ကိုပါဆီမီးအရႈံးကို မိသားစုနဲ႔အတူ ကမ္းေျခမွာ ကုစားေနတဲ့ မက္ဆီ

မၾကာေသးခင္က က်ငး္ပသြားခဲ့တဲ့ ကိုပါအေမရိကၿပိဳင္ပြဲ ဆီမီးဖိုင္နယ္မွာ အိမ္ရွင္ဘရာဇီးကိုရႈံးၿပီး ခ်န္ပီယံဆုဖလားနဲ႔ လြဲေခာ်္ခဲ့ရျပန္တဲ့မက္ဆီဟာ အခုေတာ့ မိသားစုနဲ႔အတူ ကမ္းေျခမွာ အပန္းေျဖအနားယူရင္း စိတ္ပ်က္ဖြယ္ကိုပါအေတြ႕အႀကဳံကို ကုစားေနပါတယ္။ အဲဒီဘာစီလုိနာတုိက္စစ္မႈးဟာ ဇနီးသည္အန္တိုနယ္လာနဲ႔အတူ ကမ္းေျခတစ္ခုဆီ ေရာက္ရွိေနတဲ့သူ႔ပုံကို ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚတင္ၿပီး ပရိသတ္ေတြဆီ ျပန္လည္ေ၀မွ်ခဲ့တာပါ။

photo-Instagram

ကလပ္နဲ႔ႏိုင္ငံအသင္းတို႔အတြက္ စဥ္ဆက္မျပတ္ႀကိဳစားကစားေပးခဲ့ရတ့ဲ ၁၁ လတာကို ျဖတ္သန္းခဲ့ရၿပီးတဲ့ေနာက္ ၃၃ ႏွစ္အရြယ္ မက္ဆီဟာ ဇနီး၊သားေတြနဲ႔အတူ ကမ္းေျခတစ္ခုမွာ ေကာင္းစြာအနားယူေနတာပါ။ ဒါဟာ တစ္ႏွစ္လုံးမွာ သူ႔အတြက္ အေကာင္းဆုံးအခ်ိန္လို႔လည္း ဆိုႏိုင္ပါတယ္။ သူ႔မွာ သီသာဂို၊ စီရိုနဲ႔ မာတီယိုတို႔ဆိုတဲ့ သား ၃ ေယာက္ရွိပါတယ္။ ေနာက္ခံအုန္းပင္ေတြနဲ႔ မက္ဆီတို႔မိသားစု သြားေရာက္အပန္းေျဖတဲ့ကမ္းေျခဟာလည္း အေတာ္ေလး သာယာမယ့္ပုံပါ။

Photo-AFP

ဒီလိုသာယာလွပတ့ဲ ကမ္းေျခမ်ိဳးကသာ မက္ဆီရဲ႕ကိုပါကိုက္ခဲမႈကို ေကာင္းစြာကုစားုေပးႏုိင္မွာပါ။ သူ႔ရဲ႕အာဂ်င္တီးနားအသင္းဟာ အဲဒီၿပိဳင္ပြဲမွာ တတိယဆုရခဲ့ေပမယ့္ မက္ဆီအဖို႔ကေတာ့ ဗိုလ္မစြဲရင္ က်န္တာေတြက အလကားပါပဲ။ ဒါေၾကာင့္လည္း သူဟာ ပြဲအၿပီးမွာ တတိယဆုကို တက္ေရာက္ရယူျခင္း မရွိခဲ့တာပါ။ ဘရာဇီးနဲ႔ပြဲအၿပီးမွာေရာ တတိယလုပြဲျဖစ္တဲ့ ခ်ီလီနဲ႔ပြဲအၿပီးမွာပါ ဒီႏွစ္ကိုပါၿပိဳင္ပြဲနဲ႔ပတ္သက္လို႔လည္း ျပင္းျပင္းထန္ထန္ေ၀ဖန္စြပ္စြဲမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။

[Unicode]

မကြာသေးခင်က ကျင်းပသွားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ဘရာဇီးကိုရှုံးပြီး ချန်ပီယံဆုဖလားနဲ့ လွဲခောျ်ခဲ့ရပြန်တဲ့မက်ဆီဟာ အခုတော့ မိသားစုနဲ့အတူ ကမ်းခြေမှာ အပန်းဖြေအနားယူရင်း စိတ်ပျက်ဖွယ်ကိုပါအတွေ့အကြုံကို ကုစားနေပါတယ်။ အဲဒီဘာစီလိုနာတိုက်စစ်မှုးဟာ ဇနီးသည်အန်တိုနယ်လာနဲ့အတူ ကမ်းခြေတစ်ခုဆီ ရောက်ရှိနေတဲ့သူ့ပုံကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်တင်ပြီး ပရိသတ်တွေဆီ ပြန်လည်ဝေမျှခဲ့တာပါ။

ကလပ်နဲ့နိုင်ငံအသင်းတို့အတွက် စဉ်ဆက်မပြတ်ကြိုစားကစားပေးခဲ့ရတဲ့ ၁၁ လတာကို ဖြတ်သန်းခဲ့ရပြီးတဲ့နောက် ၃၃ နှစ်အရွယ် မက်ဆီဟာ ဇနီး၊သားတွေနဲ့အတူ ကမ်းခြေတစ်ခုမှာ ကောင်းစွာအနားယူနေတာပါ။ ဒါဟာ တစ်နှစ်လုံးမှာ သူ့အတွက် အကောင်းဆုံးအချိန်လို့လည်း ဆိုနိုင်ပါတယ်။ သူ့မှာ သီသာဂို၊ စီရိုနဲ့ မာတီယိုတို့ဆိုတဲ့ သား ၃ ယောက်ရှိပါတယ်။ နောက်ခံအုန်းပင်တွေနဲ့ မက်ဆီတို့မိသားစု သွားရောက်အပန်းဖြေတဲ့ကမ်းခြေဟာလည်း အတော်လေး သာယာမယ့်ပုံပါ။

ဒီလိုသာယာလှပတဲ့ ကမ်းခြေမျိုးကသာ မက်ဆီရဲ့ကိုပါကိုက်ခဲမှုကို ကောင်းစွာကုစားုပေးနိုင်မှာပါ။ သူ့ရဲ့အာဂျင်တီးနားအသင်းဟာ အဲဒီပြိုင်ပွဲမှာ တတိယဆုရခဲ့ပေမယ့် မက်ဆီအဖို့ကတော့ ဗိုလ်မစွဲရင် ကျန်တာတွေက အလကားပါပဲ။ ဒါကြောင့်လည်း သူဟာ ပွဲအပြီးမှာ တတိယဆုကို တက်ရောက်ရယူခြင်း မရှိခဲ့တာပါ။ ဘရာဇီးနဲ့ပွဲအပြီးမှာရော တတိယလုပွဲဖြစ်တဲ့ ချီလီနဲ့ပွဲအပြီးမှာ ဒီနှစ်ကိုပါပြိုင်ပွဲနဲ့ပတ်သက်လို့လည်း ပြင်းပြင်းထန်ထန်ဝေဖန်စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။