ကိုပါအမေရိကချန်ပီယံအာဂျင်တီးနားအသင်းကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်သင်းလုံးရဲ့နာမည်တွေကို ကျောမှာ တက်ထူးထိုးခဲ့တဲ့ပရိသတ်တစ်ဦး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားပရိသတ်တစ်ဦးဟာ ပြီးခဲ့တဲ့ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားအသင်းကို ဂုဏ်ပြုတဲ့အနေနဲ့ နည်းပြစကာလိုနီအပါအဝင် တစ်သင်းလုံးရဲ့နာမည်တွေကို နောက်ကျောမှာတက်တူးထိုးပြီးတော့ ထူးထူးခြားခြားဂုဏ်ပြုခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဗိုလ်လုပွဲမှာ အိမ်ရှင်ဘရာဇီးလ်အသင်းနဲ့ ဆုံတွေ့ခဲ့ပြီး တောင်ပံတိုက်စစ်ကစားသမားဒီမာရီယာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ၁၉၉၃ ခုနှစ်နောက်ပိုင်း (၂၈)နှစ်ကြာဝေးကွာနေတဲ့ ကိုပါအမေရိကဖလားကို ပြန်လည်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းရဲ့ အောင်မြင်မှုမှာ ပိုပြီးကြီးကျယ်ခမ်းနားစေခဲ့တာက နာမည်ကျော်ကစားသမားမက်ဆီဟာ လက်ရွေးစင်ကစားသမားဘဝ (၁၆)နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဓိကဆုဖလားရယူနိုင်ခဲ့တာပါပဲ။

မက်ဆီဟာ အခုတစ်ကြိမ်မတိုင်ခင်က အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားဗိုလ်လုပွဲတွေတက်ရောက်ခဲ့သလို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့် အဲဒီအကြိမ်တိုင်းရှုံးနိမ့်ခဲ့ပြီး အခုမှ ဗိုလ်လုပွဲမှာ ပထမဆုံးနိုင်ပွဲရယူခဲ့တာပါ။

အာဂျင်တီးနားအသင်းအနေနဲ့ သူတို့ရဲ့အဓိကပြိုင်ဘက် ဘရာဇီးလ်အသင်းကို ဘရာဇီးလ်မြေမှာ အနိုင်ယူခဲ့တာက ဂုဏ်ယူစရာဖြစ်သလို ကိုပါအမေရိကဗိုလ်လုပွဲ(၃)ကြိမ်မြောက်မှာ ပထမဆုံးအဖြစ် အနိုင်ယူခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားကို (၁၅)ကြိမ်အထိဆွတ်ခူးခဲ့ပြီး ဒုတိယ(၁၄)ကြိမ်ရခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးအသင်းမှာ ဥရုဂွေးအသင်းကို ကျော်ဖြတ်ပြီးတော့ ထိပ်ဆုံးနေရာတက်လှမ်းနိုင်ခဲ့ပါပြီ။

အာဂျင်တီးနားပရိသတ်တွေဟာ လက်ရွေးစင်အသင်း(၂၈)နှစ်ကြာဖလားလက်မဲ့ဖြစ်ခဲ့တဲ့မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်လို့ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပြီး

အခုပရိသတ်တစ်ဦးကလည်း အာဂျင်တီးနားတစ်သင်းလုံးရဲ့ နာမည်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ရက်စွဲကို သူ့ရဲ့နောက်ကျောမှာ အမှတ်တရအဖြစ်တက်ထူးထိုးခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုပါအေမရိကခ်န္ပီယံအာဂ်င္တီးနားအသင္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ တစ္သင္းလုံးရဲ႕နာမည္ေတြကို ေက်ာမွာ တက္ထူးထိုးခဲ့တဲ့ပရိသတ္တစ္ဦး

အာဂ်င္တီးနားပရိသတ္တစ္ဦးဟာ ၿပီးခဲ့တဲ့ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တဲ့ အာဂ်င္တီးနားအသင္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ နည္းျပစကာလိုနီအပါအဝင္ တစ္သင္းလုံးရဲ႕နာမည္ေတြကို ေနာက္ေက်ာမွာတက္တူးထိုးၿပီးေတာ့ ထူးထူးျခားျခားဂုဏ္ျပဳခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိကဗိုလ္လုပြဲမွာ အိမ္ရွင္ဘရာဇီးလ္အသင္းနဲ႔ ဆုံေတြ႕ခဲ့ၿပီး ေတာင္ပံတိုက္စစ္ကစားသမားဒီမာရီယာရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ယူခဲ့တာေၾကာင့္ ၁၉၉၃ ခုႏွစ္ေနာက္ပိုင္း (၂၈)ႏွစ္ၾကာေဝးကြာေနတဲ့ ကိုပါအေမရိကဖလားကို ျပန္လည္ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းရဲ႕ ေအာင္ျမင္မႈမွာ ပိုၿပီးႀကီးက်ယ္ခမ္းနားေစခဲ့တာက နာမည္ေက်ာ္ကစားသမားမက္ဆီဟာ လက္ေ႐ြးစင္ကစားသမားဘဝ (၁၆)ႏွစ္တာကာလအတြင္း ပထမဆုံးအႀကိမ္အဓိကဆုဖလားရယူႏိုင္ခဲ့တာပါပဲ။ မက္ဆီဟာ အခုတစ္ႀကိမ္မတိုင္ခင္က အာဂ်င္တီးနားအသင္းနဲ႔အတူ ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုပါအေမရိကဖလားဗိုလ္လုပြဲေတြတက္ေရာက္ခဲ့သလို ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ဗိုလ္လုပြဲတက္ေရာက္ခဲ့ေပမယ့္ အဲဒီအႀကိမ္တိုင္းရႈံးနိမ့္ခဲ့ၿပီး အခုမွ ဗိုလ္လုပြဲမွာ ပထမဆုံးႏိုင္ပြဲရယူခဲ့တာပါ။

အာဂ်င္တီးနားအသင္းအေနနဲ႔ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ ဘရာဇီးလ္အသင္းကို ဘရာဇီးလ္ေျမမွာ အႏိုင္ယူခဲ့တာက ဂုဏ္ယူစရာျဖစ္သလို ကိုပါအေမရိကဗိုလ္လုပြဲ(၃)ႀကိမ္ေျမာက္မွာ ပထမဆုံးအျဖစ္ အႏိုင္ယူခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိကဖလားကို (၁၅)ႀကိမ္အထိဆြတ္ခူးခဲ့ၿပီး ဒုတိယ(၁၄)ႀကိမ္ရခဲ့တာေၾကာင့္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံးအသင္းမွာ ဥ႐ုေဂြးအသင္းကို ေက်ာ္ျဖတ္ၿပီးေတာ့ ထိပ္ဆုံးေနရာတက္လွမ္းႏိုင္ခဲ့ပါၿပီ။

အာဂ်င္တီးနားပရိသတ္ေတြဟာ လက္ေ႐ြးစင္အသင္း(၂၈)ႏွစ္ၾကာဖလားလက္မဲ့ျဖစ္ခဲ့တဲ့မွတ္တမ္းဆိုးကို ရပ္တန႔္ႏိုင္ခဲ့ၿပီျဖစ္လို႔ အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကၿပီး အခုပရိသတ္တစ္ဦးကလည္း အာဂ်င္တီးနားတစ္သင္းလုံးရဲ႕ နာမည္နဲ႔ ခ်န္ပီယံျဖစ္ခဲ့တဲ့ရက္စြဲကို သူ႔ရဲ႕ေနာက္ေက်ာမွာ အမွတ္တရအျဖစ္တက္ထူးထိုးခဲ့တာလည္းျဖစ္ပါတယ္။