ကိုက် ၇၀ လောက်ဆွဲပြေးသွင်းယူတဲ့ တစ်ကိုယ်တော်ဂိုးနဲ့ အာဆင်နယ်ရဲ့သူရဲကောင်းသစ်ဖြစ်လာတဲ့ မာတင်နယ်လီ

photo-sport bible

photo-BT Sport

စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်ယောက်လျော့နဲ့ကစားရင်း ချဲလ်ဆီးကို ၂-၂ သရေခံကန်နိုင်ခဲ့တော့ ဆယ်ကျော်သက်တိုက်စစ်မှုးလေးမာတင်နယ်လီဟာ တစ်ကိုယ်တော်သွင်းဂိုး တစ်ဂိုးနဲ့အတူ အာဆင်နယ်ကို ကူညီပေးနိုင်ခဲ့ပါတယ်။ ပွဲချိန်အစောပိုင်းကတည်းက နောက်ခံလူဒေးဗစ်လုဇ် တိုက်ရိုက်အနီနဲ့ အထုတ်ခံခဲ့ရတာဖြစ်လို့ အာဆင်နယ်ဟာ ပွဲချိန်အများစုကို ခံကစားခဲ့ရပြီး တစ်ပွဲလုံးမှာ ဂိုးကန်သွင်းချက် ၂ ကြိမ်သာရှိခဲ့ကာ အဲဒီ ၂ ကြိမ်ကနေပဲ ၂ ဂိုးရသွားခဲ့တာပါ။

photo-gettyimages

အဲဒီ ၂ ဂိုးထဲမှာ ဘရာဇီးသားလေးမာတင်နယ်လီသွင်းယူခဲ့တဲ့ ပထမဂိုးကတော့ တကယ်ကို ရင်သပ်ရှုမောစရာကောင်းခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ထောင်ကန့်ဘောကနေ တန်ပြန်တိုက်စစ်ဆင်အခွင့်အရေးရခဲ့တာဖြစ်ပြီး အဲဒီကရတဲ့ဘောလုံးကို မာတင်နယ်လီက လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ တောက်လျှောက်ဆွဲပြေးယူသွားပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ သွင်ယူခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင် မာတင်နယ်လီဆွဲပြေးယူလာချိန်မှာ ချဲလ်ဆီးရဲ့နောက်ဆုံးခံစစ်တန်းဖြစ်တဲ့ ကန်တီတစ်ယောက်ချော်လဲသွားခဲ့ပြီး နောက်ကနေ တောက်လျှောက်ပြေးလိုက်လာတဲ့ ချဲလ်ဆီးကစားသမားနှစ်ယောက်ဟာလည်း မာတင်နယ်လီရဲ့အမြန်နှုန်းကို လိုက်မမီခဲ့ပါဘူး။

https://twitter.com/i/status/1219766779444068352

ချဲလ်ဆီးနဲ့ပွဲက သွင်းဂိုးကြောင့် ၁၈ နှစ်သာရှိသေးတဲ့ မာတင်နယ်လီရဲ့ဒီရာသီပြိုင်ပွဲအရပ်ရပ်သွင်းဂိုးအရေအတွက်ဟာ ၁၀ ဂိုးရှိသွားခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၈-၉၉ ရာသီက နီကိုလက်စ်အနယ်ကာနောက်ပိုင်း တစ်ရာသီတည်းမှာ အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ် ၁၀ ဂိုးနဲ့အထက် သွင်းနိုင်ခဲ့တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

[Zawgyi]

ကိုက္ ၇၀ ေလာက္ဆြဲေျပးသြင္းယူတဲ့ တစ္ကိုယ္ေတာ္ဂိုးနဲ႔ အာဆင္နယ္ရဲ႕သူရဲေကာင္းသစ္ျဖစ္လာတဲ့ မာတင္နယ္လီ

စတမး္ဖုိ႔ဒ္ဘရစ္ခ်္မွာ တစ္ေယာက္ေလ်ာ့နဲ႔ကစားရင္း ခ်ဲလ္ဆီးကို ၂-၂ သေရခံကန္ႏိုင္ခဲ့ေတာ့ ဆယ္ေက်ာ္သက္တိုက္စစ္မႈးေလးမာတင္နယ္လီဟာ တစ္ကိုယ္ေတာ္သြင္းဂိုး တစ္ဂိုးနဲ႔အတူ အာဆင္နယ္ကို ကူညီေပးႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္အေစာပိုင္းကတည္းက ေနာက္ခံလူေဒးဗစ္လုဇ္ တိုက္ရိုက္အနီနဲ႔ အထုတ္ခံခဲ့ရတာျဖစ္လို႔ အာဆင္နယ္ဟာ ပြဲခ်ိန္အမ်ားစုကို ခံကစားခဲ့ရၿပီး တစ္ပြဲလုံးမွာ ဂိုးကန္သြင္းခ်က္ ၂ ႀကိမ္သာရွိခဲ့ကာ အဲဒီ ၂ ႀကိမ္ကေနပဲ ၂ ဂိုးရသြားခဲ့တာပါ။

အဲဒီ ၂ ဂိုးထဲမွာ ဘရာဇီးသားေလးမာတင္နယ္လီသြင္းယူခဲ့တဲ့ ပထမဂိုးကေတာ့ တကယ္ကို ရင္သပ္ရႈေမာစရာေကာင္းခဲ့ပါတယ္။ ခ်ဲလ္ဆီးရဲ႕ေထာင္ကန္႔ေဘာကေန တန္ျပန္တိုက္စစ္ဆင္အခြင့္အေရးရခဲ့တာျဖစ္ၿပီး အဲဒီကရတဲ့ေဘာလုံးကို မာတင္နယ္လီက လွ်င္ျမန္တဲ့အရွိန္အဟုန္နဲ႔ ေတာက္ေလွ်ာက္ဆြဲေျပးယူသြားၿပီး ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ သြင္ယူခဲ့တာပါ။ တိုက္တုိက္ဆုိင္ဆိုင္ မာတင္နယ္လီဆြဲေျပးယူလာခ်ိန္မွာ ခ်ဲလ္ဆီးရဲ႕ေနာက္ဆုံးခံစစ္တန္းျဖစ္တဲ့ ကန္တီတစ္ေယာက္ေခ်ာ္လဲသြားခဲ့ၿပီး ေနာက္ကေန ေတာက္ေလွ်ာက္ေျပးလိုက္လာတဲ့ ခ်ဲလ္ဆီးကစားသမားႏွစ္ေယာက္ဟာလည္း မာတင္နယ္လီရဲ႕အျမန္ႏႈန္းကို လိုက္မမီခဲ့ပါဘူး။

ခ်ဲလ္ဆီးနဲ႔ပြဲက သြင္းဂိုးေၾကာင့္ ၁၈ ႏွစ္သာရွိေသးတဲ့ မာတင္နယ္လီရဲ႕ဒီရာသီၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုးအေရအတြက္ဟာ ၁၀ ဂိုးရွိသြားခဲ့ပါတယ္။ ဒါေၾကာင့္ ၁၉၉၈-၉၉ ရာသီက နီကိုလက္စ္အနယ္ကာေနာက္ပိုင္း တစ္ရာသီတည္းမွာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၁၀ ဂိုးနဲ႔အထက္ သြင္းႏုိင္ခဲ့တဲ့ ပထမဆုံးဆယ္ေက်ာ္သက္ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။