ကိုကြီလင္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ေစာစီးစြာအဆုံးသတ္ခဲ့ရတဲ့ေမဆင္ေမာင့္ရဲ႕ခ်န္ပီယံလိဂ္ပြဲဦးထြက္

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ေမဆင္ေမာင့္ဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဗလန္စီယာနဲ႔ကစားခဲ့တဲ့ပြဲမွာ ေျခက်င္း၀တ္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေစာေစာစီးစီးလူစားလဲျခင္းခံခဲ့ရၿပီး သူ႕ရဲ႕ပထမဆုံးခ်န္ပီယံလိဂ္ပြဲက မထင္မွတ္ဘဲ ေစာစီးစြာအဆုံးသတ္ခဲ့ရပါတယ္။

Photo Credit

အသက္ ၂၀အရြယ္ရွိ ေမဆင္ေမာင့္ဟာ ပြဲခ်ိန္ ၉မိနစ္မွာ ဗလန္စီယာကြင္းလယ္လူ ကိုကြီလင္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ေျခက်င္း၀တ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ျပန္ကစားႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၁၆မိနစ္မွာေတာ့ ဆက္လက္မကစားႏုိင္ေတာ့တာေၾကာင့္ လူစားလဲျခင္းခံခဲ့ရပါတယ္။

Photo Credit

သူ႕ေနရာကိုေတာ့ စပိန္၀ါရင့္ေတာင္ပံကစားသမား ပက္ဒ႐ိုက လူစား၀င္ကစားခဲ့ၿပီး တကယ္လု႔ိ ေမဆင္ေမာင့္သာ ကာလရွည္အနားယူရရင္ ခ်ဲလ္ဆီးအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာႏိုင္ပါတယ္။

Photo Credit

အဂၤလန္လက္ေရြးစင္ ေမဆင္ေမာင့္ဟာ ယခုရာသီပရီးမီးယားလိဂ္ ၅ပြဲမွာ ၃ဂိုးသြင္းယူကာ အထူးေျခစြမ္းျပသေနၿပီး ဒီအတြက္ေၾကာင့္လည္း အဂၤလန္အသင္းမွာပါ ပထမဆုံးအႀကိမ္ေရြးခ်ယ္ျခင္းခံခဲ့ရကာ ဘူလ္ေဂးရီးယားနဲ႔ ကုိဆိုဗိုတုိ႔ကို ဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုေျခစစ္ပြဲေတြမွာ လူစား၀င္ကစားသမားအျဖစ္ ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။

Photo Credit

ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ အာဆင္နယ္ကြင္းလယ္လူေဟာင္း ကိုကြီလင္ရဲ႕ဖ်က္ထုတ္မႈအေပၚ ျပင္းထန္စြာေ၀ဖန္လ်က္ရွိၿပီး အထူးသျဖင့္ အ၀ါကတ္သာျပသခံရျခင္းကိုလည္း လူမႈမီဒီယာမွာ ေပါက္ကြဲလ်က္ရွိပါတယ္။

Photo Credit

Unicode

ကိုကွီလင်ရဲ့ဖျက်ထုတ်မှုကြောင့် စောစီးစွာအဆုံးသတ်ခဲ့ရတဲ့မေဆင်မောင့်ရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်

ချဲလ်ဆီးအသင်းကွင်းလယ်လူ မေဆင်မောင့်ဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ကစားခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် စောစောစီးစီးလူစားလဲခြင်းခံခဲ့ရပြီး သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ပွဲက မထင်မှတ်ဘဲ စောစီးစွာအဆုံးသတ်ခဲ့ရပါတယ်။
အသက် ၂၀အရွယ်ရှိ မေဆင်မောင့်ဟာ ပွဲချိန် ၉မိနစ်မှာ ဗလန်စီယာကွင်းလယ်လူ ကိုကွီလင်ရဲ့ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပြန်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၁၆မိနစ်မှာတော့ ဆက်လက်မကစားနိုင်တော့တာကြောင့် လူစားလဲခြင်းခံခဲ့ရပါတယ်။
သူ့နေရာကိုတော့ စပိန်ဝါရင့်တောင်ပံကစားသမား ပက်ဒရိုက လူစားဝင်ကစားခဲ့ပြီး တကယ်လု့ိ မေဆင်မောင့်သာ ကာလရှည်အနားယူရရင် ချဲလ်ဆီးအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။
အင်္ဂလန်လက်ရွေးစင် မေဆင်မောင့်ဟာ ယခုရာသီပရီးမီးယားလိဂ် ၅ပွဲမှာ ၃ဂိုးသွင်းယူကာ အထူးခြေစွမ်းပြသနေပြီး ဒီအတွက်ကြောင့်လည်း အင်္ဂလန်အသင်းမှာပါ ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရကာ ဘူလ်ဂေးရီးယားနဲ့ ကိုဆိုဗိုတို့ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ယူရိုခြေစစ်ပွဲတွေမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
ချဲလ်ဆီးပရိသတ်တွေကတော့ အာဆင်နယ်ကွင်းလယ်လူဟောင်း ကိုကွီလင်ရဲ့ဖျက်ထုတ်မှုအပေါ် ပြင်းထန်စွာဝေဖန်လျက်ရှိပြီး အထူးသဖြင့် အဝါကတ်သာပြသခံရခြင်းကိုလည်း လူမှုမီဒီယာမှာ ပေါက်ကွဲလျက်ရှိပါတယ်။