ကိုနတေး ခေါ်ပြီးနောက် လူသစ်မခေါ် ၊ ရှိတဲ့ လူဟောင်းတချို့ ရောင်းထုတ်နိုင်တဲ့ လီဗာပူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းဟာ ခံစစ်မှူး ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ကို သုံးနိုင်ဖို့ အခြေအနေ ကောင်းနေတဲ့နောက် ဒီနွေမှာ ကစားသမားသစ် ထပ်မံ ခေါ်ယူခြင်းတွေ မရှိတော့တာမျိုး ဖြစ်လာဖွယ်ရှိနေတယ်လို့ တချို့ က ယူဆထားပါတယ်။

ဒီနွေမှာ ဂရုဂျစ်၊ ဝဲလ်ဆန် အပါအဝင် ကစားသမား ၆ ဦးထိ ရောင်းထုတ်ထားတဲ့ လီဗာပူးဟာ နွေဈေးကွက်ကနေ ပေါင် ၃၃ သန်းကျော် ရှာဖွေထားနိုင်ပါတယ်။

လီဗာပူးက ကစားသမား ခေါ်ယူမှုအဖြစ် လိုက်ဇစ်ခံစစ်မှူး ကိုနတေး တစ်ဦးတည်းကို ခေါ်ယူထားပါတယ်။

လူငယ်တွေအပြင် လူဟောင်းတချို့နဲ့ ခရီးဆက်နိုင်တဲ့ လီဗာပူးအသင်းနည်းပြ ကလော့ပ်ဟာ ယခုနွေရာသီအတွင်း ကွင်းလယ်လူ ချိန်ဘာလိန်ကို ရောင်းချဖို့ ဆန္ဒပြင်းပြနေတယ်လို့လည်း သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်နိုင်ငံသား ချိန်ဘာလိန်ဟာ ၂၀၁၇ နွေရာသီက အာဆင်နယ်ကနေ ပေါင် ၃၅ သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပေမယ့် လီဗာပူးမှာ မျှော်လင့်ထားသလို ခြေစွမ်းမပြနိုင်ဘဲ ဒဏ်ရာပြဿနာတွေကြောင့် ၄နှစ်တာကာလအတွင်း စုစုပေါင်း ၄၉၃ ရက် အနားယူခဲ့ရပါတယ်။

သူ့ရဲ့စာချုပ်ကလည်း သက်တမ်းကုန်ဆုံးဖို့ ၂ နှစ်ပဲကျန်တော့လို့ လီဗာပူးအနေနဲ့ ထုတ်ရောင်းမလား၊ စာချုပ်သစ်ချုပ်ဆိုမလားဆိုတာ ဆုံးဖြတ်ချိန်ရောက်လာပြီဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ၁၈ နှစ်အရွယ် ညာအစွန်လူ ဘရတ်ဒလေကို သက်တမ်းတိုးထားတဲ့ လီဗာပူးက အငှားက ပြန်လာတဲ့ အီးလီးယော့ကိုလည်း ရာသီသစ်မှာ နေရာပေးဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုနေတး ေခၚၿပီးေနာက္ လူသစ္မေခၚ ၊ ရွိတဲ့ လူေဟာင္းတခ်ိဳ႕ ေရာင္းထုတ္ႏိုင္တဲ့ လီဗာပူး

လီဗာပူးအသင္းဟာ ခံစစ္မႉး ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ကို သုံးႏိုင္ဖို႔ အေျခအေန ေကာင္းေနတဲ့ေနာက္ ဒီေႏြမွာ ကစားသမားသစ္ ထပ္မံ ေခၚယူျခင္းေတြ မရွိေတာ့တာမ်ိဳး ျဖစ္လာဖြယ္ရွိေနတယ္လို႔ တခ်ိဳ႕ က ယူဆထားပါတယ္။

ဒီေႏြမွာ ဂ႐ုဂ်စ္၊ ဝဲလ္ဆန္ အပါအဝင္ ကစားသမား ၆ ဦးထိ ေရာင္းထုတ္ထားတဲ့ လီဗာပူးဟာ ေႏြေဈးကြက္ကေန ေပါင္ ၃၃ သန္းေက်ာ္ ရွာေဖြထားႏိုင္ပါတယ္။ လီဗာပူးက ကစားသမား ေခၚယူမႈအျဖစ္ လိုက္ဇစ္ခံစစ္မႉး ကိုနေတး တစ္ဦးတည္းကို ေခၚယူထားပါတယ္။

လူငယ္ေတြအျပင္ လူေဟာင္းတခ်ိဳ႕နဲ႔ ခရီးဆက္ႏိုင္တဲ့ လီဗာပူးအသင္းနည္းျပ ကေလာ့ပ္ဟာ ယခုေႏြရာသီအတြင္း ကြင္းလယ္လူ ခ်ိန္ဘာလိန္ကို ေရာင္းခ်ဖို႔ ဆႏၵျပင္းျပေနတယ္လို႔လည္း သိရပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ရွိ အဂၤလန္ႏိုင္ငံသား ခ်ိန္ဘာလိန္ဟာ ၂၀၁၇ ေႏြရာသီက အာဆင္နယ္ကေန ေပါင္ ၃၅ သန္းနဲ႔ ေရာက္လာခဲ့တာျဖစ္ေပမယ့္ လီဗာပူးမွာ ေမွ်ာ္လင့္ထားသလို ေျခစြမ္းမျပႏိုင္ဘဲ ဒဏ္ရာျပႆနာေတြေၾကာင့္ ၄ႏွစ္တာကာလအတြင္း စုစုေပါင္း ၄၉၃ ရက္ အနားယူခဲ့ရပါတယ္။

သူ႔ရဲ႕စာခ်ဳပ္ကလည္း သက္တမ္းကုန္ဆုံးဖို႔ ၂ ႏွစ္ပဲက်န္ေတာ့လို႔ လီဗာပူးအေနနဲ႔ ထုတ္ေရာင္းမလား၊ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမလားဆိုတာ ဆုံးျဖတ္ခ်ိန္ေရာက္လာၿပီျဖစ္ပါတယ္။ တစ္ဖက္မွာ​ေတာ့ ၁၈ ႏွစ္အ႐ြယ္ ညာအစြန္လူ ဘရတ္ဒေလကို သက္တမ္းတိုးထားတဲ့ လီဗာပူးက အငွားက ျပန္လာတဲ့ အီးလီးေယာ့ကိုလည္း ရာသီသစ္မွာ ေနရာေပးဖို႔ ရွိေနပါတယ္။