ကိုပါအမေရိကဘောလုံးပြိုင်ပွဲအတွက် ကိုဗစ်ကာကွယ်ဆေးပေါင်း ၅၀၀၀၀ ရရှိအောင် မက်ဆီ ညီဆောင်ရွက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့ကပ်ရောဂါဆိုးဖြစ်တဲ့ ကိုဗစ်ရောဂါဆိုးကြီးကို တိုက်ဖျက်တဲ့ နေရာမှာ မက်ဆီဟာ သူ့ရဲ့လက်မှတ်ရေးထိုးထားတဲ့ ဘာစီလိုနာဂျာစီ၃ထည်ကို တရုတ်ဆေးဝါးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sinovac ကို ပေးပို့ခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးပေါင်း ၅၀၀၀၀ အထိကို တောင်အမေရိကဘောလုံးပြိုင်ပွဲအတွက် ရရှိအောင် ကူညီပေးနိုင်ခဲ့တယ်လို့ တရုတ်သတင်းဌာနက ဖော်ပြခဲ့ကြပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ပြောဆိုခွင့်ရပုဂ္ဂိုလ်ဂွန်ဇာလိုဘယ်လိလုဆိုက “Siovac ကုမ္ပဏီရဲ့ ဒါရိုက်တာတွေက မက်ဆီအပေါ် သူတို့ရဲ့လေးစားမှုကို ပြသခဲ့ပါတယ်၊ မက်ဆီက ကျွန်တော်တို့အတွက် သူ့ရဲ့ဂျာစီသုံးထည်ကို ပို့ပေးခဲ့တာပါ” လို့ သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒီလိုပြုလုပ်ခဲ့မှုတွေအတွက် ဥရုဂွေးသမ္မတလူးဝစ္စလာကယ်လီပူဝါကလည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

တောင်အမေရိကတိုက်ဟာလည်း ကိုဗစ်အန္တရာယ်ကို ကြီးကြီးမားမားတွေ့ကြုံနေရတဲ့ ဒေသဖြစ်ြ့ပီး လူဦးရေ ထူထပ်သိပ်သည်းပြီး လူနေမှုအဆင့်အတန်းနိမ့်ကျတဲ့ နိုင်ငံအများစုတည်ရှိနေသလို နိုင်ငံရေးအရလည်း အရှုပ်အထွေးတွေဖြစ်နေတဲ့ တိုင်းပြည်တွေရှိနေခဲ့လို့ ကိုဗစ်ဒဏ်ကို ကောင်းကောင်းကာကွယ်နိုင်စွမ်းမရှိဘဲ စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေကို စမ်းသပ်ထိုးနှံခွင့်ပေးပြီး ဆေးဝါးရရှိဖို့ ကြိုးစားနေကြရတာဖြစ်ပါတယ်။

မက်ဆီရဲ့ မွေးရပ်နိုင်ငံဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံမှာလည်း ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်မားနေခဲ့ပြီး အာဂျင်တီးနားအစိုးရဟာ နိုင်ငံတဝှမ်း Lockdown ချမှတ်ဖို့အတွက်ကိုတောင် စဉ်းစားနေပြီလို့သိရပါတယ်။ အာဂျင်တီးနားအစိုးရက ထိပ်တန်းအသင်းတွေမှာ ကစားနေတဲ့ နိုင်ငံလက်ရွေးစင်ကစားသမားအားလုံးကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ပြင်ဆင်ထားတယ်လို့သိရပေမယ့် နိုင်ငံတွင်းမှာတော့ ဘယ်ကာကွယ်ဆေးကိုမှ အသုံးပြုဖို့ ခွင့်ပြုချက်မရသေးဘူးလို့ သိရပါတယ်။

လာမယ့် ဇွန်လကနေ ဇူလိုင်လအထိ ကျင်းပသွားမယ့် ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲကို အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ဟာ ၂နိုင်ငံပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲအတွက် ကိုဗစ်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိနေတာကြောင့်လည်း မက်ဆီက ကာကွယ်ဆေးရရှိဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးပေါင်း ၅၀၀၀၀ဟာ ပြိုင်ပွဲကြီးတစ်ခုလုံးအတွက် လုံလောက်တဲ့ဆေးဝါးပမာဏဖြစ်ပြီး လူပေါင်း၂၅၀၀၀အထိကို ထိုးနှံပေးနိုင်ဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုပါအေမရိကေဘာလုံးၿပိဳင္ပြဲအတြက္ ကိုဗစ္ကာကြယ္ေဆးေပါင္း ၅၀၀၀၀ ရရွိေအာင္ မက္ဆီ ညီေဆာင္႐ြက္

ကမာၻ႔ကပ္ေရာဂါဆိုးျဖစ္တဲ့ ကိုဗစ္ေရာဂါဆိုးႀကီးကို တိုက္ဖ်က္တဲ့ ေနရာမွာ မက္ဆီဟာ သူ႔ရဲ႕လက္မွတ္ေရးထိုးထားတဲ့ ဘာစီလိုနာဂ်ာစီ၃ထည္ကို တ႐ုတ္ေဆးဝါးကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Sinovac ကို ေပးပို႔ခဲ့ၿပီး ကိုဗစ္ကာကြယ္ေဆးေပါင္း ၅၀၀၀၀ အထိကို ေတာင္အေမရိကေဘာလုံးၿပိဳင္ပြဲအတြက္ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တယ္လို႔ တ႐ုတ္သတင္းဌာနက ေဖာ္ျပခဲ့ၾကပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ တရားဝင္ေျပာဆိုခြင့္ရပုဂၢိဳလ္ဂြန္ဇာလိုဘယ္လိလုဆိုက “Siovac ကုမၸဏီရဲ႕ ဒါ႐ိုက္တာေတြက မက္ဆီအေပၚ သူတို႔ရဲ႕ေလးစားမႈကို ျပသခဲ့ပါတယ္၊ မက္ဆီက ကြၽန္ေတာ္တို႔အတြက္ သူ႔ရဲ႕ဂ်ာစီသုံးထည္ကို ပို႔ေပးခဲ့တာပါ” လို႔ သူ႔ရဲ႕တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဒီလိုျပဳလုပ္ခဲ့မႈေတြအတြက္ ဥ႐ုေဂြးသမၼတလူးဝစၥလာကယ္လီပူဝါကလည္း ကူညီေပးခဲ့တယ္လို႔ သိရပါတယ္။

ေတာင္အေမရိကတိုက္ဟာလည္း ကိုဗစ္အႏၲရာယ္ကို ႀကီးႀကီးမားမားေတြ႕ႀကဳံေနရတဲ့ ေဒသျဖစ္ျ့ပီး လူဦးေရ ထူထပ္သိပ္သည္းၿပီး လူေနမႈအဆင့္အတန္းနိမ့္က်တဲ့ ႏိုင္ငံအမ်ားစုတည္ရွိေနသလို ႏိုင္ငံေရးအရလည္း အရႈပ္အေထြးေတြျဖစ္ေနတဲ့ တိုင္းျပည္ေတြရွိေနခဲ့လို႔ ကိုဗစ္ဒဏ္ကို ေကာင္းေကာင္းကာကြယ္ႏိုင္စြမ္းမရွိဘဲ စမ္းသပ္ထုတ္လုပ္ေနတဲ့ ကာကြယ္ေဆးေတြကို စမ္းသပ္ထိုးႏွံခြင့္ေပးၿပီး ေဆးဝါးရရွိဖို႔ ႀကိဳးစားေနၾကရတာျဖစ္ပါတယ္။

မက္ဆီရဲ႕ ေမြးရပ္ႏိုင္ငံျဖစ္တဲ့ အာဂ်င္တီးနားႏိုင္ငံမွာလည္း ကိုဗစ္ျဖစ္ပြားမႈႏႈန္း ျမင့္မားေနခဲ့ၿပီး အာဂ်င္တီးနားအစိုးရဟာ ႏိုင္ငံတဝွမ္း Lockdown ခ်မွတ္ဖို႔အတြက္ကိုေတာင္ စဥ္းစားေနၿပီလို႔သိရပါတယ္။ အာဂ်င္တီးနားအစိုးရက ထိပ္တန္းအသင္းေတြမွာ ကစားေနတဲ့ ႏိုင္ငံလက္ေ႐ြးစင္ကစားသမားအားလုံးကို ကာကြယ္ေဆးထိုးႏွံေပးဖို႔အတြက္ ျပင္ဆင္ထားတယ္လို႔သိရေပမယ့္ ႏိုင္ငံတြင္းမွာေတာ့ ဘယ္ကာကြယ္ေဆးကိုမွ အသုံးျပဳဖို႔ ခြင့္ျပဳခ်က္မရေသးဘူးလို႔ သိရပါတယ္။

လာမယ့္ ဇြန္လကေန ဇူလိုင္လအထိ က်င္းပသြားမယ့္ ၂၀၂၁ ကိုပါအေမရိကဖလားၿပိဳင္ပြဲကို အာဂ်င္တီးနားနဲ႔ ကိုလံဘီယာတို႔ဟာ ၂ႏိုင္ငံပူးတြဲ အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမွာလည္းျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲအတြက္ ကိုဗစ္အႏၲရာယ္ၿခိမ္းေျခာက္မႈေတြရွိေနတာေၾကာင့္လည္း မက္ဆီက ကာကြယ္ေဆးရရွိဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ ဒီကာကြယ္ေဆးေပါင္း ၅၀၀၀၀ဟာ ၿပိဳင္ပြဲႀကီးတစ္ခုလုံးအတြက္ လုံေလာက္တဲ့ေဆးဝါးပမာဏျဖစ္ၿပီး လူေပါင္း၂၅၀၀၀အထိကို ထိုးႏွံေပးႏိုင္ဖို႔ ရွိေနပါတယ္။