ကိုပါအမေရိကပြိုင်ပွဲမှာ မှတ်တမ်းကောင်းရ အောင်ပွဲဆင်နေတဲ့ မက်ဆီနဲ့ ယူနိုက်တက် အသင်းသား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ဘိုလီဗီးယားအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းဟာ အကောင်းမွန်ဆုံး ခြေစွမ်းနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ရရှိခဲ့ကာ အုပ်စုပထမနေရာ ကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ ဘိုလီဗီးယားအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ပွဲမှာ ဝင်ရောက် ကစားပေးပြီးနောက် အာဂျင်တီးနားအသင်း အတွက် ပွဲအရေအတွက် အများဆုံး ကစားပေးထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘိုလီဗီးယားအသင်းနဲ့ ပွဲစဉ်ဟာ မက်ဆီရဲ့ အာဂျင်တီးနားအသင်း အတွက် ပါဝင် ကစားပေးခဲ့တဲ့ ၁၄၈ပွဲမြောက် ပွဲစဉ် ဖြစ်ပြီး မက်ဆီဟာ သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ မာရှေယာနို တင်ထားတဲ့ ၁၄၇ပွဲ စံချိန်ကို ကျော်ဖြတ်ကာ ယခုလို စံချိန်သစ် တင်နိုင်ခဲ့တာပါ။

ဘိုလီဗီးယား ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ မက်ဆီ က ကိုယ်တိုင် ၂ ဂိုးသွင်းပြီး အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။

ကိုပါအမေရိက ပြိုင်ပွဲမှာ မက်ဆီ က ၃ ဂိုး နဲ့ ဂိုးအများဆုံး သွင်းသူ အဖြစ် ရပ်တည်နေသလို ဖန်တီးမှုမှာလည်း ၂ ကြိမ်နဲ့ အများဆုံး အဖြစ် ရှိနေပြန်ပါတယ်။

တစ်ဖက်ကနေ စံချိန်မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် ကိုပါအမေရိက ၄ပွဲကစားရာမှာ man of the match ၃ကြိမ်အထိ ရထားတဲ့ မက်ဆီဟာ တောင်အမေရိကသားအဖြစ် နိုင်ငံတကာဂိုးအများဆုံး သွင်းထားတဲ့ ဘရာဇီးဂန္တဝင်ကစားသမား ပီလီရဲ့ ၇၇ဂိုးစံချိန်ကို လိုက်မီဖို့ ၂ဂိုးသာ လိုပါတော့တယ်။

မက်ဆီဟာ အာဂျင်တီးနားအတွက် ၁၄၈ပွဲကစား ၇၅ဂိုးသွင်း၊ ၄၄ဂိုး ဖန်တီးထားပါတယ်။

၂၀၂၁မှာ ကစားထားတဲ့ ၃၄ပွဲတွင် Man of the Match ကိုတော့ မက်ဆီတစ်ယောက် ၂၅ကြိမ်အထိ ရထားပါတယ်။

ဥရုဂွေးအသင်းနဲ့ ပါရာဂွေးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဥရုဂွေးအသင်းဟာ ဝါရင့် တိုက်စစ်မှူး ကာဗာနီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိကာ အုပ်စု ဒုတိယနေရာကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ကာဗာနီဟာ အဲဒီပွဲမှာ ဥရုဂွေးအသင်းအတွက် ၆၈မိနစ်ထိပါဝင်ကစားခဲ့ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာတော့ မက်ဆီရဲ့ အာဂျင်တီးနား အသင်းဟာ အီကွေဒေါအသင်းနဲ့ ရင်ဆိုင် ကစားရမှာပါ။

ကာဗာနီရဲ့ ဥရုဂွေးအသင်းကတော့ ကွာတားဖိုင်နယ်မှာ ကိုလံဘီယာအသင်းနဲ့ ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုပါအ​ေမရိကၿပိဳင္ပြဲမွာ မွတ္တမ္း​ေကာင္းရ ​ေအာင္ပြဲဆင္​ေနတဲ့ မက္ဆီနဲ႔ ယူႏိုက္တက္ အသင္းသား

ယမန္​ေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ အာဂ်င္တီးနားအသင္းနဲ႔ ဘိုလီဗီးယားအသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ အာဂ်င္တီးနားအသင္းဟာ အေကာင္းမြန္ဆုံး ေျခစြမ္းနဲ႔အတူ ဂိုးျပတ္ႏိုင္ပြဲ တစ္ပြဲကို ရရွိခဲ့ကာ အုပ္စုပထမေနရာ ကေန ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီဟာ ဘိုလီဗီးယားအသင္းနဲ႔ အာဂ်င္တီးနားအသင္းတို႔ရဲ႕ ပြဲမွာ ဝင္ေရာက္ ကစားေပးၿပီးေနာက္ အာဂ်င္တီးနားအသင္း အတြက္ ပြဲအေရအတြက္ အမ်ားဆုံး ကစားေပးထားတဲ့ ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဘိုလီဗီးယားအသင္းနဲ႔ ပြဲစဥ္ဟာ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္း အတြက္ ပါဝင္ ကစားေပးခဲ့တဲ့ ၁၄၈ပြဲေျမာက္ ပြဲစဥ္ ျဖစ္ၿပီး မက္ဆီဟာ သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း ျဖစ္သူ မာေရွယာႏို တင္ထားတဲ့ ၁၄၇ပြဲ စံခ်ိန္ကို ေက်ာ္ျဖတ္ကာ ယခုလို စံခ်ိန္သစ္ တင္ႏိုင္ခဲ့တာပါ။

ဘိုလီဗီးယား ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ မက္ဆီ က ကိုယ္တိုင္ ၂ ဂိုးသြင္းၿပီး အဖြင့္ဂိုးကိုလည္း ဖန္တီးေပးခဲ့ပါတယ္။ ကိုပါအေမရိက ၿပိဳင္ပြဲမွာ မက္ဆီ က ၃ ဂိုး နဲ႔ ဂိုးအမ်ားဆုံး သြင္းသူ အျဖစ္ ရပ္တည္ေနသလို ဖန္တီးမႈမွာလည္း ၂ ႀကိမ္နဲ႔ အမ်ားဆုံး အျဖစ္ ရွိေနျပန္ပါတယ္။

တစ္ဖက္က​ေန စံခ်ိန္မွတ္တမ္း​ေတြကို ၾကည့္မယ္ဆိုရင္ ကိုပါအေမရိက ၄ပြဲကစားရာမွာ man of the match ၃ႀကိမ္အထိ ရထားတဲ့ မက္ဆီဟာ ေတာင္အေမရိကသားအျဖစ္ ႏိုင္ငံတကာဂိုးအမ်ားဆုံး သြင္းထားတဲ့ ဘရာဇီးဂႏၲဝင္ကစားသမား ပီလီရဲ႕ ၇၇ဂိုးစံခ်ိန္ကို လိုက္မီဖို႔ ၂ဂိုးသာ လိုပါ​ေတာ့တယ္။

မက္ဆီဟာ အာဂ်င္တီးနားအတြက္ ၁၄၈ပြဲကစား ၇၅ဂိုးသြင္း၊ ၄၄ဂိုး ဖန္တီးထားပါတယ္။ ၂၀၂၁မွာ ကစားထားတဲ့ ၃၄ပြဲတြင္ Man of the Match ကို​ေတာ့ မက္ဆီတစ္​ေယာက္ ၂၅ႀကိမ္အထိ ရထားပါတယ္။

ဥ႐ုေဂြးအသင္းနဲ႔ ပါရာေဂြးအသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ဥ႐ုေဂြးအသင္းဟာ ဝါရင့္ တိုက္စစ္မႉး ကာဗာနီရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ရရွိကာ အုပ္စု ဒုတိယေနရာကို သိမ္းပိုက္ ႏိုင္ခဲ့ပါတယ္။ ကာဗာနီဟာ အဲဒီပြဲမွာ ဥ႐ုေဂြးအသင္းအတြက္ ၆၈မိနစ္ထိပါဝင္ကစားခဲ့ပါတယ္။

ကြာတားဖိုင္နယ္အဆင့္မွာေတာ့ မက္ဆီရဲ႕ အာဂ်င္တီးနား အသင္းဟာ အီေကြေဒါအသင္းနဲ႔ ရင္ဆိုင္ ကစားရမွာပါ။ကာဗာနီရဲ႕ ဥ႐ုေဂြးအသင္းက​ေတာ့ ကြာတားဖိုင္နယ္မွာ ကိုလံဘီယာအသင္းနဲ႔ ရင္ဆိုင္ရေတာ့မွာပဲ ျဖစ္ပါတယ္။