ့် အီဘရာဟီမိုဗစ်နဲ့ စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

မနေ့ညက ကစားသွားတဲ့ ကိုပါအီတာလီယာကွာတားဖိုင်နယ်ဟာ မိနစ် ၁၂၀ စလုံး အလှည့်အပြောင်းတွေနဲ့ ပြဇာတ်ဆန်ခဲ့ပြီး နောက်ဆုံးမှာ အေစီလန်က အချိန်ပိုမိနစ် ၃၀ က အနိုင်ဂိုးတွေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ သာမန်ပွဲချိန် မိနစ် ၉၀ မှာ အေစီမီလန်ဟာ ၂-၁ နဲ့ရှုံးပြီး ပြိုင်ပွဲက ထွက်ရမလိုဖြစ်ခဲ့ပေမယ့် နာကျင်အချိန်ပို ၉၁ မိနစ်မှာသွင်းတဲ့ ကယ်ဟာနိုဂလူရဲ့ချေပဂိုးနဲ့ အချိန်ပိုမိနစ် ၃၀ ဆက်ကစားခွင့်ရခဲ့ကာ အချိန်ပိုရောက်မှ ကယ်ဟာနိုဂလူ၊ အီဘရာဟီမိုဗစ်တို့ရဲ့အနိုင်ဂိုးတွေနဲ့ ဆီမီးတက်လှမ်းခဲ့တာပါ။

photo-gettyimages

မိုဗစ်အနေနဲ့ဆိုရင် အေစီမီလန်ကိုတစ်ကျော့ပြန်ရောက်လာပြီးနောက်ပိုင်း အိမ်ကွင်းဆန်စီရိုမှာ ပထမဆုံးအကြိမ်ဂိုးသွင်းဖူူးတာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့အေစီမီလန်ဟာ ကိုပါအီတာလီယာဆီမီးမှာ စီရော်နယ်ဒိုရဲ့ဂျူဗင်တပ်နဲ့ တွေ့ဆုံရတော့မှာပါ။ မန်ယူကြယ်ပွင့်ဟောင်းနှစ်ယောက်ရဲ့တွေ့ဆုံမှုဆိုတာထက် အရင်က စီးရီးအေရဲ့အကောင်းဆုံးနဲ့ လက်ရှိစီးရီးအေရဲ့အကောင်းဆုံးတို့ ရင်ဆိုင်တွေ့ကြတဲ့ပွဲလု့ိဆိုရင် ပိုမှန်ပါလိမ့်မယ်။

photo-gettyimages

အရင်ကတည်းက သူတို့နှစ်ယောက်ကြားမှာ ပြိုင်ဆိုင်မှုရှိခဲ့ဖူးပြီး အေစီကိုပြန်ရောက်လာချိန်မှာလည်း မိုဗစ်က စီရော်နယ်ဒိုနဲ့တွေ့ဆုံမှုဟာ စိတ်လှုပ်ရှားစရာဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ်မှာရော ကမ္ဘာ့ဖလားမှာပါ ရင်ဆိုင်တွေ့ခဲ့ဖူးပါတယ်။ မိုဗစ်က တစ်လတောင်မရှိသေးတဲ့ တစ်ကျော့ပြန်အေစီကစားသမားဘဝမှာ ၂ ဂိုးသွင်းထားသလို စီရော်နယ်ဒိုကလည်း နှစ်သစ်မှာ ၈ ဂိုးတောင် သွင်းထားပါတယ်။ အေစီနဲ့ဂျူဗင်တပ်တို့ရဲ့ ဆီမီးပထမအကျော့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ်လ ၄ ရက်နေ့ကစားမှာပါ။

[Zawgyi]

ကုိပါအီတာလီယာဆီမီးမွာ ရင္ဆိုင္ေတြ႕ၾကမယ့္ အီဘရာဟီမိုဗစ္နဲ႔ စီေရာ္နယ္ဒို

မေန႔ညက ကစားသြားတဲ့ ကိုပါအီတာလီယာကြာတားဖိုင္နယ္ဟာ မိနစ္ ၁၂၀ စလုံး အလွည့္အေျပာင္းေတြနဲ႔ ျပဇာတ္ဆန္ခဲ့ၿပီး ေနာက္ဆုံးမွာ ေအစီလန္က အခ်ိန္ပုိမိနစ္ ၃၀ က အႏုိင္ဂိုးေတြနဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့ပါတယ္။ သာမန္ပြဲခ်ိ္န္ မိနစ္ ၉၀ မွာ ေအစီမီလန္ဟာ ၂-၁ နဲ႔ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ရမလိုျဖစ္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပုိ ၉၁ မိနစ္မွာသြင္းတဲ့ ကယ္ဟာႏိုဂလူရဲ႕ေခ်ပဂိုးနဲ႔ အခ်ိန္ပုိမိနစ္ ၃၀ ဆက္ကစားခြင့္ရခဲ့ကာ အခ်ိန္ပိုေရာက္မွ ကယ္ဟာႏုိဂလူ၊ အီဘရာဟီမိုဗစ္တို႔ရဲ႕အႏိုင္ဂိုးေတြနဲ႔ ဆီမီးတက္လွမ္းခဲ့တာပါ။

မိုဗစ္အေနနဲ႔ဆုိရင္ ေအစီမီလန္ကိုတစ္ေက်ာ့ျပန္ေရာက္လာၿပီးေနာက္ပိုင္း အိမ္ကြင္းဆန္စီရိုမွာ ပထမဆုံးအႀကိမ္ဂိုးသြင္းဖူူးတာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ေအစီမီလန္ဟာ ကိုပါအီတာလီယာဆီမီးမွာ စီေရာ္နယ္ဒိုရဲ႕ဂ်ဴဗင္တပ္နဲ႔ ေတြ႕ဆုံရေတာ့မွာပါ။ မန္ယူၾကယ္ပြင့္ေဟာင္းႏွစ္ေယာက္ရဲ႕ေတြ႕ဆုံမႈဆိုတာထက္ အရင္က စီးရီးေအရဲ႕အေကာင္းဆုံးနဲ႔ လက္ရွိစီးရီးေအရဲ႕အေကာင္းဆံုးတို႔ ရင္ဆုိင္ေတြ႕ၾကတဲ့ပြဲလု႔ိဆုိရင္ ပိုမွန္ပါလိမ့္မယ္။

အရင္ကတည္းက သူတို႔ႏွစ္ေယာက္ၾကားမွာ ၿပိဳင္ဆိုင္မႈရွိခဲ့ဖူးၿပီး ေအစီကိုျပန္ေရာက္လာခ်ိန္မွာလည္း မိုဗစ္က စီေရာ္နယ္ဒုိနဲ႔ေတြ႕ဆုံမႈဟာ စိတ္လႈပ္ရွားစရာျဖစ္လိမ့္မယ္လုိ႔ ဆုိထားပါတယ္။ သူတို႔ဟာ ခ်န္ပီယံလိဂ္မွာေရာ ကမာၻ႔ဖလားမွာပါ ရင္ဆိုင္ေတြ႕ခဲ့ဖူးပါတယ္။ မိုဗစ္က တစ္လေတာင္မရွိေသးတဲ့ တစ္ေက်ာ့ျပန္ေအစီကစားသမားဘ၀မွာ ၂ ဂိုးသြင္းထားသလို စီေရာ္နယ္ဒိုကလည္း ႏွစ္သစ္မွာ ၈ ဂိုးေတာင္ သြင္းထားပါတယ္။ ေအစီနဲ႔ဂ်ဴဗင္တပ္တို႔ရဲ႕ ဆီမီးပထမအေက်ာ့က ေဖေဖာ္၀ါရီ ၁၂ ရက္ေန႔ျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ မတ္လ ၄ ရက္ေန႔ကစားမွာပါ။