ကိုပါအမေရိကအောင်ပွဲကြောင့် သူ့သားတွေ ပျော်ရွှင်နေတဲ့အပေါ် ရင်ဖွင့်လာတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီနား လက်ရွေးစင်အသင်းနဲ့အတူ ဘရာဇီးလ် နိုင်ငံမှာ ကိုပါအမေရိက ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး ( ၂ ) လနီးပါးအကြာမှာ လီယွန်နယ် မက်ဆီက အဆိုပါအောင်မြင်မှုကနေ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ပျော်ရွှင်မှုတွေ အကြောင်း ရင်ဖွင့်လာပါတယ်။

မက်ဆီဟာ အခြားအသင်းဖော်တွေနဲ့အတူ အာဂျင်တီးနားကို ကိုယ်စားပြုကာ အိမ်နီးချင်းနိုင်ငံမှာ သွားရောက်ယှဥ်ပြိုင်ခဲ့ရပြီး မိတ်ဆေွ သူငယ်ချင်း ၊ ချစ်ခင်ရတဲ့ မိသားစုဝင်တွေကို ရက် ( ၄၀ ) ကြာခွဲခွာခဲ့ရပါတယ်။

လီယိုဟာ အဆိုပါ ကာလအတွင်းမှာ သူနဲ့အတူ အမြဲလိုက်ပါလေ့ရှိတဲ့ ကလေးတွေနှင့် ဇနီးဖြစ်သူကို သတိရခဲ့‌ြေကာင်း ဝန်ခံပြောကြားလာပါတယ်။

သူ့ရဲ့ မိသားစုဟာ အဝေးကနေပဲ အာဂျင်တီးနားအသင်းကို အားပေးခဲ့ရပေမယ့် မာရာကာနာကွင်းကြီးထဲမှ အောင်မြင်မှုနဲ့ ပတ်သက်ပြီး ယနေ့ထိတိုင် ပျော်ရွှင်လျက်ရှိနေကြောင်း ဆိုခဲ့့ပါတယ်။

“ ကျွန်တော့်ကလေးတွေက ကျွန်တော်နဲ့အတူ လိုက်ပါကြည့်ရှုနိုင်ခြင်း မရှိခဲ့ပေမယ့် ကိုပါအမေရိကပြိုင်ပွဲကို ဘယ်တုန်းကနဲ့မှမတူပဲ ပျော်ပျော်ရွှင်ရွှင် အားပေးခဲ့ကြပါတယ်။

သူတို့က ဒီအကြောင်းကို ယနေ့ထိတိုင် ပြောနေကြဆဲပါ။”လို့ မက်ဆီက ESPN F90 နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

“ ကောင်လေးတွေက အာဂျင်တီနားနိုင်ငံတော် သီချင်းကို သီဆိုပြီး ဘရာဇီးနဲ့ ဗိုလိလုပွဲအကြောင်းပြောဆိုနေကြဆဲပါ။

သူတို့စိတ်မှာ ဒါက အမြဲရှိနေပါတယ်။ သူတို့ဒါကို သဘောကျတာမြင်ရတော့ ကျွန်တော်အမှန်တကယ်ပျော်ရွှင်မိပါတယ်။

သူတို့က “ အဖေက ချန်ပီယံပဲ ။”လို့ ( ၂ ) ရက် ၊ ( ၃ ) ရက် တစ်ခါလောက်ကို ပြောနေပါတယ်။

ကိုပါအမေရိက ချန်ပီယံဖြစ်တဲ့အပေါ် သူတို့ပျော်ရွှင်နေပါတယ်။

ဒါပေမယ့် သူတို့က ငယ်သေးတဲ့အတွက် ဒီအကြောင်း ရှင်းပြလို့တော့ မရပါဘူး။

Ciroက ( ၃ ) နှစ်အရွယ်ပဲ ရှိပါသေးတယ်။

ဒါပေမယ့် အာဂျင်တီးနားသီချင်းကို ဆက်တိုက်သီဆိုနေခဲ့ပါတယ်။

ကျွန်တော်ခံစားရတဲ့ ပျော်ရွှင်မှုကိုလည်း ဖော်ပြလို့မရနိုင်ပါဘူး။

ဒါကြောင့် မနက်ဖြန် ဘိုလီဗီးယားနဲ့ ပွဲစဥ်မှာလည်း သူတို့ကို အဲ့ဒီမှာရှိနေစေချင်မိပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုပါအေမရိကေအာင္ပြဲေၾကာင့္ သူ႔သားေတြ ေပ်ာ္႐ႊင္ေနတဲ့အေပၚ ရင္ဖြင့္လာတဲ့ မက္ဆီ

အာဂ်င္တီနား လက္ေ႐ြးစင္အသင္းနဲ႔အတူ ဘရာဇီးလ္ ႏိုင္ငံမွာ ကိုပါအေမရိက ခ်န္ပီယံဆုကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး ( ၂ ) လနီးပါးအၾကာမွာ လီယြန္နယ္ မက္ဆီက အဆိုပါေအာင္ျမင္မႈကေန ပိုင္ဆိုင္ခြင့္ရခဲ့တဲ့ ေပ်ာ္႐ႊင္မႈေတြ အေၾကာင္း ရင္ဖြင့္လာပါတယ္။ မက္ဆီဟာ အျခားအသင္းေဖာ္ေတြနဲ႔အတူ အာဂ်င္တီးနားကို ကိုယ္စားျပဳကာ အိမ္နီးခ်င္းႏိုင္ငံမွာ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ရၿပီး မိတ္ေဆြ သူငယ္ခ်င္း ၊ ခ်စ္ခင္ရတဲ့ မိသားစုဝင္ေတြကို ရက္ ( ၄၀ ) ၾကာခြဲခြာခဲ့ရပါတယ္။

လီယိုဟာ အဆိုပါ ကာလအတြင္းမွာ သူနဲ႔အတူ အၿမဲလိုက္ပါေလ့ရွိတဲ့ ကေလးေတြႏွင့္ ဇနီးျဖစ္သူကို သတိရခဲ့‌ျေကာင္း ဝန္ခံေျပာၾကားလာပါတယ္။သူ႔ရဲ႕ မိသားစုဟာ အေဝးကေနပဲ အာဂ်င္တီးနားအသင္းကို အားေပးခဲ့ရေပမယ့္ မာရာကာနာကြင္းႀကီးထဲမွ ေအာင္ျမင္မႈနဲ႔ ပတ္သက္ၿပီး ယေန႔ထိတိုင္ ေပ်ာ္႐ႊင္လ်က္ရွိေနေၾကာင္း ဆိုခဲ့့ပါတယ္။ “ ကြၽန္ေတာ့္ကေလးေတြက ကြၽန္ေတာ္နဲ႔အတူ လိုက္ပါၾကည့္ရႈႏိုင္ျခင္း မရွိခဲ့ေပမယ့္ ကိုပါအေမရိကၿပိဳင္ပြဲကို ဘယ္တုန္းကနဲ႔မွမတူပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အားေပးခဲ့ၾကပါတယ္။ သူတို႔က ဒီအေၾကာင္းကို ယေန႔ထိတိုင္ ေျပာေနၾကဆဲပါ။”လို႔ မက္ဆီက ESPN F90 နဲ႔ေတြ႕ဆုံရာမွာ ေျပာၾကားခဲ့ပါတယ္။

“ ေကာင္ေလးေတြက အာဂ်င္တီနားႏိုင္ငံေတာ္ သီခ်င္းကို သီဆိုၿပီး ဘရာဇီးနဲ႔ ဗိုလိလုပြဲအေၾကာင္းေျပာဆိုေနၾကဆဲပါ ။ သူတို႔စိတ္မွာ ဒါက အၿမဲရွိေနပါတယ္။ သူတို႔ဒါကို သေဘာက်တာျမင္ရေတာ့ ကြၽန္ေတာ္အမွန္တကယ္ေပ်ာ္႐ႊင္မိပါတယ္။သူတို႔က “ အေဖက ခ်န္ပီယံပဲ ။”လို႔ ( ၂ ) ရက္ ၊ ( ၃ ) ရက္ တစ္ခါေလာက္ကို ေျပာေနပါတယ္။ ကိုပါအေမရိက ခ်န္ပီယံျဖစ္တဲ့အေပၚ သူတို႔ေပ်ာ္႐ႊင္ေနပါတယ္။ ဒါေပမယ့္ သူတို႔က ငယ္ေသးတဲ့အတြက္ ဒီအေၾကာင္း ရွင္းျပလို႔ေတာ့ မရပါဘူး ။ Ciroက ( ၃ ) ႏွစ္အ႐ြယ္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္ အာဂ်င္တီးနားသီခ်င္းကို ဆက္တိုက္သီဆိုေနခဲ့ပါတယ္။ ကြၽန္ေတာ္ခံစားရတဲ့ ေပ်ာ္႐ႊင္မႈကိုလည္း ေဖာ္ျပလို႔မရႏိုင္ပါဘူး ။ ဒါေၾကာင့္ မနက္ျဖန္ ဘိုလီဗီးယားနဲ႔ ပြဲစဥ္မွာလည္း သူတို႔ကို အဲ့ဒီမွာရွိေနေစခ်င္မိပါတယ္။”