ကိုဆိုဗိုကို အနိုင်ကန်ရင်ကန် မဟုတ်ရင် သေမင်းတမန်အုပ်စုထဲရောက်ရှိဖို့ရှိနေတဲ့ အင်္ဂလန်အသင်း

Photo Credit

Photo Credit

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ပေမယ့် ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီအသင်းတိ့ုပါဝင်တဲ့ သေမင်းတမန်အုပ်စုနဲ့ တွေ့ဆုံဖွယ်ရှိနေပါတယ်။


ကိုဆိုဗိုအသင်းကို သရေကျခဲ့ရင် (သို့) ရှုံးနိမ့်ခဲ့ရင် နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ဒုတိယမဲအိုးထဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အုပ်စု ၁၀ ခုရဲ့ ထိပ်ဆုံး၆သင်းဟာ ပထမဆုံးမဲအိုးထဲမှာ ပါဝင်မှာဖြစ်ပြီး အဆိုပါမဲအိုးမှာ ပါဝင်နိုင်ဖိ့ု အင်္ဂလန်အသင်းဟာ ကိုဆိုဗိုကို မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပါတယ်။

Photo Credit

တနင်္ဂနွေနေ့မှာ ကိုဆိုဗိုအသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ အင်္ဂလန်အသင်းဟာ သက်သောင့်သက်သာပဲ အကောင်းဆုံးအခွင့်အရေးကို ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယမဲအိုးထဲ ရောက်ရှိသွားမယ်ဆိုရင်တော့ နိုဝင်ဘာ ၃၀ရက်နေ့ ဘူချာရက်စ်မှာ ကျင်းပပြုလုပ်မယ့် ယူရို ၂၀၂၀ မဲခွဲပွဲအတွက် အင်္ဂလန်အသင်းဟာ စိတ်ပျက်စရာအခြေအနေတွေနဲ့ ကြုံတွေ့သွားနိုင်ပါတယ်။

Photo Credit

အဆိုပါ အခြေအနေကိုရောက်ခဲ့ရင် အင်္ဂလန်အသင်းဟာ ဥရောပချန်ပီယံ ပေါ်တူဂီအသင်းနဲ့ တွေ့ဆုံရနိုင်ပြီး ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ လွန်ခဲ့တဲ့ ၄ နှစ်က ပထမဆုံး အဓိကဖလားကို ဆွတ်ခူးထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

Photo Credit

ဒါ့အပြင် အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အုပ်စုအဆင့်မှာ ၁-၀ နဲ့ အနိုင်ယူခဲ့ပြီး တတိယနေရာလုပွဲမှာလည်း ၂-၀ နဲ့ ၂ ကြိမ်တိုင် အနိုင်ယူသွားခဲ့တဲ့ ခါးသီးတဲ့ပြိုင်ဘက် ဘယ်လ်ဂျီယံအသင်းနဲ့လည်း တွေ့ဆုံရမှာ ဖြစ်ပါတယ်။

Photo Credit

ယူအီးအက်ဖ်အေရဲ့ မဲခွဲပုံအရ အသင်း ၂၄ သင်းကို အုပ်စု ၆ စုထားစေပြီး အဆိုပါ ၆ အုပ်စုမှာမှ အကောင်းဆုံးစွမ်းဆောင်ရည် ပြသထားနိုင်တဲ့ ၆ သင်းက ပထမဆုံးမဲအိုးထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။

Photo Credit

ဘယ်လ်ဂျီယံနဲ့ အီတလီအသင်းတိ့ုရဲ့အထက်မှာ ဂိုးကွာခြားချက်နဲ့ အင်္ဂလန်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ယူကရိန်းက တစ်မှတ်အသာနဲ့ ပထမနေရာ၊ စပိန်အသင်းက အဆင့် ၅ နေရာ၊ ပြင်သစ်က အဆင့် ၆ နဲ့ နယ်သာလန်က အဆင့် ၇ နေရာမှာ အသီးသီးရပ်တည်နေပါတယ်။

Photo Credit

Zawgyi

ကိုဆုိဗိုကို အႏိုင္ကန္ရင္ကန္ မဟုတ္ရင္ ေသမင္းတမန္အုပ္စုထဲေရာက္ရွိဖို႔ရွိေနတဲ့ အဂၤလန္အသင္း

အဂၤလန္အသင္းဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီျဖစ္ေပမယ့္ ဘယ္လ္ဂ်ီယံနဲ႔ ေပၚတူဂီအသင္းတိ႔ုပါဝင္တဲ့ ေသမင္းတမန္အုပ္စုနဲ႔ ေတြ႕ဆံုဖြယ္ရွိေနပါတယ္။
ကိုိုဆိုဗိုအသင္းကို သေရက်ခဲ့ရင္ (သို႔) ႐ံႈးနိမ့္ခဲ့ရင္ နည္းျပဂါရတ္ေဆာက္ဂိတ္ရဲ႕အသင္းဟာ ဒုတိယမဲအိုးထဲ ေရာက္ရွိသြားမွာ ျဖစ္ပါတယ္။
အုပ္စု ၁၀ ခုရဲ႕ ထိပ္ဆံုး၆သင္းဟာ ပထမဆံုးမဲအိုးထဲမွာ ပါဝင္မွာျဖစ္ၿပီး အဆိုပါမဲအိုးမွာ ပါဝင္ႏိုင္ဖိ႔ု အဂၤလန္အသင္းဟာ ကိုဆုိဗုိကို မျဖစ္မေနအႏိုင္ကစားရမွာျဖစ္ပါတယ္။
တနဂၤေႏြေန႔မွာ ကိုဆိုဗိုအသင္းကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ေတာ့ အဂၤလန္အသင္းဟာ သက္ေသာင့္သက္သာပဲ အေကာင္းဆံုးအခြင့္အေရးကို ရရွိသြားမွာ ျဖစ္ပါတယ္။
ဒါေပမဲ့ ဒုတိယမဲအိုးထဲ ေရာက္ရွိသြားမယ္ဆိုရင္ေတာ့ ႏိုဝင္ဘာ ၃၀ရက္ေန႔ ဘူခ်ာရက္စ္မွာ က်င္းပျပဳလုပ္မယ့္ ယူ႐ို ၂၀၂၀ မဲခဲြပြဲအတြက္ အဂၤလန္အသင္းဟာ စိတ္ပ်က္စရာအေျခအေနေတြနဲ႔ ၾကံဳေတြ႕သြားႏိုင္ပါတယ္။
အဆိုပါ အေျခအေနကိုေရာက္ခဲ့ရင္ အဂၤလန္အသင္းဟာ ဥေရာပခ်န္ပီယံ ေပၚတူဂီအသင္းနဲ႔ ေတြ႕ဆံုရႏိုင္ၿပီး ၾကယ္ပြင့္ကစားသမား ေရာ္နယ္ဒိုဦးေဆာင္တဲ့ ေပၚတူဂီအသင္းဟာ လြန္ခဲ့တဲ့ ၄ ႏွစ္က ပထမဆံုး အဓိကဖလားကို ဆြတ္ခူးထားႏိုင္တဲ့အသင္းျဖစ္ပါတယ္။
ဒါ့အျပင္ အဂၤလန္အသင္းကို ၂၀၁၈ ကမၻာ့ဖလားတုန္းက အုပ္စုအဆင့္မွာ ၁-၀ နဲ႔ အႏိုင္ယူခဲ့ၿပီး တတိယေနရာလုပဲြမွာလည္း ၂-၀ နဲ႔ ၂ ႀကိမ္တိုင္ အႏိုင္ယူသြားခဲ့တဲ့ ခါးသီးတဲ့ၿပိဳင္ဘက္ ဘယ္လ္ဂ်ီယံအသင္းနဲ႔လည္း ေတြ႕ဆံုရမွာ ျဖစ္ပါတယ္။
ယူအီးအက္ဖ္ေအရဲ႕ မဲခြဲပံုအရ အသင္း ၂၄ သင္းကို အုပ္စု ၆ စုထားေစၿပီး အဆိုပါ ၆ အုပ္စုမွာမွ အေကာင္းဆံုးစြမ္းေဆာင္ရည္ ျပသထားႏိုင္တဲ့ ၆ သင္းက ပထမဆံုးမဲအိုးထဲမွာ ပါဝင္မွာ ျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယံနဲ႔ အီတလိီအသင္းတိ႔ုရဲ႕အထက္မွာ ဂိုးကြာျခားခ်က္နဲ႔ အဂၤလန္အသင္းဟာ အမွတ္ေပးဇယား အဆင့္ ၂ ေနရာမွာ ရပ္တည္ေနၿပီး ယူကရိန္းက တစ္မွတ္အသာနဲ႔ ပထမေနရာ၊ စပိန္အသင္းက အဆင့္ ၅ ေနရာ၊ ျပင္သစ္က အဆင့္ ၆ နဲ႔ နယ္သာလန္က အဆင့္ ၇ ေနရာမွာ အသီးသီးရပ္တည္ေနပါတယ္။