ကိန်း၊အိုင်ကာဒီ၊ဂျီးဆပ်? ဂျူဗီက ဒိုလေးအတွက် ပြီးပြည့်စုံတဲ့တိုက်စစ်ကစားဖော်ကို လူကာတိုနီရွေးချယ်

photo-goal

photo-gettyimages

ဂျူဗင်တပ်ဟာ လာမယ့်အပြောင်းအရွှေ့ရာသီမှာ နောက်ထပ်တိုက်စစ်မှုးတစ်ယောက်အတွက် ဈေးကွက်ထဲဝင်လိမ့်မယ်လို့  မျှော်လင့်ရပြီး အသင်းကြယ်ပွင့်တိုက်စစ်မှုးဟောင်းလူကာတိုနီကလည်း စီရော်နယ်ဒိုအတွက် ပြီးပြည့်စုံတဲ့တိုက်စစ်ကစားဖော်ကို အီတလီအားကစားသတင်းစာ Tuttosport နဲ့ အစီအစဉ်တစ်ခုမှာ ရွေးချယ်မှုပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ လူကာတိုနီဟာ သူ့ရဲ့အဆင့်သတ်မှတ်မှုအရ စိတ်ကြိုက်အဖြစ်ဆုံး ၃ ယောက်ကိုရွေးလိုက်ပြီး သူတို့ကတော့ စပါးတိုက်စစ်မှုးဟယ်ရီကိန်း၊ မန်စီးတီးတိုက်စစ်မှုးဂျီးဆပ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှုးအိုင်ကာဒီတို့ပါ။

photo-gettyimages

အဲဒီထဲမှာ သူအကြိုုက်ဆုံးကိုမေးလိုက်တော့ လူကာတိုနီက”ဟယ်ရီကိန်းပါ။ စစ်မှန်တဲ့ဗဟိုတိုက်စစ်မှုးတစ်ယောက်ပါ။ နည်းစနစ်ပိုင်းပြောစရာမရှိသလို အသင်းနဲ့ချိတ်ဆက်ကစားပုံကောင်းပြီး အားလုံးထဲမှာ အကောင်းဆုံးက အဆုံးသတ်ပါ။ ၂၆ နှစ်ပဲရှိသေးလို့ တိုးတက်မှုရှိနိုင်သေးသူပါ”လို့ ဖြေခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ အငှားကစားနေတဲ့ အိုင်ကာဒီဟာ ဟယ်ရီကိန်းနဲ့ အဆင့်တူလားလို့ မေးတော့ လူကာတိုနီက”မတူပါဘူး။ နည်းနည်းနိမ့်တယ်။ ဟယ်ရီကိန်းက ၁၀ ဆိုရင် သူက ၈ ပါ။ အိုင်ကာဒီက ကိန်းနဲ့ သက်တူရွယ်တူဖြစ်ပြီး အဆုံးသတ်သမားကောင်းတစ်ယောက်လည်း ဖြစ်ပေမယ့် ပြည့်စုံတဲ့သူမဟုတ်ပါဘူးး။ အသင်းလိုက်ပိုင်းမှာ သူတိုးတက်ရမှာပါ”လို့ ဖြေခဲ့ပါတယ်။

photo-gettyimages

ဂျူဗင်တပ်ခေါ်လို့ရနိုင်တဲ့ အခြားတိုက်စစ်မှုးတွေကို အဆင့်သတ်မှတ်ခိုင်းတော့ လူကာတိုနီက”ဂျီးဆပ်က ၈.၅၊ ဟာလန်းက ၇.၅၊ တီမိုဝါနာက ၇ပါ”လို့ ဖြေပါတယ်။ အဲဒီမှာ ဂျီးဆပ်ကသာ စီရော်နယ်ဒိုအတွက် ပြီးပြည့်စုံတဲ့တိုက်စစ်ကစားဖော်ဆိုတာကို လူကာတိုနီက အခုလိုပြောပါတယ်။ ”သူက လျင်မြန်ပြီး နည်းစနစ်ပိုင်းကောင်းသလို ဖန်တီးမှုတွေလည်း လုပ်ပေးနိုင်တယ်။ စီရော်နယ်ဒိုနဲ့တွဲကစားဖို့ အသင့်တော်ဆုံးသူဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ CR 7 က ဗဟိုတိုက်စစ်မှုးစစ်စစ်မဟုတ်ပါဘူး။ သူက ဂိုးအများဆုံးသွင်းသူဖြစ်ကာ ဂိုးအများဆုံးသွင်းရမှာပါ။ အသက် ၃၀ အောက်ထဲ ကျွန်တော်အကောင်းဆုံးလို့ သတ်မှတ်တဲ့ဟယ်ရီကိန်းဟာ စီရော်နယ်ဒိုအတွက် လိုအပ်လောက်အောင် မပြည့်စုံပါဘူး။ ဂျီးဆပ်က အများကြီးပိုသင့်တော်တယ်လို့ ထင်ပါတယ်။ သူဟာ မန်စီးတီးမှာ ဂိုးတွေသွင်းသလို အခွင့်အရေးဖန်တီးမှုတွေအများကြီးလုပ်ပြီး သူ့အသင်းဖော်တွေအတွက်လည်း နေရာလွတ်ရှာပေးပါတယ်။ ပြီးတော့ သူ့အသက်က ၂၂ ပဲ ရှိသေးတာပါ”လို့ ဆိုခဲ့တာပါ။

[Zawgyi]

ကိန္း၊အိုင္ကာဒီ၊ဂ်ီးဆပ္? ဂ်ဴဗီက ဒိုေလးအတြက္ ၿပီးျပည့္စုံတဲ့တုိက္စစ္ကစားေဖာ္ကို လူကာတိုနီေရြးခ်ယ္

ဂ်ဴဗင္တပ္ဟာ လာမယ့္အေျပာင္းအေရႊ႕ရာသီမွာ ေနာက္ထပ္တိုက္စစ္မႈးတစ္ေယာက္အတြက္ ေစ်းကြက္ထဲ၀င္လိမ့္မယ္လို႔  ေမွ်ာ္လင့္ရၿပီး အသင္းၾကယ္ပြင့္တိုက္စစ္မႈးေဟာင္းလူကာတုိနီကလည္း စီေရာ္နယ္ဒိုအတြက္ ၿပီးျပည့္စုံတဲ့တိုက္စစ္ကစားေဖာ္ကို အီတလီအားကစားသတင္းစာ Tuttosport နဲ႔ အစီအစဥ္တစ္ခုမွာ ေရြးခ်ယ္မႈျပဳလုပ္ခဲ့ပါတယ္။ အဲဒီမွာ လူကာတိုနီဟာ သူ႔ရဲ႕အဆင့္သတ္မွတ္မႈအရ စိတ္ႀကိဳက္အျဖစ္ဆုံး ၃ ေယာက္ကိုေရြးလုိက္ၿပီး သူတုိ႔ကေတာ့ စပါးတုိက္စစ္မႈးဟယ္ရီကိန္း၊ မန္စီးတီးတုိက္စစ္မႈးဂ်ီးဆပ္နဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မႈးအိုင္ကာဒီတုိ႔ပါ။

အဲဒီထဲမွာ သူအႀကိဳဳက္ဆုံးကိုေမးလိုက္ေတာ့ လူကာတိုနီက”ဟယ္ရီကိန္းပါ။ စစ္မွန္တဲ့ဗဟိုတိုက္စစ္မႈးတစ္ေယာက္ပါ။ နည္းစနစ္ပိုင္းေျပာစရာမရွိသလို အသင္းနဲ႔ခ်ိတ္ဆက္ကစားပုံေကာင္းၿပီး အားလုံးထဲမွာ အေကာင္းဆုံးက အဆုံးသတ္ပါ။ ၂၆ ႏွစ္ပဲရွိေသးလို႔ တိုးတက္မႈရွိႏိုင္ေသးသူပါ”လုိ႔ ေျဖခဲ့ပါတယ္။ ပီအက္စ္ဂ်ီမွာ အငွားကစားေနတဲ့ အိုင္ကာဒီဟာ ဟယ္ရီကိန္းနဲ႔ အဆင့္တူလားလို႔ ေမးေတာ့ လူကာတုိနီက”မတူပါဘူး။ နည္းနည္းနိမ့္တယ္။ ဟယ္ရီကိန္းက ၁၀ ဆိုရင္ သူက ၈ ပါ။ အုိင္ကာဒီက ကိန္းနဲ႔ သက္တူရြယ္တူျဖစ္ၿပီး အဆုံးသတ္သမားေကာင္းတစ္ေယာက္လည္း ျဖစ္ေပမယ့္ ျပည့္စုံတဲ့သူမဟုတ္ပါဘူးး။ အသင္းလုိက္ပိုင္းမွာ သူတိုးတက္ရမွာပါ”လို႔ ေျဖခဲ့ပါတယ္။

ဂ်ဴဗင္တပ္ေခၚလုိ႔ရႏိုင္တဲ့ အျခားတိုက္စစ္မႈးေတြကို အဆင့္သတ္မွတ္ခိုင္းေတာ့ လူကာတုိနီက”ဂ်ီးဆပ္က ၈.၅၊ ဟာလန္းက ၇.၅၊ တီမို၀ါနာက ၇ပါ”လို႔ ေျဖပါတယ္။ အဲဒီမွာ ဂ်ီးဆပ္ကသာ စီေရာ္နယ္ဒုိအတြက္ ၿပီးျပည့္စုံတဲ့တိုက္စစ္ကစားေဖာ္ဆိုတာကို လူကာတိုနီက အခုလိုေျပာပါတယ္။ ”သူက လ်င္ျမန္ၿပီး နည္းစနစ္ပိုင္းေကာင္းသလုိ ဖန္တီးမႈေတြလည္း လုပ္ေပးႏိုင္တယ္။ စီေရာ္နယ္ဒိုနဲ႔တြဲကစားဖို႔ အသင့္ေတာ္ဆုံးသူျဖစ္မွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ CR 7 က ဗဟိုတိုက္စစ္မႈးစစ္စစ္မဟုတ္ပါဘူး။ သူက ဂိုးအမ်ားဆုံးသြင္းသူျဖစ္ကာ ဂိုးအမ်ားဆုံးသြငး္ရမွာပါ။ အသက္ ၃၀ ေအာက္ထဲ ကၽြန္ေတာ္အေကာင္းဆုံးလုိ႔ သတ္မွတ္တဲ့ဟယ္ရီကိန္းဟာ စီေရာ္နယ္ဒိုအတြက္ လိုအပ္ေလာက္ေအာင္ မျပည့္စုံပါဘူး။ ဂ်ီးဆပ္က အမ်ားႀကီးပိုသင့္ေတာ္တယ္လို႔ ထင္ပါတယ္။ သူဟာ မန္စီးတီးမွာ ဂိုးေတြသြင္းသလို အခြင့္အေရးဖန္တီးမႈေတြအမ်ားႀကီးလုပ္ၿပီး သူ႔အသင္းေဖာ္ေတြအတြက္လည္း ေနရာလြတ္ရွာေပးပါတယ္။ ၿပီးေတာ့ သူ႔အသက္က ၂၂ ပဲ ရွိေသးတာပါ”လို႔ ဆုိခဲ့တာပါ။